မြန်မာ့သမိုင်းတွင် အရေးပါလျှက်ရှိသော မြန်မာနိုင်ငံအလယ်ပိုင်းသို့ ပေါက်ရောက်လာသော သျှမ်းများတွင် အသင်္ခယာ၊ ရာဇသင်္ကြန်နှင့် သီဟသူရ အမည်ရှိသော သျှမ်းညီနောင် သုံးဦးမှာ ကျောက်ဆည်ဒေသတွင် အခြစိုက်၍ ထင်ရှားလာသူများဖြစ်သည်။
သျှမ်းညီနောင်သုံးဦးမှာသျှမ်းမှူးမှတ်မျိုးထဲမှဖြစ်ပြီးဖခင်မှာခွန်ဆိုင်ခမ်းဖန်းဖြစ်၏ပေါက်ကန်နန်းတော်ကိုဆန်ရေစပါးအများဆုံးပံ့ပိုးသောဤသျှမ်းမိသားစုကိုပေါက်ကန်ရှင်ဘုရင် (တလုတ်ပြေးမင်း) ကဘွဲ့သစ်များဖြင့်ချီးမြှင့်မြှောက်စားလေသည်
အဖေခွန်ဆိုင်ခမ်းဖန်း = သင်္ခဗိုလ်
သားခွန်အိုက်ဆိုင်ခိုင်=အသင်္ခယာမြင်စိုင်းစား
သားခွန်ယီဆိုင်ကမ် =ရာဇသင်္ကြန်မက္ခရာစား
သားခွန်ဆမ်ဆိုင်ရှဲန် =သီဟသူမြစ်သာစား (ဒေါက်တာစိုင်းဆန်အိုက်ရေးဆိုမိသားစု)
အသင်္ခယာသည် ပုဂံမင်း ဥစ္စာနှင့် သုံလူလ တို့၏မြေး စ၀်ဦးနှင့်ဆက်၏ ( ဓါတ်ပုံ ၂၉၁/၁၀ - ၁၄)။ ထိုညီနောင်သုံးဦးတွင် အငယ်ဆုံး သီဟသူရ ကားနောင်တော်များထက်ပို၍ မင်းဖြစ်ရန် လုံ့လပြုသူဖြစ်ပါသည်။ များမကြာမီ မြန်မာတို့ကို စည်းရုံး၍ တရုတ်အားတော်လှန်ရန် လှုံ့ဆော်ကြပါတော့သည်။ ဇင်းမယ် (ချင်းမိုင်)တွင် ရှိသောသျှမ်းတို့၏ အကူညီကိုလည်း ရယူခဲ့ပါသည်။ -
AD- 1295 သီဟသူရသည် ဆင်ဖြူရှင်ဘွဲ့ခံသည်။ (ဓါတ်ပုံ ၃၈၉-၈/၈) နောက်တစ်နှစ်တွင် ထီးဖြူဆောင်းတဲ့ မင်းတစ်ပါးအဖြစ် နေထိုင်းကြောင်းသိရသည်။ (ဓါတ်ပုံ ၂၈၅/၂)၊ ပုဂံထီးနန်း၌ မင်းရှိသောလည်း သျှမ်းညီနောင်သုံးတို့သာလျှင် စင်စစ် တန်ခိုးအာဏာရှိ သူများဖြစ်သည်။ (ဓါတ်ပုံ ၂၈၅/၂) -ဒေါက်တာ သန်းထွန်း မြန်မာရာဇ၀င် စားတမ်း အမှတ်-၁
AD- 1297 ပေါက်ကန်နန်းတွင်းမှူးမတ်များနှင့်ပြည်သူများ၏သဘောတူညီမှုဖြင့်သျှမ်းညီနောင်သုံးဦးမှညီထွေးသီဟသူအားပေါက်ကန်၏ဘုရင်ဧကရာဇ်အဖြစ်(ကျော်စွာကိုနန်းချ၍) နန်းတင်ကြလေသည်။ထိုအချိန်သီရိရာဇာဆိုသူမင်းမျိုးတစ်ဦးသည်ကျောက်ဆည်၌လူသူစုစည်းပြီးသျှမ်းမင်းကိုပုန်ကန်၏။သီဟသူကဇင်းမယ်(ချင်းမိုင်) ဘုရင်ပပိုင်ဆီဖူး၏အကူညီယူ၍ပုန်ကန်မူကိုဖြိုခွင်းလိုက်သည်။ထို့ကြောင့်ပိုမိုကျယ်ပြန့်သောနယ်မြေကိုသိမ်းသွင်းလိုက်နိုင်သည်။
ထိုကာလ၌မွန်ဂိုတာတာတင်မြှောက်ထားသောကျော်စွာကိုဖြုတ်ချသောကြောင့်မွန်ဂိုးတို့ကမကျေနပ်ဘဲပြန်လာကြ၏။သီဟသူကမှူးမတ်များနှင့်တိုင်ပင်ပြီးသီဟသူပလ္လင်ပေါ်မှဆင်းပေးခါ၊စောနစ်ကိုတင်မြှေက်လိုက်ကြပြန်သည်။မွန်ဂိုးတို့ကသူတို့နန်းတင်ခဲ့သောကျော်စွာ၏သားပဉ္စင်းဝတ်နှင့်ရှိသောကုမာရကဿပကိုပါခေါ်ဆောင်လာလျှက်သျှမ်းမင်းအုပ်ချုပ်သောမြင်စိုင်းကို AD 1300- January -25 -ရက် တွင်ဝင်ရောက် တိုက်ခိုက်သည်။
သျှမ်းညီနောင်သုံးဦးတို့ခံစစ်ပြုထား၍တရုတ်တို့မြို့ကိုသိမ်းရန် February -28 -ရက်အားသွန်ကြိုးစားတိုက်သော်လည်းမအောင်မြင်ချေ။ March -12 ရက်တွင်ခွန်အိုက်ဆိုင်ခိုင်(ခွန်ဆိုင်ခမ်းဖန်းခေါ်သင်္ခဗိုလ် ) အသင်္ခယာစေ့စပ်ရန်စကားကမ်းလမ်းလိုက်သည်မွန်ဂိုးတရုတ်ကိုမောင်းထုတ်ခဲ့၍သျှမ်းညီနောင်များတလုတ်ကန်မင်းဟုနာမည်ရလာသည်။
AD- 1342 ခုနှစ် မောဝ်သျှမ်းတို့မြေဖြစ်သော ရွှေလီမြစ်ညာဒေသကို တရုတ်တို့က လုန်ချွန်ကျန်ဟုခေါ်သည်။ မောမြစ်ဟုလည်းခေါ်သည်။ မောဝ်ဒေသကို အုပ်ချုပ်သူမှာ သိုခိုဖွား အမည်ရှိသူပင်ဖြစ်သည်။ မွန်ဂိုအာဏာပိုင်တို့ကို တော်လှန်၍ ယွန်နန်နယ်အတွင်းသို့ မကြာခဏ ၀င်ရောက်တိုက်ခိုက် သူလည်းဖြစ်သည်။ မွန်ဂိုတို့၏ နောက်ဆုံးဧကရာဇ်ဖြစ်သော ယွှန့်ကျန်က AD- 1342 ခုနှစ် တစ်ကြိမ်၊ AD- 1346 ခုနှစ်တွင် တစ်ကြိမ်၊ AD- 1348 ခုနှစ်တွင် တစ်ကြိမ် သုံးကြိမ် တိုင်တိုင် စစ်ခင်းသောလည်း သိုခိုဖွား၏ အင်အားကို ဖျက်ဆီးခြင်းမရှိနိုင်ပါ။ -ဒေါက်တာ သန်းထွန်း မြန်မာရာဇ၀င် စားတမ်း အမှတ်-၁
မောဝ်သျှမ်း ဘုရင်ဖြစ်သော သိုခိုဖွားသည် နောင်တွင် သျှမ်းတို့၏ ကိုးသိန်းသခင်အဖြစ် သမိုင်းတွင် ထင်ရှားလာခဲ့သည်။
ယင်းတို့နှင့် ဆက်နွယ်ခဲ့သော သျှမ်းများသည် မြန်မာ့သမိုင်းတွင် ထင်ရှားခဲ့သော သျှမ်းညီနောင်သုံးဦး ပင်ဖြစ်သည်။
ကိုးသိန်းသခင်တို့၏ မျိုးဆက် ငါးစီးရှင်ကျော်စွာ
AD- 1351 ခုနှစ် ပင်းယသီဟသူရ ခမည်းတော်ကြီး နတ်ရွာစံပြီးနောက် ကျော်စွာသည်ပင်လယ်မြို့တွင်နန်းတက်လေသည်။နန်းတက်ပြီးမကြာမီဆင်ဖြူငါးစီးရလေသည်။ထိုအကြောင်းကို နောင်တော်ကြားသော်ညီတော်ကိုနန်းအပ်ပြီးမိမိမှာမူ တောထွက်လေသည်။ နောင်တော်ဥဇနာမင်းသည်သက်တော်၄၂တွင်နန်းဆင်းလေသည်။
နောင်တော်နန်းဆင်းသော် ကျော်စွာသည်သက္ကရာဇ်၇၀၄တွင်စစ်ကိုင်းမှတပါးကျန်ခမည်းတော်ပိုင်နယ်မြေများကိုသိမ်းပြီးမင်းလုပ်လေသည်။စစ်ကိုင်းတွင်ညီတော်အသင်္ခယစောယွမ်းမှမင်းလုပ်နေလေသည်။ဆင်ဖြူငါးစီးရပြီးငါးစီးရှင်ကျော်စွာဟုအမည်တွင်လေသည်။မင်းပြုပြီးမကြာသော်နှစ်တွင်နတ်မြင်းကဲ့သို့ မြန်သောသိန္ဒောမြင်းကိုရလေသည်။
တနေ့လျှင် ကျော်စွာသည်စစ်ကိုင်းကိုသိမ်းပိုက်လိုသော်ကြောင့်အသင်္ခယစောယွမ်းရှိရာကိုသူရဲကောင်းငခင်ညိုလွှတ်ပြီးလုပ်ကြံခိုင်းလေသည်။ငခင်ညိုလည်းသခင်ခိုင်းသည့်အတိုင်းသွားလေရာအခြေအနေမပေးသဖြင့် မြို့ပြင်တွင်၃ရက်တိတိအစာမစားရဘဲအခွင့်ကောင်းကို စောင့်နေလေသည်။အခွင့်သာသော် မြို့ထဲသို့ဝင်လေသည်။
နန်းတော်သို့ဝင်မိသော်နန်းတင်သောထမင်းကိုတွေ့ပြီးဗိုလ်အလွန်ဆာသဖြင့်စားမိလေသည်။ထိုနောက်အသင်္ခယစောယွမ်းစက်တော်ခေါ်ရာအဆောင်သို့သွားလေသည်။ ခေါင်းရင်းကရပ်ပြီးဤသို့စဉ်းစား လေသည်။“ သည်မင်းသည်ယနေ့တွင်ငါ၏ထမင်းရှင်ဖြစ်လေပြီ၊ထမင်းရှင်ကို ပြစ်မှားသော်သံသရာတွင်အကြိမ်ကြိမ်သေရမည်ဖြစ်သည်၊သည်မင်းကိုမသတ်၍ ပြန်သော်တစ်ခါသာသေရမည်၊” ဟုတွေးပြီးအသင်္ခယစောယွမ်းကိုတစ်စီးရှင်သီဟသူရချီးမြင့်စားသောရတနာကျောက်စီဓားကိုသာယူခဲ့ပြီးနန်းမြို့သို့ ပြန်ခဲ့လေသည်။
နန်းတော်သို့ရောက်လျှင်မိမိထင်မြင်ပုံကိုအကြောင်းစုံလျှောက်လေရာဘုရင်မှ“ ငါ့ကျွန်သည်ထမင်းတနပ်စားရုံမျှဖြင့်သူကျေးဇူးကိုသိတတ်သည်၊ငါကိုယ်တော်အပေါ်ဆိုလျှင်အဘယ်သို့ဆိုဖွယ်ရှိအံ့နည်း” ဟု တွေးပြီးစည်းစိမ်ချမ်းသာများစွာချီးမြင့်လေသည်။
ငါးစီးရှင်ကျော်စွာသည်တိုင်းပြည်ကိုအုပ်ချုပ်ရင်းသက်တော်၄၅တွင်အနိစ္စရောက်လေသည်။
အထက်ပါသမိုင်းသည် သျှမ်းညီအကိုချင်းချင်း အာဏာနှင့်ပါဝါအတွက် စစ်ခင်းလုပ်ကြံခဲ့သော သာတက သရပ်ပင်ဖြစ်သည်။
ဒေါက်တာသန်းထွန်းရဲ့သမိုင်းတွေ့ရှိချက်အရကျောက်ဆည်နယ်ကမြန်မာတွေစတင်နေထိုင်ခဲ့တဲ့တစ်ဆယ့်စ်ရွာရဲ့နယ်တွေကိုစစ်ဆေးကြည့်ရာ။
ရွာနာမည်စာလုံးပေါင်းကိုလည်းကျောက်စာပါအတိုင်းရေးထားပါတယ်။
ပင်လယ်၊ပ္လဉ်မနာ၊မ္လစ်သာ၊ရငုန်၊မြင်ခုံတိုင်၊ပနန်၊တမုတ်၊သင်တောင်၊မက္ခရာ၊တပ္လက်သာနဲ့ခံလှူ၊ပေါင်းတစ်ဆယ့်တစ်ရွာဖြစ်ပါတယ်။
ပင်လယ်ဆိုတဲ့နာမည်ကသျှမ်း၊ခလှူက မွန်၊ ပ္လဉ်မနာ၊ရငုန်၊ပနန်၊မက္ခရာနဲ့တပ္လက်သာဆိုတာတွေမြန်မာနာမည်မဟုတ်ပါ၊မြန်မာနည်မည်ဆိုရင်မ္လစ်သာ၊မြင်ခုံတိုင်၊တမုတ်နဲ့သင်တောင်တို့တွေပဲရှိတယ်။
သျှမ်းမင်းများတည်ခဲ့တဲ့ သျှမ်းနာမည်နဲ့ အထင်ကရ မြို့တော်များမှာ ( ယနေ့သျှမ်းပြည်ပြင်ပရှိ)
ပင်လယ် - လွင်ပြင်ကျယ်ရေပြင်ကျယ်
ပင်းဒယ - စွယ်တော်ပင်လွင်ပြင်
စကိုင်း (စစ်ကိုင်း)- ရေစီးသန်မြစ်
အာဝ (အင်းဝ) - မြစ်ဆုံရာပိတ်၍ တည်ခြင်း။
မိန်းကောင် (မိုးကောင်း) - စည်တော်မြို့ (ဗုံ)
မိန်းယမ်း (မိုးညှင်း ) - ဗျိုင်းမြို့
ကလေး - ရောင်းဝယ်ရေး ကောင်းတဲ့ဈေး
သောင်သွတ် အ၀အ၀င် မြစ်ကြီးကိုစီးဝင်ရာအ၀င် စသည်တို့သည် မြန်မာမင်းများနှင့် ခေတ်ပြိုင် ထင်ရှားခဲ့သော သျှမ်းတို့ မင်းစိုက်ခဲ့ရာမြို့များပင်ဖြစ်သည်။ ခြားသျှမ်းမြို့နာမည်များမှာ *@@*
ငါးစီးရှင်ကျော်စွာသည်ပင်းယခေတ်တစ်စီးရှင် သီဟသူရ၏သားတော်အငယ်ဖြစ်သည်။ (ခရစ်-၁၃၅၁)(ကောဇာ-၇၁၃)တွင်နန်းတက်သည်။နန်းသက်၉-နှစ်ဖြစ်သည်။သားတော်သုံးပါးရှိသည်။သားတော်အကြီးမှာဥဇနာပြောင်မင်းဖြစ်သည်။သားတော်အလတ်မှာကျော်စွာငယ်ဖြစ်ပြီးသားတော်အငယ်မှာ နရသူရ (မောပါမင်း)အဖြစ်နာမည်ကြော်သည်။ငါးစီးရှင်ကျော်စွာပြီးနောက်သားတော်အလတ်ကျော်စွာငယ်နန်းတက်သည်။
ငါးစီရှင်သီဟသူကွယ်လွန်ပြီးနောက်တွင်မြန်မာတို့ရိုးရာအရကိုးကွယ်သည့် အပြင် ၃၇ မင်းအနက်ငါးစီးရှင်နတ်အဖြစ်သို့ရောက်သည်ဟုယုံကြည်ကြသည်။ မြန်မာတို့၏ အပြင် ၃၇ မင်းလို့ဆိုပြရာ နံပါတ် ၃၇ မြောက်နတ်မင်းသည်။ ယွန်းဘုရင် ဗြသံ ( ယွန်းဘုရင်) ဖေါ်ပြပါရှိသည်။
ယနေ့ကိုယ်းကွယ်နေကြသော ကိုးမြို့ရှင် နတ်မင်းသည်လည်း ကိုးသိန်းသခင်ပင်ဖြစ်၍ မြင်းဖြူရှင်သည် ၎င်း၏ စစ်သူကြီးပင်ဖြစ်သည်။
ကိုးသိန်းသခင်နှင့် ငါးစီးရှင်တို့သည် မြန်မာ့သမိုင်းတွင်သာမက မြန်မာ့နတ်ကွန်းနတ်နန်းတွင်လည်း ပါဝင်နေခဲ့သော သျှမ်းသာဖြစ်ကြောင်း တင်ပြရင် သျှမ်းညီနောင်များအတွက်.. ကျားပေါက်
ထုပ်နုပ်
--ဒေါက်တာစိုင်းဆန်အိုက်ရေးဆိုမိသားစု
--ဒေါက်တာသန်းထွန်းမြန်မာရာဇ၀င် စားတမ်း အမှတ်-၁-- ဦးကုလား၊ မှန်နန်း
ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်