Quantcast
Channel: Shannilay
Viewing all 89 articles
Browse latest View live
ကျွန်ုပ်သိသော သိုဟန်ဘွား
$
0
0
ကျွန်ုပ်သိသော သိုဟန်ဘွား
AD- 1526 – 1542 သိုဟန်ဘွား (ဆေဟန်ဖှ) မိုးညှင်းစောဝ်လုံ၏သား ဟုပြောလိုက် လျှင် မြန်မာစာရေး ဆရာတို့က များသောအးဖြင့် အရိုင်းအစိုင်း Full Bloode Savage (သွေးပြည့်လျှံနေတဲ့လူရှိုင်း) ဟု ရေးလေ့ရှိသည်။ ဘာပဲဖြစ်ဖြစ် မှန်တကယ် သမိုင်းလေ့လာ ထောက်ရူရပါလျှင် ရှမ်းဘုရင် သိုဟန်ဘွား သည် အင်းဝတို့ စိုးစံချိန် အင်းဝဘုရင်တို့၏ ထုံးစံအတိုင်း အင်းဝပိုင်နက်ရှိ ရဟန်းများကိုပင့်ကာ ဆွမ်းကပ်လေသည်။ ထိုအခါ အနယ်နယ်အရပ်ရပ်ရှိ ရဟန်းတော် စီးသော လှည်းများသည် အစစ်အဆေး မရှိ မြို့ထဲသို့ဝင်နိုင်လေသည်။
သိုဟန်ဘွားကို မလိုလားသော ပုံကန်သူများမှ ရဟန်းအဖြစ်ဟန်ဆောင်က လက်နက်များ သယ်ဆောင် လာပြီး မြို့တွင်းသို့ဝင်ကာ ဘုန်းကြီးကျာင်းများတွင် တည်းလေသည်။ နန်းတော်အတွင်းရှိ မိမိတို့ သွေးသောက်များကို ဆွမ်းကပ်မည့်နေရာတွင် ဓါးများကို မြုပ်ထားရန် စေခိုင်းလေသည်။ ဆွမ်းကပ် သည့် နေ့တွင် သိုဟန်ဘွားသည် အဆောင်အယောင်များဖြင့် ကြွာလာပြီး ရဟန်းများကိုဆွမ်းကပ်လေ၏ ထိုအချိန်တွင် ရဟန်းယောင်ဆောင်ထားသော ဓါးသမားများမှ ရုတ်တရက် မြုပ်ထားသော ဓါးများကိုယာက သိုဟန်ဘွား အား လှမ်းခုတ်လေသည်။ သို့သော် ခုတ်မိဖြင်းမရှိဘဲ သိုဟန်ဘွား၏ ကိုယ်ရံတော် တပ်များမှ ပြန်လည်ခုခံလေရာ ကျောင်းတိုက်တွင် အလုံးလုံး အထွေးထွေးဖြစ်လေသည်။ ထိုအခါ ရဟန်း စစ်များလည်း ထိုလုပ်ကြံပွဲတွင် နှစ်ဖက်ခုတ်ပွဲကြောင့် အများအပြား ပြန်လွန်တော်မူကြောင်း သိရသည်။ သိုဟန်ဘွားလည်း ဒေါသထွက်က၍ အင်းဝနယ်တွင်းရှိ ကျောင်းတိုက်များအား ၀င်ရောက် စစ်ဆေးစေပြီး ဓါးလက်နက်တွေ့သော ကျောင်းတိုက်ရှိ ရဟန်းများကို ဖမ်းစေရန် အမိန့်ထုတ်လေသည်။
ထိုအခါ အင်းဝရှိဖမ်းစီးရမိသော ရဟန်းတော်ပေါင်း ၁၃၀၀ ကျော်ရှိရာ ၃၆၀ ခန့်ကို သုတ်သင်ခဲ့ကြောင် သိရသသည်။ သိုဟန်ဘွားသည်သာ အမှန်ပင် မင်းဆိုးမင်းညစ်မှန်ခဲ့ပါလျှင် ရဟန်းတော် တပါးမျှကျန်နိုင် စရာ အကြောင်းမရှိနိုမည်ဟုတ်ဟု ထင်မိပါသည်။
စစ်ဘုရင်တွေခေတ်က စစ်အနိုင်ရ မင်းဘုရင်တို့သည် မိမိထင်သလို လုပ်ပိုင်ခွင့်ရှိသည်။ (မြန်မာရာဇာဝင်.. ဦးဘသန်း စာအုပ်) တွင်လည်း- သိုဟန်ဘွားသည် ပြည်တောင်ငူတို့ သို့ချီ၍ သိမ်းယူမည်ဟူ မင်းကြီးရန်နောင်ကို တိုင်ပင်ရာ မင်းကြီးရန်နောင်လည်း ဤမင်းတိုက်လျှင် မြန်မာနိုင်ငံဟူ၍ မရှိပြီ။ ရှမ်းတို့သာ မြန်မာပြည် အလုံးကိုအစိုးရတော့မည်။ ကြွင်းသည့်မြန်မာ ကြွင်းပါစေဟု အမှတ်ရှိ၍ သိုဟန်ဘွားအား ပြည်၊ တောင်ငူတို့ကို တိုက်ခိုက်ရန် မလိုတော့ကြောင်း။ အင်းဝကို ရလေပြီးသည် ကို နေ၀ံ့မည်မဟုတ်။ အလိုလိုပင်ညွတ်လာကြလိမ့် အကြောင်းကိုလျှောက်တင် သည်။ ပြည်မင်း တောင်ငူမင်းတို့ သို့လည်း အားမတန်သေးသည့် အခါ စော်ဘွားနှင့် ချစ်ကြည် လေးမြတ် ရှိအောင် ပြုသင့်သေးကြောင်း အတွင်းစာ စေလွှတ်သဖြင့် ပြည်မင်း၊ တောင်ငူမင်းတို့ကို ပဏ္ဏကာရများ ပို့၍စော်ဘွားနှင့် အသင့်အသင့် ဖြစ်ကြလေ၏ ရေးထားကြောင်းတွေ့ရသည်။
သိုဟန်ဘွားသည်သာ အမှန်တကယ် မင်းဆိုးမင်းညစ်ဖြစ်ခဲလျှင် မည်သည့်နည်းနှင့်မဆို တောင်ငူကို ၀င်တိုက်မည် ရဟန်းအားလုံးကို သတ်မည် ယူဆရပါသည်။ မိုးညှင်းစောဝ်လုံနှင့်သား သိုဟန်ဘွားတို့သည် AD- 1426 – 1439 မိုင်းညှင်းမင်းတရားကြီး ( မိုးညှင်းသတိုး) တည်ခဲ့သော ဒေသခံရှမ်းနီများအခေါ် ဘုရားစန့်ခေါဖိတ် စေတီတော်အား ပြန်လည်ပြုပြင် မြေသားများလှူတန်း ခဲ့ကြောင်း မှတ်တမ်းများ အရသိရ သည်။ စန့်ခေါဖိတ်စေတီလည်း ယနေ့တိုင် မိုးညှင်းမြို့တွင်ရှိနေပါသည်။
AD- 1044- 1077 အနော်ရထာလက်ထက်တွင် ထူးခြားသော နိမိတ်တစ်ခုတွေ့သဖြင့် သူ၏ ပုရောဟိတ် ဗေဒင်ဆရာများဖြစ်သော ဟူးရားဖြူ၊ ဟူးရားညိုတို့ကို မေးမြန်းရာ နောင်တွင် ပေါ်မည့် မင်းလောင်းသည် ယခု ပဋိသန္ဓေတည်နေပြီဟု နိမိတ်ဖတ်ပြကြသည်။ အနော်ရထာသည် သူ၏ ထီးနန်းကို မစွန့်ချင်သဖြင့် ကိုယ်ဝန်ဆောင်မိန်းမအားလုံးကို သတ်စေသည်။ ထို့နောက် ကာလအတန်ကြာတွင် သတိရ သဖြင့် ပုရောဟိတ်တို့အား ထပ်၍ မေးမြန်းရာ ပုရောဟိတ်တို့က ယခုလျှင် နို့စို့အရွယ်ရှိနေပြီဟု ဆိုပြန် သဖြင့် နို့စို့အရွယ်ကလေးအားလုံးကို သတ်စေသည်။ ပုရောဟိတ်တို့ကို နောင်တစ်ချိန်တွင် ထပ်၍ မေးမြန်း ရာ ယခု နွားကျောင်းသား အရွယ်ရှိနေပြီဟု ဆိုသဖြင့် နွားကျောင်းသားအရွယ်အားလုံး ကို သတ်စေ သည်။ နောက်နှစ်အတန်ကြာတွင် ထပ်၍ မေးသော အခါ ယခု ရဟန်းပြုနေပြီ။ အကယ်၍ နန်းတော်တွင်း သို့ ဆွမ်းဖိတ်ကျွေးပြီး နန်းသုံးခရားဖြင့် ရေတိုက်ပါက အာခံတွင်းမှ စက်ရောင်ထွက်သော သူသည် မင်းလောင်းဖြစ်သည်ဟု ဆိုကြသည်။ ထို့ကြောင့် နန်းတော်သို့ ရဟန်းတော်များကို ပင့်ဖိတ်၍ ဆွမ်းကျွေးသော အခါ စက်ရောင်ထွက်သူကို တွေ့ရသည်။ ထိုအခါ အနော်ရထာက ဟူးရားဖြူ နှင့် ဟူးရားညိုတို့အား ဤသူသည် ငါ၏ ထီးနန်းကို သိမ်းပိုက်မည့်သူလားဟု မေးရာ ဟူးရားတို့က မဟုတ်။ နောင် မင်းဆက်တစ်ဆက်ကျော်မှ မင်းဖြစ်မည့်သူဖြစ်သည်ဟု ဆိုသဖြင့် အနော်ရထာသည် စိတ်သက်သာရာရလေသည်။
AD- 1752 – 1760 ဦးအောင်ဇေယျ (အလောင်းမင်းတရား) သည် တတိယ မြန်မာနိုင်ငံတော်နှင့် ကုန်းဘောင်ခေတ်ကို ထူထောင်ခဲ့သူ၊ဖြစ်သည်။ ထီးနန်းမစိုးစံခင် အချိန်က မုဆိုးဖိုရွာ၏ ရွာသူကြီးဖြစ်ပြီး ကုန်းဘောင်မင်းဆက်ကို ထူထောင်သူ ပထမဆုံးမင်းဖြစ်သည်။ မြန်မာစာရေးဆရာများသည် အလောင်းဘုရားနှင့် ပတ်သက်၍ စစ်တိုက်သည်များသာ ရေးကြပြီး ရဟန်းတော်များကို သတ်ဖြတ် ခဲ့ကြောင်း ဖုံးကွယ်လေ့ရှိကြသည်။ ဦးအောင်ဇေယျသည် မွန်ရဟန်း အပါး (၃၀၀၀) ကျော်ကို ဆင်နဲ့နင်း၍ လည်းကောင်း ကုဋိမှာအလုံပိတ်ပြီး မီးနဲ့ရို့၍ သတ်ဖြတ်ခဲ့ကြောင့် မွန်မှတ်တမ်းများတွင်ရှိလေသည်။
 မည်တို့ဖြစ်ဖြစ်စေကာမူ ထိုခေတ် ထိုအခါ အနိုင်ရ စစ်ဘုရင်တို့သည် မိမိ၏ အာဏာနှင့်ပါဝါကို ထိလာရင် စေတလုံးပိုင်ရှင်များသာဖြစ်ကြောင်း တင်ပြရင်း ခေတ်သစ် မြန်မာနိုင်ငံတော်ကြီးတွင်လည်း ၁၉၈၈ ခုနှစ် အရေးတော်ပုံ နှင့် ၂၀၀၇ ခုနှစ်ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားမူများတွင် ရဟန်းတော်များ သေဆုံးခဲ့ရသည် ကိုတွေ့ရသည်။ မည်သည့်ခေတ်မဆို အာဏာရိုးမှန်လျှင် ရဟန်းပြည်သူ ခွဲခြားလိမ့်မည်မဟုတ်ကြောင်း နောင်းလူငယ်များစေရန် တင်ပြအပ်သည်။
ကျားပေါက် စုစည်းတင်ပြသည်
ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက် 
နန်းတော်မြို့ရိုး အောက်က အမှန်တရား
$
0
0
နန်းတော်မြို့ရိုး အောက်က အမှန်တရား
မြန်မာနိုင်ငံတွင် အလွန်တရာ မနှစ်မြို့ဖွယ်ကောင်းသေအလေ့ တစ်ခုရှိပါသည်။ မြို့တော်အသစ်တည် သောအခါ မြို့အဝင်တံခါ တစ်ခုစီ၏ အနီးတွင်လည်းကောင်း ၊ မြို့ရိုးထောင့်တစ်ခုစီ၏ အနီးတွင် လည်းကောင်း ကျွန်းတိုင်ကြီး တစ်တိုင်ကို စိုက်ထူသောအခါ အမျိုးသားတစ်ဦး သို့မဟုတ် အမျိုးသမီးတစ်ဦး ကို တိုင်အောက်တွင် ဖိသတ် လိုက်ရပါသည် ဆိုသော ဓလေ့ပင်ဖြစ်သည်။
မြို့ရိုး ၊ မြို့တံခါးတွေမှာ ဖုတ်ပြိတ္တာဖြစ်ပြီး စောင့်ဖို့အတွက် လူ အရှင်လတ်လတ်ကို မြေတွင်းတူးမြှုပ်၊ အပေါ်ကတံခါးတိုင်စိုက် ဆိုတာမျိုးတွေ လုပ်လေ့ရှိတယ် ဆိုတာကို အင်္ဂလိပ်လက်ထက် ကျောက်စာဌာန ၏ ကျောက်စာဝန် ဖြစ်တဲ့ချားလ်ဒူရွိုင်ဆယ်ရေးတဲ့ မန္တလေးနန်းတော် လမ်းညွှန်ကြား စာအုပ်မှာ အတိအလင်း အကျယ်တဝင့် ထည့်ရေးသွားတာ တွေ့ရပါတယ် ။ ၁၉၂၅မှာရေး ဒီစာအုပ်ကိုပဲ ၁၉၆၃ခုနှစ်တွင် ရှေးဟောင်း သုတေသနရုံးမှ၊ အမေရိကန်အဖွဲ့တစ်ဖွဲ့သည် “အာရှဖောင်ဒေးရှင်း” ဆီမှ အထောက် အပံ့ယူ၍ မူလခေါင်းစဉ် “ မန္တလေး နန်းတော် လမ်းညွှန်ကြား ” မှ “လမ်းညွှန်”ကိုဖြုတ်၍ “ မန္တလေးနန်းတော် ”ဆိုတဲ့ အမည်သစ် နှင့်ထပ်မံပုံနှိပ်ကာ မြန်မာပြည်အတွင်း တစ်အုပ်ကို ကိုးကျပ်နှုန်းဖြင့် ရောင်းချခဲ့ပါသည်။ 
စင်စစ် အားဖြင့် မြို့တော်ကို ရန်အပေါင်းမှ ကာကွယ်စိမ့်သောငှာ မြို့တည်ချိန်က ပင်လူကိုသတ်၍ ပူဇော်ခြင်းအမှုသည်ကား မြန်မာတစ်မျိုးတည်းသော ထူးထူးခြားခြား လုပ်လေ့ရှိသည်ဟု မဆိုသာ ပါချေ။ ရှေးအခါများက ဥရောပပါမကျန် ယင်းသို့ ပြုလုပ်တတ်သည် ဆိုရမည်ဖြစ်သည် ။ ဤသို့ ပြုမူခြင်းလည်း ဗုဒ္ဓ - တရားတော်၏ ဆိုဆုံးမခြင်းနှင့် လွန်မင်းစွာ ဆန့်ကျင်နေသည်ဟု တစ်ဖက်၌   ပြောဖွယ် ရှိသော်လည်း ဗုဒ္ဓသာသနာ မထွန်းကားမီက မူလရှေးရိုး ယုံကြည်ကိုးကွယ်မှု အလေ့ အလာတို့နှင့်ကား ညီညွတ်လျက်ရှိနေပါသည်ဟု အခြားတစ်ဖက်၌ ပြောဆိုနိုင်သည့်ပြင် မိရိုးဖလာ နတ်ကိုးခြင်း အမှုသည် အိန္ဒိယ ဇာတိဖြစ်သော ရှင်တော်မြတ်၏ အဆုံးအမ ကြောင့် လူသတ္တဝါတို့ နူးညံ့ ပျော့ပြောင်းသည် မှန်သော်လည်း မပြတ်စွဲမြဲလျက်ပင် ရှိနေသေးကြောင်းတွေ့ရပါသည်။
နောင်အခါ ခံမြို့တို့သည်သာမက ကြီးကျယ်သောနန်းတော်ကဲ့သို့အဆောက်အအုံပြု တိုင်းအခြေခံ အုတ်မြစ်တွင် လူတစ်ဦး သို့မဟုတ် အများကိုပင် ထည့်သွင်းမြှုပ်နှံလာကြမည် ဖြစ်ပါသည်။ယင်းသို့မြှုပ်နှံရန် အကောင်းဆုံး နေရာတို့ကား ရန်သူက အန္တရာယ် ပြုမည်ဆိုလျှင် လွယ်ကူမည့် အဝင် - အထွက် တံခါးနေရာနှင့် မြို့ထောင့်နေရာများ ဖြစ်ပါသည်။ ယဇ် ပူဇော်ခြင်းသဘော သက်ဝင်သော အဆိုပါ လူသတ်မှုမျိုးကို ကျူးလွန်ကြသည့် အခါ၌ အထူးစက်ဆုပ်ဖွယ်ရှိသာ အကြောင်းမှာ ကိုယ်ဝန်အရင့်အမာ ရှိသည့် အမျိုးသမီးကို အသုံးပြုရန်များစွာ လိုလားခြင်းပင် ဖြစ်ပါသည်။ ကိုယ်ဝန်ရင့်လေ သဘောကျလေဖြစ်၏ ။ ခဲတစ်လုံး ပစ်ရုံနှင့်ငှက်နှစ်ကောင် ရသည်ဟူသော ပမာစကားကိုတင်စား၍ သုံးရလျှင်ကိုယ်ဝန်ဆောင် တစ်ဦးမျှကို ပူဇော်မှုကြောင့် အများအကျိုးအတွက် ကာကွယ်ရေးဖို့ နတ်စိမ်းနှစ်ပါးရသည် မဟုတ်တုံလောဟု ဆင်ခြင်ရန်ရှိပါသည်။
အဆိုပါ ထိတ်လန့်ဖွယ်ရှိသော ပူဇော်ပွဲမျိုးကို ကြိုတင်စီမံထားလေ့ ရှိကြပါသည် ။ အိန္ဒိယအမျိုးသား သို့မဟုတ် များသောအားဖြင့် မဏိပူရပုဏ္ဏားဖြစ်လေ့ရှိသောနန်းတွင်း အခါပေး ပညာရှိက ဤအမှုကို ဆောင်ရွက်ရန် အကောင်းဆုံးနာရီကို တွက်ချက်၍ ပေးရပါသည်။
မည်သို့သော ပုဂ္ဂိုလ်ကိုရလျှင် အသင့်ဆုံးဖြစ်နည်း ဟူ၍လည်း အညွှန်းပေးရပါသည် ။ သို့သော်အညွှန်းအရ ရှာရန်ခက်ခဲလှသည် မဟုတ်ပါ ။ အဘယ့်ကြောင့်ဆိုသော် လက်လုပ် လက်စား သာမာန် အရပ်သားထဲမှ မည်သူနှင့်မဆို တိုက်ဆိုင်သည့် အချက် အလက်တစ်ခုခုကို ညွှန်း၍ လူရှာခိုင်းခြင်း ဖြစ်ရကား မည်သူနှင့်မဆို တိုက်ဆိုင်လောက်သည့် အချက်အလက် တစ်ခုခုကို ညွှန်း၍ လူရှာခိုင်းခြင်း ဖြစ်ရကား မည်သူမဆို ဖြုန်းကနဲဆွဲငင်၍ သေမင်းနိုင်ငံသို့အပို့ခံရနိုင်ဖွယ်ရှိပါသည်။ 
ဘုရားသမိုင်း နတ်သမိုင်းတို့တွင်ဖတ်ရမြဲတွေ့ရမြဲဖြစ်သော အညွှန်းမှာ မည်သည့်နေ့ မည်သည့်အချိန်မည်သည့်အရပ်မှ မည်သည့်အရာ ကိုင်၍ ရှေ့ရှုသွားနေသူ ယောကျာင်္းသို့မဟုတ် ကိုယ်ဝန်ဆောင် မိန်းမကို ဖမ်း၍စတေးပါဟု ညွှန်ကြားကြောင်းတွေ့ရပါသည် ။
မြို့သစ်တည်ခြင်း နန်းသစ်ဆောက်ခြင်း စသောအမှုတို့၌ မြန်မာတို့သည်ထုံးစံရှိသည့်အတိုင်း လိုက်နာရန် များစွာလိုလားကြောင်း အယခင်နှင့်ယခု မြန်မာနိုင်ငံ အမည်ရှိသော စာအုပ်ကို ရေးသော လက်ဖတင်နင်ဂျင်နရယ်ဖိုက်ခ်ျသည် မြို့တံခါး ဆယ့်နှစ်ရပ်မှာ လူတစ်ဆယ့်နှစ်ယောက်ကို ဖမ်းပြီးကြိုးချည်လျက် ဖိသတ်သည်ဟုအသေအချာ ရေးသားပါတယ်။
သို့သော် အရပ်စကားအများ မှတ်သားမိ သည်ကတော့ မန္တလေးတည်စဉ် အခါကယဇ်ပူဇော်ခံရသူ အရေအတွက်ဟာ ထိုမျှမကများစွာပိုပါတယ် ။ အစုစု ကျား၊မကြီးငယ် ငါးဆယ့်နှစ်ယောက်ရှိသည်။
မြို့တံခါးတစ်ဆယ့်နှစ်ရပ်၌ တံခါးတစ်ပေါက်လျှင် လူသုံးယောက် - နှုန်း = ၃၆ယောက်
မြို့ရိုးလေးထောင့်၌ တစ်ထောင့်လျှင်တစ်ယောက် နှုန်း = ၄ယောက်
နန်းတော်သစ် တပ်ထောင့်လေးထောင့်၌ တစ်ထောင့်တစ်ယောက် နှုန်း = ၄ယောက်။
နန်းတော်အဝင် ပေါက်လေး၌ တစ်ပေါက်တစ်ယောက်နှုန်း = ၄ယောက်
သီဟာသနပလ္လင်အောက်၌ = ၄ယောက်
စုစုပေါင်း ၅၂ယောက် တို့ဖြစ်ပါတယ်။
မြန်မာတိုင်းရင်းသားများ ရေးသားပြုစုတဲ့ ရာဇဝင်ကျမ်း တွေမှာဤကြောက်မက်ဖွယ် ကောင်းသည့် ကိစ္စကိုထည့်သွင်းရေးသား ကြမည်မဟုတ်ချေ ။ လူတွေနဲ့အတူ မြို့ထောင့်တွေမှာ ဆီထည့်ထား စဉ့်အိုးကြီးတွေ ကို အထိအခိုက် မရှိရအောင် သတိကြီးစွာထားလျက် မြှပ်နှံကြပါသေးတယ် ။ ဆီကိုမြှပ်ရတဲ့ အကြောင်းကတော့ အစောင့်( နတ်စိမ်း ) သည် မပြတ်အမြဲဆက်လက်စောင့် ရှောက်စေရန် သေချာအောင် စီရင်ခြင်းဖြစ်သည်။ စောင့်ရှောက်လျော့နည်းခြင်း ၊ သို့မဟုတ် လုံးဝစောင့်ရှောက်ခြင်းမပြု ဟုသေ
ချာလျှင် လူသစ်အစားထိုး ရန်လိုပါမည် ။ဆီမခန်းခြောက်သရွေ့စောင့်ရှောက်ခြင်း မပြတ်ဟု ယုံကြည် လက်ခံထားပါသည်။
 အင်္ဂလိပ်လက်ထက် မြန်မာဘုရင့်ဝန်ထမ်းတွေကို “လူစတေး”သလားလို့ မေးတဲ့အခါ ခါးခါးသီးသီးပင် မဟုတ်မှန်ကြောင်း ငြင်းဆိုလေ့ ရှိကြပေမယ့် အရပ်ကတော့ မှတ်မိနေကြပါတယ် ။ ရာဇဝင်စာအုပ်တွေထဲ ပါမြဲပါနေကြပါတယ်။ မနုကျယ်ဓမ္မသတ် မှာတောင်မြီခန်းမှာ "မြို့စတေးခံရမည့်သူကို အကြွေးမတောင်းရ"လို့ ပါဝင်နေခြင်းဟာ အဖြေဖြစ်နေပါတယ် ။ ဒီလိုစတေးတာဟာ ကာကွယ်ရေး သဘော အများကြီးပါလို့ အစဉ်အလာ လုပ်မြဲ ၊ ရှိမြဲ ၊ လုပ်လိုစိတ်ကြောင့်သာ ထုံးစံ - ဓလေ့အတိုင်း လုပ်သည်လို့ သတ်မှတ် လို့ရပါ
တယ်။ ထို့ပြင် မြို့ရိုး ၊ မြို့တံခါး၌ စတေးခြင်းခံရသူတို့က အမှန်တကယ် အရာရောက်အောင် စောင့်ရှောက် နိုင်ပါ လိမ့်မည်ဟု ကိုးစားစိတ် မည်မျှကြီးကျယ်သည် ကိုလည်း တွေ့နိုင် ပါတယ်။ တကယ်တော့ဖြင့် ဤ မန္တလေးနန်းမြို့တော် တည်ဆောက်ပုံမှာ တည်ဆောက် ခဲ့တဲ့အချိန်ကာလအရ အမှန်တကယ် ရှိသင့် ရှိထိုက်သော ကာကွယ်ရေးစံနှုန်း မပြည့်မီ ပါချေ ။ ဓါးလှံ လေးမြားမျှသာ ကိုင်စွဲလာသော ရန်သူကိုသာ ကာကွယ်နိုင်သည့် အနေအထားဖြစ်နေသည်။ အင်္ဂလိပ်တို့နှင့် နှစ်ကြိမ်တိုင်တိုင် စစ်ပွဲကြီးဆင်နွဲ ပြီးပြီဖြစ်သော အင်္ဂလိပ်တို့၏ အမြောက်လက်နက်များ၏ အရသာကို မြည်းစမ်း ကြည့်င်္ပြီးပြီ
ဖြစ်သော မြန်မာတို့၏ နန်းတော်မြို့ရိုးတည်ဆောက်ပုံသည် ရှေးရိုးစွဲဟန်သာများ လျက အင်မတန် ခေတ်နောက်ကျ နေသည်ဟု ဆိုရမည်ဖြစ်ပေသည်။မည်သို့ဆိုစေ ဤခိုင်မာသော စွတ်စွဲချက်များကို ချေဖျက်လိုပါက မြို့ရိုးထောင့်တိုင်းကို တူးကြည့်၍ စုံစမ်းသင့်ပေသည်။ အမှတ်တကယ် လူသတ်စတေးခြင်း ဟုတ်မဟုတ် မန္တလေးရွှေ နန်းတော်ကြီးကို တူးကြည့် သင့်သလို အမရပူရ၊ အဝ၊ ရွှေဘို နန်းတော်ရာမြို့ရိုးများကိုလည်း တူးဖော်ကြည့်သင့်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။
ကျားပေါက်
ထုတ်နုတ်- နယ်လှဲ့ရာဇဝင် ဒေါက်တာသန်းထွန်း ။
ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက် 
ပျောက်ဆုံးနေသော ပတ္တမြားငမောက်
$
0
0
ပတ္တမြားငမောက်အကြောင်း လူတွေသိပေမဲ့ ငမောက်သည် ရှမ်းနီဖြစ်ကြောင်း သိသူနည်းပါးကြသည်။
မြန်မာနိုင်ငံသည် သယံဇာတများစွာပေါကြွယ်ဝတဲ့နိုင်ငံ ဖြစ်သည့်အလျှောက် မြန်မာမင်းအစဉ်အဆက် ထိန်းသိမ်းခဲ့တဲ့ ကျောက်မျက်ရတနာ တွေလည်းများစွာရှိပါသည်။ ထိုအထဲမှာ ပတ္တမြားတွေလည်းပါဝင် ခဲ့ပါတယ်။ ရတနာပုံရွှေတိုက်တော်စာရင်းမှာပါဝင်တဲ့ နန်းစဉ်ပတ္တမြားတွေကတော့…
မြန်မာဘုရင်များ အဆက်ဆက်တွင် အထွတ်အမြတ်ထားခဲ့သော ပတ္တမြားငမောက် ကျောက်မြတ်ရတနာကို မိုးကုတ်ပတ္တမြားနယ်မြေ အတွင်း အင်းခေါင်းမှ ရရှိပြီး။ ၄င်းကျောက်ကို အင်ကြင်းတောင်   နှင့်   ကျာက်ဆောင် လူးတော်များမှ ရသည်ဟုလည်း မူကွဲလျှက် ရှိသည်။
AD- 1661 ခုနှစ် သက္ကရာဇ် ၁၀၃၂ ရရှိခဲ့သော အလေးချိန် ရတီကိုးဆယ်ကျော်ရှိသော ပတ္တမြား ငမောက်
ပတ္တမြားကြီးရရှိပုံမှာ ချင်းတွင်းနယ်သား ရှမ်းနီလူမျိုးဖြစ်သော ငမောက်ဆိုသူသည် မိုးကုတ်နယ်မြေတွင် လာရောက်ပြီး လယ်ယာစိုက်ပျိုး နေထိုင်ရာ၊ တစ်ညသော အခါ မိမိခြံအတွင်းမှ ပြိုးပြိုးပျက်ပျက် အရောင် တလက်လက်နှင့် ထူးဆန်း တောက်ပနေသည်ကို မြင်ရသဖြင့် သွားရောက်ကြည့်ရှု လေသော် အလွန်တရာ လှပသော ကျောက်နီ ပတ္တမြားကြီး တစ်လုံးကို တွေ့ရှိလေသည်။
ထို ငမောက်ဆိုသူသည် ရှမ်းနီလူမျိုးတဦးဖြစ်သည် ၁၆ ရာစုနောင်းပိုင်း ရှမ်းနီတို့၏ နာမည်များ မဲ့ပုံကု  လေ့လာ ကြည့်ရင် သိနိုင်ပါသည်။ 
ဘိုးတော်ဘုရား နန်းတက်စတွင် ရှမ်းလူမျိုး- ငဖုန်း (ငယ်မည် - ငရွှန်း) ဆိုသူသည် မိမိကိုယ်ကို ဟသာဝတီရောက် မင်းတရား သားတော် မင်းရဲမြတ်ဖုန်းဖြစ်သည်ဟု ပြောဆိုပြီးလျှင် ကြွင်းကျန် ပုန်းလျှိုရှိနေ သေးသော ဖောင်းကားမင်း ကျေးကျွန်တို့နှင့်ပေါင်း သင်းပြီးလျှင် ရှမ်း- မြန်မာ ၁၀၀ ခန့်နှင့် ညအချိန် နန်းမြို့တွင်းသို့ အတင်းဝင်၍ အမြောက်သားကုလားတို့ကို ဓါးပြလျက် နန်းတောကို အမြောက်နှင့် ပစ်စေသည်။ နောက်ရဲမက်တော်တို့ ခုခံတိုက်ခိုက်၍ အောင်မြင်တော်မူသဖြင့် ခေါင်းအကြီးပြူသူ ငဖုန်းနှင့် အပေါင်းအပါ တို့ကိုကွပ်မျက်တော်မူသည်။ (ဦးဘသန်း မြန်မာရာဇာဝင်)
ရှမ်းနီလူမျိုးဖြစ်ကြသော "မိုးကောင်းစော်ဘွားဆက်အမည်များ"
၂၈။ ငကျော် ၁၁၁၇ မှ ၁၁၂၅ အထိ ၈နှစ်
၂၉။ စောဟော်ခန်းညီ ငခိုင် ၁၁၂၅ မှ ၁၁၄၀ အထိ ၁၅နှစ်
ဝန်းသို့ စစ်ကဲစားများ
စဉ်။ အမည် မြန်မာသက္ကရာဇ် နှစ်
၁။ ငကြင်ဖေါ် ၁၀၅၉ မှ ၁၀၆၀ ၁ နှစ်
၂။ ငစွန် ၁၀၆၀ မှ ၁၀၆၅ ၅ နှစ်
၃။ ငကြင်ဖြူ ၁၀၆၅ မှ ၁၀၇၆ ၁၀နှစ်
တဖန်စော်ဘွားစားများ
စဉ်။ အမည် မြန်မာသက္ကရာဇ် နှစ်
၁။ ငမြတ်ခေါင် ၁၀၇၆ မှ ၁၁၁၂ ၃၆နှစ်
၂။ ငအောင်မြတ် ၁၁၁၂ မှ ၁၁၁၄ ၂ နှစ်
၃။ ငထင် ၁၁၁၄မှ ၁၁၁၈ ၄ နှစ်
၎။ ငအောင်ညို ၁၁၁၈ မှ- -
မြို့ကြီးစားခေတ်များ
စဉ်။ အမည် မြန်မာသက္ကရာဇ် နှစ်
၁။ ငတော်စံ ၁၁၅၈ မှ ၁၁၆၀ ၂ နှစ်
၂။ ငသာရွဲ ၁၁၆၀ မှ ၁၁၈၉ ၂၉နှစ်
၃။ ငရွှေသီး ၁၁၈၉ မှ ၁၁၉၅ ၆ နှစ်
၎။ ငသာဝ ၁၁၉၅ မှ ၁၁၉၉ ၄ နှစ်
၅။ ငရွှေသီ ၁၁၉၉ မှ၁၂၀၇ ၈ နှစ်
၆။ ငစံသစ် ၁၂၀၇ မှ၁၂၁၁ ၄ နှစ်
၇။ ငရွှေသား ၁၂၁၁ မှ ၃၃ နှစ် ၀န်းသိုစော်ဘွားကြီး စောဝ်အောင်မြတ်ဖမည်းတော်
၈။ သား- စောဝ် အောင်မြတ် ၁၂၄၄ မှ
စသည့် စော်ဘွားဆက်များနာမည်ကို ကြည့်ခြင်းဖြင့် ရှမ်းနီတို့သည် င ကိုသုံးကြောင်း ထင်ရှားသည်။
ရှမ်းနီလူမျိုး ငမောက်လည်း ပတ္တမြားကြီးကို တွေ့၍ ၀မ်းသာစွာ ကောက်ယူခဲ့ပြီးနောက် သိမ်းဆည်းထားရာမှ ၂ပိုင်းခွဲပြီးလျှင် တစ်ပိုင်းကို ယောက်ဖဖြစ်သူ မောင်ရွှေအား တရုတ်ပြည်ဘက် သို့ ရောင်းရန် စေလွှတ် လိုက်ပြီးနောက်၊ ကျန်တစ်ပိုင်းကို သက္ကရာဇ် ၁၀၂၃ ခုနှစ် ငါးထပ်ကြီး ဒါယကာ ပင်းတလဲမင်း လက်ထက် အင်းဝမြို့တော်သို့ သွားရောက် ဆက်သရာ ဘုရင်မင်းမြတ်လည်း များစွာ နှစ်သက်အားရ ၀မ်းမြောက်လှ သဖြင့် ငမောက်အား ဆုတော်ငွေများပေးသနားတော် မူလိုက်လေသည်။ ထို့ကြောင့် ထိုပတ္တမြားကို ငမောက်ဆိုသူ ဆက်သသဖြင့် "ငမောက်ပတ္တမြား"ဟု ထင်ရှား ကျော်စောလေသည်။
တရုတ်ပြည်သို့ ရောက်သွားသော ထိုကျောက် တစ်ပိုင်းမှာလည်း ထိုအချိန်၌ တရုတ်ပြည်တွင် မင်မင်းဆက် ပျက်စီးပြီး တိုင်းပြည် မငြိမ်မသက် ဖရိုဖရဲဖြစ်နေသောကြောင့် နီးစပ်ရာ တိုင်းပြည်များသို့ ၀င်ရောက် တိုက်ခိုက်နေကြသဖြင့် တရုတ်ပြည်သို့ ရောက်သွားသော ထိုကျောက်တစ်ပိုင်းကို မြန်မာပြည် ခိုးဝင်လာသော တရုတ်လူမျိုး တစ်ဦးလက်ထဲတွင် ငမောက် ရောင်းချခဲ့သော ပတ္တမြား တစ်ပိုင်းလည်း ပါလာခဲ့ပါသည်။
ထိုတရုတ်လူမျိုး ကုန်သည်ကြီးသညို ပတ္တမြားတစ်ပိုင်း ကိုမြန်မာဘုရင်အား ဆက်သခဲ့ရာ ဘုရင်လည်း ၀မ်းမြောက်ဝမ်းသာ လက်ခံပြီး ဆုတော်ငွေများ ပြန်လည်ပေးသနားခဲ့ပါသည်။ ဘုရင်မင်းမြတ်လည်း ၀မ်း သာအားရ၊ မိမိတွင်ရှိရင်းဖြစ်သော(ငမောက်) ကျောက်တစ်ခြမ်းနှင့် ဆက်စပ်ကြည့်ရာ တစ်လုံးတည်း ရှု မငြီး သည့် ကျောက်ကြီး ဖြစ်ကြောင်းသိကာ၊ ငမောက်အား အားလုံးကို မဆက်သရသလောဟု အမျက်တော်ပွားသဖြင့်၊ မင်းပရိယာယ်ဖြင့် ရေဝေးရာ တောင်ကုန်းတွင် မီးလောင်စင်ကြီးများ ပြုလုပ်ပြီး၊ ငမောက်၏ ဆွေ(၇)ဆက် မျိုး(၇)ဆက် ကိုခေါ်ကာကွပ်မျက်တော်မူလေသည်။ 
ငမောက်နှင့် ဆွေမျိုးများ သေဆုံးခဲ့ရသောနေရာကို လောင်းစင်ရွာဟူ၍၄င်း၊ ရေနှင့်ဝေးသောနေရာဖြစ် ၍ ရေဝေးရွာ ( နောင်တွင်ရေဝေရွာ ) ဟူ၍ ၄င်း ယခုတိုင် ခေါ်ဆိုနေကြသေးသည်။
မီးတိုက်နေသော အခြင်းအရာကို ငမောက်၏ အမဖြစ်သူ ဒေါ်နန်း မြင်လျှင် လွတ်ရာသို့ ပြေးရရှာ  လေသည်။ တောင်ပေါ် တစ်ခုသို့ ရောက်သောအခါ ပြန်လှည့် ကြည့်လိုက်ရာ၊ များစွာပူပင် သောက၊ စိတ်ဒုက္ခရောက်ပြီး ရင်ကွဲနာကျကာ ထိုတောင်၌ပင် သေလေသည်။ ၄င်းသေဆုံးရာ၌ လွမ်းစေတီကလေး တစ်ဆူကိုပင် တည်ထားလျှက် ရှိပေသည်။ ဒေါ်နန်း လှည့်ကြည့်သည့်တောင်ကို အစွဲပြုပြီး ဒေါ်နန်းကြည့်  တောင်၊ ကာလကြာသောအခါ ဒေါ်နန်းကြည်တောင် ဟု ခေါ်ဝေါ်ကြလေသည်။ ၄င်း ပတ္တမြားမျက်ရှင်မှာ တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲတွင် အစတုံးကာ လုံးလုံးကြီး ကွယ်ပျောက်ပြီး မည်သည့်လက်သို့   ရောက်နေသည်ဟု အသေအချာ မပြောပြနိုင်တော့ပေ။
“ပတ္တများကြီး ထူးခြားချက်”
ငမောက်ပတ္တမြား(ခေါ်)ပတ္တမြားငမောက် အလေးချိန်မှာ ရတီ(၉၀)ရှိပြီး လုံးချော သွေးထားကာ အရည် အသွေး အလွန်ကောင်းလှကြောင်း သိရပါသည်။ စွတ်စွတ်ဖြူနေသော ၀ါဂွမ်း (သို့) နွားနို့ အတွင်းတွင် ထိုပတ္တမြားကို ထည့်လိုက်လျှင် ၀ါဂွမ်းနှင့် နွားနို့ပင် အနီရောင် ပြောင်းလာကြောင်း သိရပါသည်။ ထိုပတ္တမြားငမောက်ကို လက်ညှိုးနှင့် လက်မ ညှပ်ကိုင်ထားလျှင် အရည်လည်ပြီး ပေါက်ကွဲ ယိုစီးမလား ထင်ရသည်။ မှောင်ထဲမှာ အနီရောင် တလျှမ်းလျှမ်း ဖြာထွက်နေသည်။ လက်ထဲ ဘယ်လောက်ကြာကြာ ဆုပ်ထားပေမဲ့ အေးမြနေ သည်။ ရေထဲစိမ်သောက်လျှင် လည်ချောင်းနာ၊ ရင်ပူ၊ ခေါင်းကိုက်၊ ဇက်လေး၊ မူးမော်၊ မောပန်းတာတွေ ပျောက်ပြီး အားအင်တိုးလာသည်ဟု ဆိုသည်။ မျက်နှာကို ပွတ်သပ်ပေးလျှင် အေးမြပြီး၊ ၀က်ခြံ တင်းတိတ် ကင်းစေသည်။
“ ပျောက်ဆုံးပုံ ”
သီပေါက တိုင်တန်းသည့် ငမောက်ပတ္တမြား အပါအဝင် အဖိုးတန် ရတနာများကိစ္စ နှင့်ပတ်သက်၍မူ အိန္ဒိယပြည်ဆိုင်ရာ အတွင်းဝန် က အချက်များကို တင်ပြရန် ထက် အောက် အရာရှိများကို တောင်းဆို သည်။ ဆိုင်ရာတို့က စုံစမ်းပြီး အထက်သို့တင်ပြသည်။ တင်ပြချက်မှာ ယခင်ကအတိုင်းပင် ဖြစ်သည်။ စလေဒင်သည် သီပေါထံမှ အဖိုးတန် ရတနာပစ္စည်းများ ယူသည်ဟု ထင်စရာအကြောင်း ဘာမျှ မရှိကြောင်း၊ မည်သည့် ကတိဝန်ခံ ချက်ကိုမျှလည်း မပေးခဲ့ကြောင်း၊ သီပေါသည် မိမိနှင့် တစ်ပါတည်း ယူဆောင် လာသော ရတနာပစ္စည်းများမှအပ အခြားမည်သည့် ရတနာပစ္စည်း ကိုမျှ ပြန်ရမည်ဆိုသည် ကတိစကားလည်း မရှိခဲ့ကြောင်းဖြင့် အကြောင်းပြန်သည်။
စလေဒင်သည် ပစ္စည်းသိမ်း ကော်မတီက သိမ်းယူခဲ့သော ရတနာပစ္စည်းများကို ပစ္စည်းသိမ်းကော်မတီ၏ ကိုယ်စားတာဝန်ကျ သည့် အစောင့်ကို လွှဲပြောင်း ပေးလိုက်ကြောင်း၊ ထိုနေ့က (၁၈၈၅ ခု၊ နိုဝင်ဘာ လ ၃၀ ရက်နေ့) ဘုရင်လက်နက်ချသည့်အခါ တွင် မိမိနှင့် တာဝန်ရှိသူများသည် သီပေါနှင့် မိသားစုတိုယူဆောင်သွားခြင်း မပြုသော ပစ္စည်းများကို ဗိုလ်ချူပ်ပရင်ဒါဂတ်စ်၏ အမိန့်အရပစ္စည်း သိမ်း ကော်မတီသို့ လွှဲပြောင်း ပေးလိုက်ကြောင်း ဖြင့်ဖော်ပြ ပါရှိသည်။
မြန်မာပြည်အစိုးရသည် ထိုကိစ္စနှင့် ပတ်သက်၍ မြန်မာ ဝန်ဟောင်းတချို့ကိုလည်း သေချာစွာ စုံးစမ်း ခဲ့သည်။
သူတို့ထွက်ဆိုချက်အရ သီပေါဘုရင်၏ သရဖူထဲတွင် ရှိကြောင်း၊ ထိုပတ္တမြားကြီးသည်အရည်အ  သွေး ကောင်းမွန်၍ တန်ဖိုးမဖြတ်နိုင်သည့် ပတ္တမြားကြီးဖြစ်ပြီး ဘိုးတော်ဘုရား (၁၇၈၁-၁၈၁၉) လက်ထက်ကတည်းက ရှိခဲ့သော နန်းစဉ် ရတနာကြီးဖြစ်ကြောင်း၊ ၁၈၈၅ ခု၊ နိုဝင်ဘာ ၂၉ ရက်နေ့ မနက်တွင် သီပေါမင်းကိုယ်တိုင် ထိုပတ္တမြားကြီးကို စလေဒင် လက်သို့ ပေးအပ်လိုက်ကြောင်း၊ ထိုအချိန်က စလေဒင်၏ စာရေးတော်ကြီး နီကလတ် လည်းရှိကြောင်း၊ ထို့ပြင် တိုင်းတာမင်းကြီးလည်း ရှိကြောင်း၊ မိမိကိုယ်ပိုင် ပုရပိုဒ် တစ်ဆူပေါ်တွင် ရတနာပစ္စည်း များ၏စာရင်းကို ရေးမှတ်ပေးရကြောင်း၊ သို့ရာတွင် အပြည့်အစုံ မမှတ်ရသေးကြောင်း၊ ထိုစာရင်းကို နီကလတ်သို့ ပေးလိုက်ကြောင်း၊ ထိုပစ္စည်းများ အားလုံး ကို စလဒင်က အင်္ဂလိပ်အရာရှိတစ်ယောက် လက်အောက်ရှိ အစောင့်တစ်ယောက် ကို ပေးအပ် လိုက်သည်ကို မိမိမြင်လိုက်ကြောင်းဖြင့် ရွှေတိုက်ဝန်ကထွက်ဆိုသည်။
ထိုအင်္ဂလိပ်အရာရှိ၏ အမည်ကို သတိရခြင်း ရှိမရှိ၊ ရွှေတိုက်အတွင်းဝန်၏ ထွက်ဆိုချက် မှန်မမှန်၊ ထိုစာရင်း နှင့် ထိုအဖိုးတန် ပစ္စည်းများ မည်သို့မည်ပုံ ဖြစ်သွားသည်ကို သိမသိ၊ ပစ္စည်းသိမ်း ကော်မတီသို့ အပ်ရာတွင် မည်သို့သော အခြေအနေ ရှိသည်ကို သိမသိ စသည်သို့ကို စလေဒင်အား မေးမြန်းသည်။
၁၈၈၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့စွဲဖြင့် စလေဒင်က အသေးစိတ် ပြန်ကြားရာ၌ ရွှေတိုက် အတွင်း ဝန်ပြောသည့်စကား မှန်နိုင်ကြောင်း၊ မိမိသည်ထိုနေ့မနက်က ရွှေတိုက်အတွင်းဝန်ကို နန်းတော်ထဲ တွင် တွေ့ခဲ့ရကြောင်း၊သို့ရာတွင် ပုရပိုဒ်တစ်ဆူ ပေးသည်မပေးသည်ကိုမူ မိမိမမှတ်မိတော့ကြောင်း ထိုသို့ရုတ်ရုတ်သဲသဲ အချိန်မျိုးတွင် အဖိုးတန်ကျောက်မျက် ရတနာများ၊ စီခြယ်ထားသည့် ရွှေထည် ပစ္စည်းအသေး၊ အကြီးအမျိုးမျိုးတို့ပါသည် နန်းစဉ်ရတနာ ပစ္စည်းအားလုံးကို ရေးမှတ်ဖို့ဆိုသည်မှာ ခက်ခဲလှကြောင်းဖြင့် စလေဒင်က အကြောင်းပြန် သည်။
ထိုရတနာပစ္စည်းများ အားလုံးသည် နန်းတော်ဝရန်တာ ကြမ်းပြင်နှင့် ကျယ်ဝန်းလှသော ညီလာခံသဘင် ခန်းမကြမ်းပြင်တွင် စုပုံပြန့်ု ကြဲလျက် ရှိပါသည်.။
ဗြိတိလျှ အစိုးရသည် အနည်းငယ် မျှသော ကျောက်မျက်ရတနာ အချို့ကို ဝိတိုရိယ ဘုရင်မကြီး ထံ ပေးပို့ သည်။ ကျန်ပစ္စည်းများမှာ ဆောက်ကင်ဆီတန် ပြတိုက်သို့ပေးပို့သည်။ဧကရီ ဘုရင်မကြီး ထံ ပေးပို့သည့် ပစ္စည်းများထဲတွင် သီပေါ၏ အကောင်းဆုံး သရဖူတစ်ခု၊ ဒုတိယ သရဖူမှ မြကျောက် ကြီးသုံးလုံး၊ သရဖူထဲမှ ကျွတ်ကျသည့် ကျောက်အလွတ် ၈ လုံးထည့်ထားသည့် စက္ကအိတ် တစ်လုံး၊ စိန်ဒေါင်းရုပ်ပါသည့် ဘယက်တစ်ကုံး နှင့် ရွှေဘီး တစ်ချောင်း တို့ပါသည်။
ဒီအမှုကို သီပေါဘုရင်က ၁၉၁၁ ခုနှစ်၊ ဒီဇင်ဘာလ အိန္ဒိယ ပြည်ဘုရင်အဖြစ် ရာဇဘိသေက ခံဖို့ရာလာတဲ့ ပဉ္စမမြောက် ဂျော့ဘုရင်ထံ သူ့ရတနာပစ္စည်းတွေ အတွက် တာဝန်ရှိသူ စလေဒင်ကို တိုင်တန်းစာ ပို့ရာက ဖြစ်လာတဲ့ နောက်ဆက်တွဲ ဖြေရှင်း ချက် များဖြစ်သည်။
“ ရတနာပုံ ရွှေတိုက်တော် စာရင်းအရ မြန်မာ့နန်းစဉ် ပတ္တမြားများ ”
၁။ သက္ကရာဇ် ၁၀၃၂ (အေဒီ ၁၆၆၁) လောက်ကတည်းက ရှိခဲ့တဲ့ အလေးချိန် ရတီ ကိုးဆယ်ကျော် ရှိသော ပတ္တမြား ငမောက်
၂။ ဗဒုံမင်း လက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန် နှစ်ဆယ်ခန့်ရှိတဲ့ လှော်ကားတင်ကလေး ဟုခေါ်သော ပတ္တမြား
၃။ သက္ကရာဇ် ၁၁၉၉ (အေဒီ၁၈၃၇) ခုနှစ် ရွှေဘိုမင်း လက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန် လေးဆယ်ကျော် လှော်ကားတင်ကြီး ဟုခေါ်သော ပတ္တမြား
၎။ အလေးချိန် လေးဆယ်ရတီရှိ ဆင်ဖြူတော် ဟုခေါ်သော ပတ္တမြား
၅။ အလေးချိန် ဆယ်ရတီရှိ ဆင်မတော် ဟုခေါ်သော ပတ္တမြား
၆။ စံထား အသုံးပြုရတဲ့ အချိန် ခြောက်ရတီရှိတဲ့ စံကျောက်တော် ဟုခေါ်သော ပတ္တမြား တို့ဖြစ်သည်။
မြန်မာ့အဖိုးတန် နန်း စဉ်တရာနာ တပါးဖြစ်သေကြောင့် ပျောက်ဆုံးနေသာ ပတ္တမြားကြီးအဖြစ် စုစည်းတင်ပြလိုက်ရပါသည်။
ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက် 
မြန်မာ့နန်းတွင်းထဲက ရှမ်းမင်းများနှင့်ရှမ်းမိဖုရားများ
$
0
0
မြန်မာနိုင်ငံတွင် နေထိုင်ကြသော မြေပြန့် မြို့ကြီးသားဆိုသူတွေက တိုင်းရင်းသားဟု ပြောလိုက်လျှင် လန်ကွတ်တီ ဖင်ပြောင်ကြီးနဲ့ ကျားစွယ်၊ ၀က်စွယ်တွေ လယ်မှာဆွဲလို့ ငှက်မွေးကိုခေါင်းမှာထိုး ရုပ်ဆိုးဆိုးကို ပြေးမြင်တတ်ကြပေသည်။ မြေပြန့် ဗမာလူမျိုးတို့ထက်စာလျှင် ဘာမှမသိမတတ် အူလည်လည် တောင်ပေါ်သားတွေဟု ထင်မှတ်ယူထားကြသူ အများဆုံးဖြစ်သည်။ ဆင်စစ်သော်ကာ တောင်ပေါ်သားနှင့် တိုင်းရင်းသားကို သေခြာမကွဲပြားကြသည်ကို တွေ့မြင်ရပေသည် မြန်မာ့သမိုင်းကို လှန်လော်ကြည့်လိုက်လျှင် ဗမာလူမျိုးတို့နှင့် ထီးပြိုင်နန်းပြိုင် နေထိုင်လာခဲ့ကြသော တိုင်းရင်းသား လေးမျိုးရှိသည်ကိုတွေ့ရသည်။
ထိုလေးမျိုးတို့မှာ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း-ရှမ်းနီ တို့ဖြစ်ကြပြီ ကျုံး နန်းမြို့ရိုး ပြသာဒ်တို့ဖြင့် ဗမာတို့နှင့်အတူ ထီးပြိုင်နန်းပြိုင် ယှဉ်ပြိုင်ကာ နေထိုင်လာကြသော လူမျိုးများဖြစ်ကြောင်း သမိုင်းအထောက်အထား ခိုင်လုံသည်။
AD- 1044-1077  မြန်မာသက္ကရာဇ် (၄၀၆-၄၃၉) ပုဂံမင်း ၅၅ - ဆက် အနက် ၄၂ ဆက်မြောက် မင်းဖြစ်ပြီး ပထမ မြန်မာနိုင်ငံကို တည်ထောင်သည်ဟု အဆိုရှိသော အနိရုဒ (ခေါ်) အနော်ရထာမင်း (Anawrahta) နန်းတက်လေသည်။ ထို အနော်ရထာမင်းသည် မိမိ တိုင်းပြည်ကြီး၏ အရှေ့ဖက်တွင် ဥတည်ဘွားမင်း စိုးစံနေတဲ့ ဂန္ဓလရာဇ (ခေါ်) တရုတ်ပြည်သို့ ဗုဒ္ဓဘုရားရှင် မြတ်စွယ်တော်ရှိသည်ကို ကြားသိ၍ မြတ်စွယ်တော် ပင့်ယူရန် သွားခဲ့လေသည်။
ထိုခရီးမှ အပြန်တွင် မောဝ်ရှမ်းပြည်ကြီးသို့ ရောက်ရာ မောဝ်ကိုးပြည်ထောင်စုကို အစိုးရသော   မောဝ်ဘုရင် စ၀်လုံဟိုမိန်းနှင့် မဟာမိတ်ဖွဲ့ခဲ့ကြပြီး မောဝ်ပြည်ရှိ ဆည်မြောင်း ကန်သင်းများဖြင့် လယ်ယာစိုက်ပျိုးနေမူ များအားလည်းကောင်း အနော်ရထာသည် နက်သက်အားကျ တော်မှုလျှက်ရှိရာ မောဝ်ဘုရင် ခွန်ဟိုမိန်းထံ လယ်ယာလုပ်ကိုင် ကျွမ်းကျင်ပညာရှင်များကို တောင်းခံလေသည်။
 မောဝ်မင်းကြီး စ၀်လုံခွန်ဟိုမိန်းသည်လည်း နှစ်ပြည်ထောင် ချစ်ကြည်ရင်းနှီးစေရန် အလိုငှါး လယ်ယာကန်သင်း လုပ်ငန်းကျွမ်းကျင်သော လယ်တောင်သူ ဦးကြီးများပင်မက အနော်ရထာမင်းအား မိမိသမက် နိုင်ငံတော်အဖြစ် နှစ်သက်လို၍ သမီးတော် လှကညာ မောဝ်မင်းသမီးလေး စောမွန်လှ (Sawmunhla) ကိုပါ လက်ဆက် ထိမ်းမြားပေးလိုက်လေတော့သည်။
ချစ်သမီးတော် မောဝ်မင်းသမီးလေး စောမွန်လှခင်မျာမှာ အခြွေအရံများနှင့်တကွ ဆည်မြောင်းကန်သင်း လယ်ယာလုပ်ကိုင် ဦးများနှင့်အတူ ပုဂံပြည်ကြီး လိုက်ပါသွားခဲ့ရ လေသည်။
ပုဂံရာဇာဝင်အကြောင်း ပြောရလျှင် အနော်ရထာမင်းစော အကြောင်း မပါလို့မရသဆို အနောရ ဘုရင်း လာခဲ့ပါလျှင် စောမွန်လှ ပါလာရစမြဲပင်ဖြစ်သသည်။
ထိုသို့ပါလာခြင်းသည်ကလည်း စောမွန်လှနှင့် အတူပါသွားကြသော ရှမ်းတောင်သူ ဦးကြီးများထဲတွင် နောင်အခါ မြန်မာ့ သမိုင်းတွင် ထင်းရှားလာမည့် ရှမ်းညီနောင် သုံးဦး၏ ဖခင်  ခွန်ဆိုင်ခမ်းဖန်းခေါ် သင်္ခဗိုလ် (Thinkabo)  ကြောင့်ပင်ဖြစ်တော့သည်။
ရှမ်းလူမျိုးတို့၏ ရှေးဆိုရိုး စကားပုံအရ..“ ဖိုင်မီးခေါင်ပင်စောဝ် ဖိုင်မီးခေါင်ပင်ခွန်” ဟု အဆိုရှိသည်။.. မြန်မာလိုပြန်ရသော  ဖိုင်မီးခေါက်ပင်စောဝ်မည်သူက ဥစ္စာပစ္စည်းပေါကြွယ်ဝလျှင် သူဌေးဖြစ်ပြီး၊ ဖိုင်မီးခေါက်ပင်ခွန် မည်သူက ဆန်ရေစပါးပေါကြွယ်လျှင် အရှင်သခင်သာဖြစ်ဟုဆိုလိုခြင်းဖြစ်သည်။ ထို့နောက် ကျောက်ဆည်နယ်တွင် အခြေချနေထိုင်ကြသော စော်မွန်လှနှင့် နောက်လိုက်ပါ ရှမ်းတို့သည် လယ်ယာကန်သင်း အတတ်ကို ကျွမ်းကျင်သောကြောင့် ပေါက်ကန်နန်းတော်ကို ဆန်ရေ စပါးအများဆုံး ပံ့ပိုးသော သူများဖြစ်လာခဲ့ရာ ဤရှမ်းမိသားစုကို ပေါက်ကန်ရှင်ဘုရင် (တလုတ်ပြေးမင်း) ကဘွဲ့သစ်များဖြင့် ချီးမြှင့်မြှောက် စားလေတော့သည်။
 အဖေ ခွန်ဆိုင်ခမ်းဖန်း = သင်္ခဗိုလ် (Thinkabo)
သား ခွန်အိုက်ဆိုင်ခိုင်= အသင်္ခယာ (Athinhkaya) မြင်စိုင်းစား
သား ခွန်ယီဆိုင်ကမ် = ရာဇသင်္ကြန်(Yazathingyan) မက္ခရာစား
သား ခွန်ဆမ်ဆိုင်ဆိုင် = သီဟသူ (Thihathu)  မြစ်သာစား
AD- 1287  ခုနှစ် နရသီဟပတေ့ခေါ် တရုတ်ပြေးမင်း လက်ထက်တွင် မွန်ဂိုတို့၏ရန်စစ်ကြောင့် ပုဂံမှာပျက်စီးခြင်းတို့ ရောက်ရသည်။  မွန်ဂိုတို့တိုက်ခိုက်ဖျက်ဆီး၍ အပြန်တွင် ကျော်စွားအား ပုဂံမင်းအဖြစ်နန်းတင်ခဲ့ကြသည်။ ထိအချိန်တွင် အမှန်တကယ် အင်အားကြီးနေခဲ့ကြသူများမှာ ကျောက်ဆည်နှင့် လယ်တွင်းနယ်များကို အုပ်စီးမိနေသည့် အသင်္ခယာ၊ ရာဇသင်္ကြန် နှင့် သီဟသူတို့ ရှမ်းညီနောင်သုံးဦးပင်ဖြစ်သည်။
AD- 167- 1287 ခုနှစ် ပုဂံပျက်သုဉ်းပြီးနောက် ရှမ်းညီနောင် တို့သည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ ဧရာဝတီမြစ် အရှေ့ပိုင်း ရှိတွင် ပင်းယမြို့တော်ကို တည်သည်။ ဧရာဝတီမြစ် အနောက်ပိုင်း ကို လွှမ်းမိုးသော စစ်ကိုင်းနှင့်လည်း ခေတ်ပြိုင်နိုင်ငံပြိုင်ဖြစ်သည်။ ထိုခေတ်ကို မြင်စိုင်းခေတ် ဟုလည်းခေါ်သည်။ ရှမ်းညီနောင်သုံးဦး တို့သည် မက္ခရာ၊ မြင်စိုင်းနှင့်ပင်လယ်တို့တွင် အသီးသီး မင်းလုပ် အုပ်ချုပ်ခဲ့ကြသည်။
အငယ်ဆုံးဖြစ်သည့် ပင်လယ်မင်း သီဟသူက နောင်တော်များကို လုပ်ကြံကာ AD- 1313 ခုနှစ်တွင် ပင်းယနန်းတည်၍ မင်းပြု အုပ်ချုပ်သည်။ အဆင်ဖြူအသေ တစ်စီးမျောလာသည်ကို ဆယ်ယူစေပြီး ဆင်ကတင်ကာ ဆင်ဖြူရှင်ဘွဲ့ခံသဖြင့် သမိုင်းတွင် “တစ်စီးရှင်သီဟသူ” အဖြစ်၎င်း၊ ပင်းယမြို့တည်သီဟသူ အဖြစ်လည်းကောင်း ကျော်ကြားသည်။
AD-1229 - 1310 ခုနှစ်တွင် တစ်စီးရှင်သီဟသူ၏ သားတော် သင်္ခယာစောယွန်း မြန်မာသက္ကရာဇ် ၆၈၄ ခုနှစ်တွင် စစ်ကိုင်းကိုတည်သည်။
 AD1364- 1367 ခုနှစ် သတိုးမင်းဖျား အင်းဝကိုတည်ခဲ့သည်။ မူလအစ အင်းဝနေရာတွင် မြို့တည်ရန် ကြိုးပမ်းသူမှာ ပင်းယ တစ်စီးရှင်သီဟသူဖြစ်သည်။ သုံးကြိမ်တိုင်တိုင်တည်သောလလည်း မြစ်ရေ တက်ချိန်တွင် ရေပတ်လည်ဝိုင်းကာ မြို့ကိုရေတိုက်စားသဖြင့် မြို့ပျက်လေသည်။ ထို့ကြောင့် ပင်းယသို့ ပြောင်းရွေ့နန်းတည်ခဲ့ခြင်းဖြစ်သည်။ သတိုင်းမင်းဖျား အင်းဝမြို့တည်စဉ်က ထိုအင်းများရှိသည့်နေရာကို ရှောင်ရှားခြင်း၊ မြေဖို့ခြင်းများကို ဦးစွာပြုလုပ်ခဲ့သည်။ အင်းများရှိရာ အရပ်ဖြစ်သောကြောင့်  မြစ်နှစ်ကြောင်း ဆုံရာ ဧရာဝတီမြစ်နှင့် မြစ်ငယ်မြစ် (ဒုဌ၀တီမြစ်) တို့ဆုံရာအရပ် မြစ်ဝတွင်ရှိ၍ ရှမ်းတို့က မိန်းအာဝ (အ၀) ဟုခေါ်ဆိုခဲ့ကြသည်။ အင်းဝ၊ အင်းန၀၊ ရွှေဝ အ၀နှင့် ရတနာပူရတို့ဟု ခေါ်ဆိုကြသည်။ ထိုခေတ်ကို ပထမ ရှမ်းခေတ်ဟုလည်း ခေါ်ဆိုမှတ်တမ်းတင်ခဲ့သည်။
AD- 1527- 1543 မိုးညှင်းစလုံ ခေါ် မိုးညှစ်းစော်ဘွားစ၀်လုံ နှင့်သား သိုဟန်ဘွား ခေါ် စ၀်ဆေဟန်ဖှ တို့ အင်းဝရွှေနန်းကျော့ရှင် နရပတိမင်းနှင့်စစ်ခင်းကာ နရပတိ ဦးခေါင်းတွင် အမြောက်ဆံသင့်ကာ အင်းဝကို သိမ်းပိုက်၍ အင်းဝတွင် သိုဟန်ဘွားမင်းအဖြစ်အုပ်ချုပ်သည်။ ရှမ်းခေတ်ဟု ခေါ်ဆိုရေးမှတ်ခဲ့ကြသည်။ ရှမ်းမင်း သိုဟန်ဘွားအား မင်းကြီးရန်နောင်က လုပ်ကြံခဲ့သည်။
AD- 1543 ခုနှစ်တွင် သိန္ဒီစော်ဘွား အုန်းဘောင်ခုမှိုင်းကို မင်းကြီးရန်နောင်က မင်းအဖြစ် တင်မြောက်လေသည်။
AD- 1545- 1551 ခုနှစ် မိုးဗြဲနရပတိသည် ဘုန်းဘောင်ခုံမှိုင်း၏ သားတော်ဖြစ်သည်။ မြန်မာသက္ကရာဇ် (၉၀၇) အေဒီ ၁၅၄၅ ခုတွင် မိုးဗြဲမင်း နရပတိဟူသောအမည်ဖြင့် အင်းဝရွှေနန်းကို တက်တော်မူသည်။ ထိုခေတ်ကို ဒုတိယရှမ်းခေတ်ဟု ပြောဆိုရေးမှတ်ခဲ့ကြသည်။
မြင်စိုင်း ပင်းယ စစ်ကိုင်း အင်းဝ တို့ကို တည်ထောင်ခဲ့သောသူများသည် ရှမ်းမင်းများဖြစ်ပြီ မြို့တော် များမှာလည်း ရှမ်းအမည်ရှမ်းအခေါ်များသာဖြစ်သည်။ နောက်ပိုင်းတွင် အဆိုပါဒေသများတို့ ဗမာများ ၀င်ရောက် နေထိုင်လာကြသလို ရှမ်းကြာ ဗမာဖြစ်ဆိုသလို ရှမ်းလူမျိုးများ ပျောက်ဆုံးက ဗမာ ဖြစ်သွားကြလေတော့သည်။
 “ ကုန်းဘောင်ခေတ်”
ကုန်းဘောင်မင်းဆက် ၁၁ ဆက်.. အတိုကောက်အားဖြင့် လောင်း၊ နောင်၊ ဆင်၊ စဥ့်၊ မောင်၊ ဘိုး၊ ဘ၊ သာ၊ ပု၊ မင်းသီ။
AD- 1853- 1878  ခုနှစ် မင်းတုန်းမင်းကြီး၏ မိဖုရား (၄၅) ပါးစားရင်းတွင် လဲချားမိဖုရား၊ လောင်းရှည်မိဖုရား၊ မိုးနဲမိဖုရားစသော သူများသည် ရှမ်းမင်းသမီးများဖြစ်ကြပြီး ရှမ်းစော်ဘွားကြီးများ၏ သမီးတော်များ တူမတော်များသာပင် ဖြစ်ပေသည်။
AD- 1878 - 1885  သီပေါမင်း၏ မိခင်မှာ (သီရိမဟာမင်္ဂလာသုပဘာဒေ၀ီဘွဲ့ခံ) လောင်းရှည်မြို့စား မိဖုရားဖြစ်သည်။ လောင်းရှည်မိဖုရား၏ ဖခင် ဦးမှေးမှာ ဗဒုံမင်း၏ သားတော် (အိမ်ရှေ့မင်းသား) ဦးပေါ် + မိဖုရား နန်းမွေးခန်း တို့မှ မွေးဖွားမြင်ခဲ့သည်။ ဦးမှေးသည် စစ်ကိုင်းမင်းလက်ထက်တွင် သတိုးမင်းရဲ ကျော်စွာဘွဲ့ဖြင့် ရမ္မာဝတီမြို့စားဖြစ်ခဲ့ပြီး အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီးတွင် သီပေါမြို့စား ဖြစ်လာ ခဲ့သည်။ မင်းတုန်းမင်း လက်ထက်တွင် ချွန်းတောင်မြို့စား မိုးနဲဗိုလ်မှူးအဖြစ် အမှုထမ်းရသည်။
လောင်းရှည်မိဖုရား၏ မိခင် မယ်အိ မှာ ဟံသာဝတီဆင်ကြားရှင်၏ အဆက်အနွယ်ဖြစ်သည်။ မြေဒူးမင်း ဇင်းမယ် (ယခုချင်းမိုင်) ကို တိုက်ခိုက်အောင်မြင်သည့်အခါ ဇင်းမယ်သို့ ရောက်ရှိနေသော ဆင်ကြားရှင် သည် နေပြည်တော်သို့ ပြန်လည်လိုက်ပါလာခဲ့သည်။ ဆင်ကြားရှင် ၏သမီး ရှင်အောင်လံ သည် စစ်သူကြီး ဒလပန်း၏ညီ ပုတ္တကျော်နှင့် စုံဖက်ရာမှ ရှင်ပုဇွန် ကိုမွေးဖွားသည်။ ရှင်ပုဇွန်သည် ညောင်ရမ်းမြို့စား စကြာဝန်ကြီး ဦးမြတ်ရာနှင့် လက်ဆက်ရာမှ လောင်းရှည်မိဖုရား၏ မိခင် မယ်အိကို မွေးဖွားသည်။ လောင်းရှည်မိဖုရားကို ဦးမှေး+မယ်အိ တို့မှ ၁၈၁၅ ခုနှစ်တွင် မွေးဖွားပြီး ၁၈၈၁ ခု၊ ဇွန်လတွင် မန္တလေးမြို့၌ ကွယ်လွန်ခဲ့သည်။ မွေးချင်းများမှာ ခေါင်းတုံးမြို့စား ဦးဖိုးကြီးနှင့် မင်းဂါမဏိ တို့ဖြစ်ကြသည်။
ရှမ်းသွေးပါသော မြန်ပြည်ကြီး၏ နောက်ဆုံးမင်းဆက် သီပေါမင်း
သီပေါမင်း၏မွေးချင်းမောင်နှမများ
(၁) (သုသီရိပဘာဝတီဘွဲ့ခံ) ချွန်းတောင်းမင်းသမီး အချို့ဖော်ပြချက် တို့တွင် ချွန်းတောင်းမင်းသမီး မပါဝင်ပဲ သီပေါမင်း၏မွေးချင်းကို ၃-ဦးသာ ရေတွက်ပြသည်။
(၂) (သုသီရိရတနာဒေ၀ီဘွဲ့ခံ) မိုင်းခိုင်းမင်းသမီး (ပခန်းကြီးစုဖုရား) – ၁၉၅၇ ခုတွင် မွေးဖွားသည်။ သီပေါမင်း ပါတော်မူပြီးနောက် အင်္ဂလိပ်တို့ ခန့်အပ်သော သီပေါစော်ဘွား စောခွန်ဆိုင်နှင့် စုံဖက်ခဲ့သည်။ မန္တလေးမြို့၊ ဆိုင်းတန်းရပ်တွင် နေထိုင်ခဲ့ပြီး ၇-၃-၁၉၁၁ နေ့တွင် ကွယ်လွန်သည်။ -သာသမီး မထွန်းကားဟု ဆိုသည်။
(၃) (သီရိမဟာဓမ္မရာဇာဘွဲ့ခံ) သီပေါမင်းသား – ၁-၁-၁၈၅၉ နေ့တွင် မွေးဖွားပြီး အမည်ရင်းမှာ ဦးမျိုးဆက် ဖြစ်သည်။ စာပေထူးချွန်၍ အနေအထိုင် အေးဆေးတည်ငြိမ်သည်။ အသက်(၁၆)နှစ်အရွယ်တွင် ရှင်သာမဏေ ၀တ်ခဲ့ပြီး ပထမကျော်စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့သည်။ ၂-၁၀-၁၈၇၈ နေ့တွင် ရတနာပုံထီးနန်းအား ဆက်ခံခဲ့ပြီး နန်းစံသက် (၇)နှစ်ခန့်တွင် အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို အပြီးတိုင်သိမ်းယူခဲ့သဖြင့် ၃၀-၁၁-၁၈၈၅ နေ့တွင် ထီးနန်းမှ ဆင်းခဲ့ရသည်။
အင်္ဂလိပ်တို့သည် သီပေါမင်းနှင့် မိသားစုအား အိန္ဒိယနိုင်ငံသို့ ခေါ်ဆောင်ခဲ့ရာ ၁၅-၁၂-၁၈၈၅ နေ့တွင် မဒရပ်မြို့သို့ ရောက်ရှိခဲ့သည်။ မဒရပ်စံအိမ်တော်၌ (၁၅)နှစ်ခန့် နေထိုင်ခဲ့ပြီး ၁၃-၁၁-၁၉၁၀ နေ့တွင် ရတနာဂီရိသို့ ပြောင်းရွှေ့ခဲ့ရသည်။ ၁၂-၁၂-၁၉၁၆ နေ့တွင် ရတနာဂီရိစံအိမ်၌ နတ်ရွာစံခဲ့သည်။
အထက်ပါ သမိုင်းအထောက်အထားများသည် ရှမ်း/ ရှမ်းနီလူမျိုးများ မြန်မာ့ထီးနန်းကို စိုးစံအုပ်ချုပ် မင်းလုပ်ခဲ့ကြသော သမိုင်းဖြစ်ရပ်မှန်များအား ရှမ်းလူငယ်တို့နှင့် တိုင်းရင်းသားညီနောင်များသိစေရန် တင်ပြလိုက်ရပါသည်။
ကျးပေါင်းစုစည်းတင်ပြသည်။
ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက် 
သမိုင်းထဲက မိုးကောင်းစစ်တမ်း
$
0
0
သမိုင်းဟူသည် သက္ကဋ္ဋ(ပါဠိ) ဘာသာအရ က္ကတဟာသဟူ၍ ဆို၏။ မြန်မာလဘာသာ အဆိုအရ သိသမျှသတိရသော အကြောင်းအရာများကို အစဉ်အဆက်မှတ်သားရ လွယ်ကူစေရန် မှတ်တမ်းတစ်ရပ် ရေးမှတ် တည်ရစ်သည်ဟူ၍ အဓိပ္ပယ်ရ၏။ အကြောင်းခြင်းရာတစ်ခုခုကို (ကျောက်စာ၊ ပေစာ၊ စက္ကူစာစသည့် အမှတ်အသား တစ်ခုဖြင့် စာကမည်းရေးထိုး) မှတ်သားအပ်သည်ကို သမိုင်းဟူ၍ ဆိုလိုခြင်းဖြစ်သည်။
ခေတ်သစ်မှာ မိုးကောင်းစစ်တမ်းလို့ ခေါ်လို့ရတဲ့ မိုးကောင်းမြို့သည် တစ်မိုင်းတစ်ဆောင်ဟာ ရှမ်းနီလူမျိုးတို့အတွက် အဖိုးမဖြတ်နိုင်တဲ့ သမိုင်းတစ်ဆောင်ပဲဖြစ်ပါတော့သည်။
AD- 1792 ခုနှစ် ကုန်းဘောင်ခေတ်ဦး ဗုဒုံမင်းနန်းတက်စအချိန်ထိ မိုးကောင်းမြို့တွင် စော်ဘွားအုပ်ချုပ်ရေး ရှိနေသေးကြောင်း မိုးကောင်းစော်ဘွား မြို့သစ်ဟော်သစ် ဆောက်လုပ်ခဲ့သည့် ရှမ်း မှတ်တမ်း ပုရပိုဒ်တစ်စောင်က မိုးကောင်းစစ်တမ်းရယ်လို့ နောင်းတခေတ် ရှမ်းနီတွေအတွက် သမိုင်းသက်သေပြနိုင်ခဲ့သည်။
သက္ကရာဇ် ၁၁၅၄ ခု ၀ါဆိုလဆန်း (၂ )ရက် ဗုဒ္ဓဟူးနေ့ နေတက်ရှစ်ဘ၀ါး အခါမှ ပုဏ္ဏဖုသျှနက္ခတ် ကြဋ်လဂ်၊ပြိဿစန်းမြတ် သို့ရောက်လျှင် မိုးကောင်းမြို့တွင် အရှင်စော်ဘွားကြီး စောဝ်ဆေဆိုင်ခက်ဖှ၊ စောငန်းမိုင်းလုံ၊ နံတော်မှာစနေသား သက်တော် (၄၇)နှစ်၊ သခင်မ မိဖုရားကြီး နံတော်မှာ ကြာသပတေးသမီး အသက်တော်မှာ (၃၇)နှစ် ဘွဲ့တော်မှာ နန်းရွက်တွန်ဆိုင်းမိုင်း ဤသို့သော အမည်တော်ခံ၍ မြို့တော်အမည်ကား ခဲခက်အမော် စည်ဆိုင်ဆာတောင်ခန်း ဟူ၍ အမည်ရှိသော ဘွဲ့တော်ကို သိမ်းအုပ်တော်မူသည်တွင် ဘွဲ့အမည် အရည်တို့ကို ခန့်တော်မူသည်မှာ အမတ်ကြီး (၄) ပါး အမတ်ထောက် (၄)ပါး အတွင်းဝန် (၄)ပါး မြို့စာရေး (၄)ယောက်တို့ဖြစ်သည။
- အမှတ်ကြီးလေးပါး ဘွဲ့အမည်
(၁) သိန်လွန်လှန်း
(၂) သိန်လှန်ပေါမိုင်း
(၃) သိန်ငါးမိုင်း
(၄) သိန်းမိုင်းဆိုင်
- အတွင်းဝန်လေးပါး ဘွ့အမည်
(၁) သိန်ကဟန်
(၂) သိန်ခွန်မိုင်း
(၃) သိန်ခွန်နော်
(၄) သိန်ခန်နော်
- ထမုန်ပေါမိုင်း အမည်
(၁) ကန်မိုင်း
(၂) ထင်မိုင်း
(၃) ရွက်မိုင်း
- မြို့စာရေး အမည်
(၁) ဟိုမိုင်းဆိုင်
(၂) ဟိုဖိုင်းကယ်
(၃) ဟိုမိုင်းမာ ၎င်းသုံးယောက်မှာ အတွင်းအပြင် ရေးရသည်။
စာရေးအကြီးဆုံး အမည်မှာ ဟိန်မိုင်းဆိုင်ဘွဲ့ ခန့်တော်မူ၍ မိုးကောင်းမြို့နယ် လေးရပ်၊ ရှစ်ရပ် သတ်မှသည့်အတွင်း နေထိုင်ကြသည့် အစည်ကျေးရွာတို့ကို စီရင်စေသည်။
၎င်းဘွဲ့မှတ်တော်မူသည် ဆင်တော်ဆင်ပေါက် အမည်ပေးတော်မူသည်ကား ခင်မိုင်ကွန်ဆင်တော်၊ ဆင်မ- မိုင်ဆိုင်ကော်ကဲ ဟူ၍ ဘွဲ့မှတ်တော်မူသည်။
မိုးကောင်းမြို့ အရှင်သခင် စော်ဘွားကြီး စောဆိုင်ဘွလုံငန်းမိုင်း( စောဝ်ဆိုင်ဖှလုံငန်းမိုင်း) မိုင်းလုံသခင်မဘွဲ့အမည်ကား- နန်းရွက်တွန်စွံ့ဆိုင်မိုင်း တို့နှင့် သားတော် သမီးတော် လေးပါးရှိသည်အနက် သားတော်တစ်ပါးမှာ နံတော်စနေသားသည်။
ခြေရင်းတော်မှာနေစေ အသနားတော်မြတ်ခံရသည်။ ကျောက်ရစစ်ရွာကို စားရသည် သမီးတော် ၃ ပါးမှာ ၂ ပါး အပါးတော်မှာ ခစားလျှက်နေသည်။ ၎င်း အကြီးတစ်ပါးမှာ သီရိသူဇာ မဟေသီ ဘွဲ့တော်ပေး၍ သာယာဝတီမြို့ကို စားစေသည်။ အလပ်တပါးမှာ မြတ်စောဒေ၀ီ ဘွဲ့ပေး၍ ရွှေရေးဆောင်မှာ အကြည်သံရွာကို စားစေသည်။ ၎င်းအိမ်ခွန် မြို့တော်ပတ်လည်း ဧရာဝတီ ကောက်ကောက်စင်းစင်း အညာကောင်းတုံထိ၊ အောက်သို့ ရေနံချောင်းထိ အသနားတော်မြတ်ခံရသည်။
သမီးတော်အငယ်မှာ နှင်းစမ္ဗာယ် ငယ်ရွယ်သူဖြစ်၍ မိဘထံသို့ ပြန်နေစေသည်။ ၎င်း သမီးတော်တွင် မြတ်နိုးတော်မူပေသည်။ သမီးတော်နှစ်ပါးမှ အရှင်သခင်စော်ဘွားကြီး စောဝ်ဆေဆိုင်ခက်ဖှ တို့စုံစမ်း မိုင်းလုံသခင်မ ဘုရားကြီး နန်းရွက်ဖွတွန်စွန်ဆိုင်းမိုင်းဘွဲ့ သနားတော်မြတ်ခံ၍ မိုင်းမော်စည်တိုင် ဆာတောင်ခန့် ဟူ၍ အမည်ရှိသောမြို့ကို အုပ်စိုးသည့်နေ့က မိုးကောင်းစီရင်စု ကျေးလက်အစုစု ၎င်းသက္ကရာဇ် ၁၁၅၇ ခု အမရပူရ နေပြည်တော် ဥမင်းတြားကြီးမှ သနားတော်မူသည်။
လည်းကောင်းဘုရားကြီးအမိန့်တော်နှင့် သိမ်းယူသည့် ကျေးရွာခရိုင်တို့ကို ရှေးထုံးစံရှိသည့်အတိုင်း ကျေးရွာဟောင်းသစ် အသီးသီး ရွေးသစ်ခံ၍ စာရင်းတော်ဆက်သွင်းပြီးလျှင် အုပ်စိုးတော်မူသည်။ဘုရင်နောင် လက်ထက်တွင် မိုးကောင်းစော်ဘွား ထီးဆယ်စင်းဆောင်းအဆင့်
ကလေးစော်ဘွားသည် ထီးကိုးစင်းဆောင်းအဆင့် မိုးညှင်းစော်ဘွားသည် ထီးငါးစင်းဆောင်းအဆင့်၊ ၀န်သိုစော်ဘွားသည် ထီးငါးစင်းဆောင်းအဆင့် အသီးသီးရှိကြသည်။ ( ဥဿရော၊ ၂၀၀၆၊ မျက် ၄၇)
ဘုရင့်နောင်အား စစ်ရူံးသောအခါ ရှမ်းနီမင်းတို့ မိုးကောင်းက တစ်နှစ်သုံးကြိမ် ပယင်းခဲများကို လက်ဆောင်တော် ဆက်သရသည်။ ကလေး၊ မိုးညှင်း၊ သီပေါတို့ကလည်း ထို့အတူ ကတိုး အောင်သား တရုတ်ပုဆိုး စသည်တို့ကို တစ်နှစ်သုံးကြိမ် လက်ဆောင်တော် ဆက်သကြရသည်။ မင်းတရားကြီးချီရာသို့လည်း သောင်းတပ်တစ်တပ်ဖြင့် လိုက်ပါအမူထမ်းရသည်။
မင်းတရား မိုးကောင်း၊ မိုးညှင်းတို့ချီတော်မူစဉ် မိုးကောင်းစော်ဘွားသည် တောင် ၄၅ လုံး အရှင်ဖြစ်သည်။ မိုးညှင်းစော်ဘွားက ၃၅ လုံးမိုင်းကိုအစိုးရကြောင်းသိရသဖြင့် မိုးကောင်းက သာလွန်ကြီးကဲသော စော်ဘွားဖြစ်ကြောင်းသိရသည်။ ( ကုလား၊ ၂၀၀၆၊ ဒု၊ ၂၃စ)
ညောင်းရမ်းခေတ်တွင် မိုးကောင်းစော်ဘွားကို ၉၅ လုံး မိုင်းရှင်စော်ဘွားအဖြစ်တွေ့ရှိရသည် ဆိုချင်သည်က မိုးကောင်းစော်ဘွား အုပ်ချုပ်မူအောက်တွင် တောင် ၉၅ လုံးပါဝင်သည်ဟူ၍ ဖြစ်ပါသည်။ (ကုလား၊ ၂၀၀၆၊ တ၊ မျက် ၁၂၂-၂၃)
မိုးကောင်း၊ မိုးညှင်း ၊ မိုးမိတ်တို့သည် ရှမ်းမင်းသား ညီနောင်သုံးဦးတို့မှ တည်ထောင်ခဲ့သော လက်နက်မြပုဂံခေတ်ပြိုင်ခဲ့သော ရှမ်
ချစ်သောစာဖတ်ပရိတ်သတ်ကြီးအား အဆင်လေးစားလျှင် - ကျးပေါက်
ထုတ်နုတ်- နန့်ကောင်းမြစ်လွင်ပြင်
-                   - Dr-သန်းထွန်း ခေတ်ဟောင်းမြန်မာ့ရာဇာဝင်
               တို့မှ စုစည်းတင်ပြသည်။
ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက် 
တရုတ်-မြန်မာ ကောင်းတုံစစ်ပွဲနောက်ကွယ်က ရှမ်းနီများ
$
0
0
ရှမ်းနီအမျိုးသား ဗလမင်းထင်ဦးစီးကွပ်ကဲသော ကောင်းတုံခံတပ်
AD- 1380 - 1388  မင်တရုတ်မင်းဆက် လက်ထက်တွင် ယူနန် ရှမ်းနယ်များအား မိမိတို့ တရုတ် နယ်နိမိတ်အဖြစ် ပိုင်ပိုင်နိုင်နိုင် သွမ်းသွင်းနိုင်ခဲ့လေသည်။  17 - ရာစုကျော် မှစ၍ မင် မင်းဆက်များသည် ပြောင်း လဲလာခဲ့ကာ မြန်မာပြည်မြောက်ပိုင်း မိုးကောင်း၊ မိုးညှင်း ရှမ်းနီနယ်များ အပေါ် စိတ်ဝင်စားမှု ပိုမိုထက်သန် လာပါတော့သည်။ မင်တရုတ်တို့၏ ကျူးကျော်စစ်ကို ရှမ်းနီအမျိုးသား စစ်သူကြီး ဗလမင်းထင် ၏ ကွပ်ကဲမူအောက်က ရှမ်းနီတို့၏ ကောင်းတုံခံတပ် တိုက်ပွဲကြီးက ပြည်ချစ်စိတ်ကို ဖေါ်ပြခဲ့လေသည်။ မြန်မာ့ သမိုင်းများကို လေ့လာထောက်ရှုခြင်းအားဖြင့် ရှမ်းနီတို့သည် ၁၁ ရာစု ပုဂံခေတ် မွန်ဂိုတာတာများ ကျူးကျော်စစ်ထဲက မြန်မာပြည်ကြီးကို ဗမာလူမျိုးများနှင့်အတူ ယနေ့ချိန်ထိ ပြည်ထောင်စုစိတ်ဓါတ် ခိုင်မာစွာကာကွယ်ခဲ့ကြောင်း သမိုင်းသက်သေ ခိုင်လုံသည်။
ကောင်းတုံခံတပ် စစ်ဗိုလ်ချုပ် ဗလမင်းထင်သည် တာလောကြီးနယ်သား ရှမ်းနီလူမျိုးတဦးဖြစ်ပြီး လှေထိုး မြင်းစီး ဓါးရေးကျွမ်းကာ သူရသတ္တိနဲ့ ပြည့်စုံပြီး လက်အောက် ငယ်သားများအပေါ် သနား ကျင်နာသော စီးမံအုပ်ချုပ်ကောင်းတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ကြောင့် ပျံလွန်တော်မူ သွားသော နိုင်ငံတော်သြ၀ါဒစရိယ ၀န်သိုဆရာတော်ကြီးမှ မိန့်ကြားဖူးသည်။
AD- 1447 ခုနှစ် ကောဇာသက္ကရာဇ် ၈၁၁ ခုနှစ်တွင် မင်တရုတ် ဧကရာဇ် (Ming Dynasty) မှ မောပြည်အပိုင် (ယခုယူနန်နယ်) ရှမ်းနယ်များကိုသိမ်းယူပြီး မြန်မာပြည်မြောက်ပိုင်း ရှမ်းနီနယ်များဖြစ်သော မိုးကောင်း၊ မိုးညှင်း တို့ကို သိမ်းပိုက်ရန် အမိန့်ထုတ်ကာ စစ်သည်အင်အား တစ်သိန်းသုံးသောင်း ကျော်ဖြင့် ယူနန်နယ်မှ တစ်ဆင့် ချီတက် လာလေသည် မိုးကောင်းမြို့ တော်ကို ၀င်ရောက်တိုက်ခိုက်ရန် ဧရာဝတီကို ကူးရမည်ဖြစ်ရာ မင်တရုတ်များ ဧရာဝတီမြစ်ကို တံတားဖွဲ့ပြီး ရှစ်နေ့တိတိ ကူးရလေသည်။
ထိုသို့ ကူးနေသည်ကို မိုးကောင်းစော်ဘွား၏ ကင်းလှည့်တပ်များ တွေ့သဖြင့် သတင်းပေးပို့ရာ မိုးကောင်း စော်ဘွားကြီးမှ မိုးညှင်းစော်ဘွားထံသို့လည်း သတင်းပေးပြီး စော်ဘွားနှစ်ပါး ပူးပေါင်းတပ်ဖြင့် တရုတ်တပ် များကို ဆီးကြို တိုက်ခိုက်လေတော့သည်။
မိုးကောင်း၊ မိုးညှင်း ရှမ်းနီပူးပေါင်းတပ်များက တရုတ်တပ်များ ဆီးကြို တိုက်ခိုက်လေရာ တရုတ်တပ်များ ပျက်ပြီး ဆုတ်ရလေသည်။ ထိုသို့ တရုတ်တပ်များ ပျက်ပြီး ဆုတ်သွားရ ကြောင်း
AD- 1413 – 1468 အင်းဝနရပတိမှ (နရပတိမင်းသည် မိုးညှင်းမင်းတရားနှင့် ရှင်မြတ်လှတို့၏ သားတော်အငယ်ဖြစ်သည်။၊ ငယ်မည်မှာ သီဟသူဖြစ်ပြီး ပြည်မြို့ကိုစားရသည်။)သတင်းရလျှင် မိုးကောင်းနှင့် မိုးညှင်း စော်ဘွားနှစ်ပါးကို ဂုဏ်ပြုသော အားဖြင့် ရွှေငွေလက်ဆောင်တော်များ ပို့ဆောင်လေတော့သည်။
AD- 1450 ခုနှစ် သက္ကရာဇ် ၈၁၂ အရောက်တွင် မိုးညှင်းစော်ဘွား နတ်ရွာစံပြီး သားတော် အိမ်ရှေ့မှ စော်ဘွားအဖြစ် သို့ ရောက်လေသည်။ စော်ဘွားအဖြစ်သို့ ရောက်သော် အင်းဝကိုတိုက်ခိုက်ရန် နန်းတော်တွင် ဆွေးနွေးရာ အင်းဝ မှ လွှတ်ထားသော သူလျှို မှ ကြားသိသဖြင့် အင်းဝသို့ သတင်းပို့ လေသည်။ အင်းဝ နရပတိလည်း စုံစမ်းခြင်း မပြုတော့ဘဲ အိမ်ရှေ့မင်းသား ပြည့်စုန်သီဟသူကို ခြေလျင်စစ်သည် ခုနှစ်သောင်း၊ တိုက်ဆင် လေးရာ၊ မြင်း ရှစ်ထောင်ဖြင့် မိုးညှင်းကို သိမ်းပိုက်စေလေသည်။
နရပတိမင်း သည် တချိန်က အင်းဝကို သိမ်းပိုက်စိုးစံခဲ့သော မိုးညှင်းမင်းတရားကြီး၏ သားတော်အငယ်ဆုံး သီဟသူပင်ဖြစ်သည်။ သီဟသူသည် နရပတိဘွဲ့ ခံကာ အင်းဝဘုရင်ဖြစ်သော် ရမည်းသင်းမြို့  နှင့် ပင်လယ်မြို့ ကို ခြေလျင် စစ်သည် ၈ သောင်း၊ မြင်းတပ် ခြောက်ထောင်၊ ဆင်တပ် သုံးရာ ဖြင့်တိုက်ခိုက်စေသည်။ ရမည်းသင်းစားလည်း အင်းဝတပ်များ စစ်မတိုက်ခင် လက်နက်ချကာ အညံ ခံလေသည်။
ပင်လယ်မြို့ ကို ၀ိုင်းရံပြန်လေသည်။ ပင်လယ်မြို့ သည် ရှမ်းစော်ဘွားများ၏ ပံ့ပိုးမူကို အထူးရရုံသာမက လက်နက်စိန်ပြောင်းကြီး များကလည်း ထူထပ်သဖြင့် အင်းဝတပ်များ မြို့ အနီး ကပ်လို့ မရဘဲ မြို့ နှင့် မနီးမဝေး နေရာတွင် စခန်းချကာ ၀ိုင်းရံထားလေသည်။ ထိုသို့ ၀ိုင်းရံနေစဉ် မင်တရုတ်တပ်များ ရှမ်းစော်ဘွားများက (မောပြည်) အတွင်းသို့ ၀င်ရောက်လာလေသည်။ တရုတ်တပ်များ သည် မိုင်းမောကို သိမ်းကာ အခိုင်နေပြီး ကျန်ရှိနေသော စော်ဘွားပိုင်နယ်များကို သိမ်းရန် ပြင်ဆင်လေသည်။ ရှမ်းစော်ဘွားများလည်း အင်းဝသို့ သံစေလွှတ်ကာ စစ်ကူတောင်းလေသည်။
ဘုရင် နရပတိလည်း ရှမ်းနီစော်ဘွားများ တောင်းသော စစ်ကူကို လက်ခံလေသည်။ တရုတ်တို့လည်း အင်းဝ နှင့် မောပြည် ပူပေါင်းသည့် သတင်းရသည် နှင့် ဗန်းမော်ကိုချီတက် သိမ်းပိုက်ပြီး ဧရာဝတီမြစ် ဖြတ်ကူးရန် တံတားဆောက်လေသည်။
AD- 1443 ခုနှစ် ရောက်သောအခါ အင်းဝတွင် စစ်ရေးကြုံ နေသည်ကို အခွင့်ကောင်းယူပြီး ပင်လယ်စား သည် ရမည်းသင်းမြို့ ကို တိုက်ခိုက်သိမ်းပိုက်လေတော့သည်။အင်းဝဘုရင် နရပတိမှာမူ တရုတ်ကို တိုက်ရန် ပြင်ဆင်မူသာ ပြုလုပ်နေလေသည်။
AD- 1444 ခုနှစ် တွင် ကျူးကျော် လာသည့် မင်တရုတ်တပ်ကို အင်းဝနှင့် မိုးကောင်း၊ မိုးညှင်း ရှမ်းနီတပ်တို့ ပူးပေါင်းတပ်များ ဆီးကြို တိုက်ခိုက်လေသည်။ ပူးပေါင်းအင်းအား မှာ တိုက်ဆင် ရှစ်ရာ ၊ မြင်း တစ်သောင်းငါးထောင်၊ ခြေလျင်စစ်သည် နှစ်သိန်း ငါးသောင်း၊ ရေတပ် အင်အား ရှစ်သောင်း ဖြင့် ခုခံလေသည်။
မင်တရုတ်တို့လည်း စစ်ကြောင်းလေးကြောင်းဖြင့် ချီတက်လာသည်။ ကောင်းတုံတွင် အင်းဝတပ်နှင့် တရုတ် စစ်သူကြီး တစ်ဦး ဦးဆောင်သော စစ်ကြောင်းတို့ အပြင်းအထန် တိုက်ခိုက်ကြလေသည်။ တရုတ်တပ်များသည် ဆင်တပ်ကို မမြင်ဖူးသဖြင့် ကြောက်လန့်ကြကုန်လေတော့သည်။
ထိုသို့ တစ်ဘက်နှင့် တစ်ဘက် အပြင်းအထန်တိုက်ရင်း တရုတ်စစ်သူကြီး ကျလေသည်။ တရုတ်စစ်သည် များလည်း အစားသောက်ရိက္ခာ မလုံလေက်သဖြင့် မိုးဝန်း သို့ ဆုတ်လေ၏။ ရှမ်းစော်ဘွားကြီးများ ဖြစ်ကြသော မိုးကောင်းရှမ်းနီစော်ဘွား နှင့် မိုးနဲ့ ရှမ်းကြီးစော်ဘွား တို့သည် ဗန်းမော်တွင် အခိုင်အမာ တပ်စွဲ၍ ပြန်နေလေသည်။ တရုတ်တို့လည်း ရိက္ခာအင်အားစုပြီး ထပ်မံတိုက်ရန် ပြင်ဆင်နေပြန်သည်။ မင်တရုတ်တို့၏ ရည်ရွက်ချက်မှာ အာရှတခွင်ကို သိမ်းပိုက်ရန်ဖြစ်သည်။ ထိုခေတ်တွင် ကိုးရီးယားသည် မင်မင်းဆက်၏ သြဇာခံ ဖြစ်နေခဲ့ပြီး။ မင်မင်းဆက်သည် ပိုမိုကျယ်ပြန့်သော အင်ပါယာကို ထူထောင်လိုခြင်းပင် ဖြစ်ပေသည်။
AD- 1557 ခုနှစ် တောင်ငူခေတ် ဘုရင့်နောင် မင်းတရားကြီးသည် ရှမ်းကျိုင်းရုံးကြီး နယ် (ယနေ့ခေတ် ကချင်/ရှမ်း/ကယားနယ်) များအား သိမ်းပိုက် အောင်နိုင်ခဲ့သည်။ သို့သော်ငြားလည်း ဒေသခံစော်ဘွား များသည် နယ်ချင်းထိစပ်နေသော တရုတ်ယူနန် ဘုရင်ခံနှင့် မြန်မာနေပြည်တော် ထံသို့ နှစ်ဘက် စလုံးအား အခွန်အတုပ် များပေးဆောင်ကာ ၄င်းတို့၏ ပဒေသရာဇ် အုပ်ချုပ်မှု အားဆက်လက် တည်တံ့ အောင်ကြီုးစားခဲ့ကြရသည်။
ဆင်ဖြူရှင်လက်ထက် တရုတ် ဧကရာဇ်မင်း ချင်းလုံ၏ ကျူးကျော်စစ်
ဆင်ဖြူရှင်မင်း AD – 1736 – 1776 မြန်မာနိုင်ငံ ကုန်းဘောင်းမင်းဆက်တွင် တတိယမြောက်မင်းဖြစ်၍ အလောင်းမင်းတရား ဦးအောင်ဇေယျ၏ ဒုတိယသားတော်ဖြစ်သည်။ သက္ကရာဇ ၁၀၉၈ ခုနှစ် ၀ါခေါင် လဆန်း ၁၃ ရက် တနင်္ဂနွေနေ့တွင် ဖွားမြင်ပြီး ငယ်မည်မှာ မောင်ရွသည် မြေဒူးမင်းဟုလည်းခေါ်သည်။ မကွေးမြို့မှ ဆင်ဖြူတော်ရရှိသဖြင့် ဆင်ဖြူရှင်ဘွဲ့ကိုခံယူသည်။ 
ပထမ ကျူးကျော်စစ် AD - 1765 – 1766 
1765 - ခုနှစ်ဦးပိုင်းတွင် ယိုးဒယားသို့ ချီတက်တိုက်ခိုက်ရန် အတွက် ကောင်းတုံတပ်မှုး ဗိုလ်ချုပ်နေမျိုး သီဟပိုက်၏ တပ်၂၀၀၀၀ သည် မြို့အားခေတ္တ စွန့်ခွာခဲ့သည်။ ထို အချိန်ကို အခွင့် ကောင်းယူကာ ယူနန် ဘုရင်ခံ လျူ သည် နယ်စပ်တွင် ကုန်သည်ဖြစ်သော လောလီ၏ က ခိုက်ရန်ဖြစ်ကြမှ တရုတ်ဘက်မှ သေသည်ကို အသက်ဖိုးလျော်ရရုံမျှနှင့် မကျေနပ် လူစားရလိုခြင်းတို့ အကြောင်းခံ၍ ဖြစ်ပွားခဲ့သော စစ်ပွဲဖြစ်သည်။
တရုတ်စစ်သူကြီး ရည်တာလောရဲသည် မြင်းတစ်သောင်း စစ်သည်ငါးသောင်းဖြင့် ကျိုးင်းတုံမြို့ကို ၀န်းရံ ထားသည်။ ကောင်းတုံ မြို့အားလည်း လွယ်လင့်တကူ သိမ်းပိုက်နိုင်ခဲ့သော်လည်း တလ အကြာ တွင် နေပြည်တော်မှ တပ်များ ဆင်နှစ်ရာ၊ မြင်းနှစ်ထောင်၊ စစ်သည် နှစ်သောင်းပါသော တပ်(၁၁) တပ်ဖြင့် ဥဒိန်ပုညာနှင့် စံလှကြီးတို့က စစ်ကဲ၊ လက်ဝဲမှူး နေမျိုးစည်သူက ဗိုလ်ချုပ်ပြု၍  ၂၇.၁၂. ၁၉၆၅ တွင်ချီတက် တိုက်ခိုက်ရာ တရုတ်တို့သည် မခံနိုင်တော့ပဲ ဆုတ်ခွာခဲ့ရာ နေမျိုးစည်သူသည် ယူနန်နယ် ပျူ အာလွင်ပြင် အထိ တရုတ်တို့အား လိုက်လံတိုက်ခိုက်ခဲ့ရာ ထိုစစ်ပွဲတွင် တရုတ်စစ် သည် ၃၀၀၀၀ ခန့် မြန်မာတို့၏ လက်ချက် အစာရေစာပြတ်လပ်မှုနှင့်ရောဂါ ဘယ တို့ကြောင့်ကျ ဆုံးခဲ့ရသည်။ ယူနန် ဘုရင်ခံ လျူ  သည် စစ်ပွဲ၏ ရှုံးနိမ့်မှုကြောင့် မိမိကိုယ် မိမိ လည်ချောင်း ကိုဖြတ်ကာ အဆုံးစီရင်ခဲ့ရာ  ပထမကျူးကျော်စစ် ပြီးဆုံး ခဲ့သည်။
အဆိုပါ ရှုံးနိမ့် မှုကြောင့် ကွင် မင်းကြီးသည် အပြင်းအထန်ဒေါသပုန် ထခဲ့ပြီး ဇီကျန်းနှင့် ဂွမ်ဇိုး နယ်များ၏ အားအောင်နိုင်ခဲ့သော နာမည်ကျော် စစ်သူကြီး ရန်ရင်ဂျူးအား ပြည်သိမ်း တပ်ဖွဲ့၏ စစ်သေနာပတိ အဖြစ် ခန့်အပ်ခဲ့သည်။
ဒုတိယ ကျူးကျော်စစ် AD- 1766- 1767
1766-ခုနှစ် နွေဦးတွင် ပြည်သိမ်းတပ်ဖွဲ့အား စစ်သူကြီးရန်က စတင်ကွပ်ကဲမှု ယူခဲ့သည်။ ရန်သည် ကောင်းတုံ အားကျော်လွှားကာ အထက်ဗမာပြည်အား တိုက်ရိုက် ထိုးစစ်ဆင်ရန် အစီအစဉ် ရေးဆွဲခဲ့သည်။ အဆုံး စွန်သော ရည်မှန်းချက် မှာမြန်မာပြည် တပြည်လုံးအား ကွင်နိုင်ငံတော် အတွင်းသို့ သွတ်သွင်းရေး ပင်ဖြစ်သည်။ 
1767 ခုနှစ် ဇန်န၀ါရီလတွင် တရုတ်တို့က မြင်းနှစ်သောင်း ငါးထောင်၊ စစ်သည်နှစ်သိန်းငါးသောင်း ကို ရင်စုတာရည်နှင့် ဆင်တာလောရဲ တို့ ဗိုလ်ချုပ်ပြု၍ ဗန်းမော်သို့ စန္ဒားကြောင်းမှချီလာရာမှ စစ်ပွဲစတင် ဖြစ်ပွားသည်။ ရန်သူတရုတ်တို့က  ဗန်းမော်မြို့ကို တိုက်ခိုက်ခြေကုတ် ယူပြီး အင်းဝကို တိုက်ရိုက် ချီတက် ရန်ဖြစ်သည်။ မြန်မာတို့သည် တရုတ်တို့၏ စီမံချက်ကို ကြိုတင် ရိပ်စားမိခဲ့ပြီး ဧရာဝတီမြစ်ကြောင်း တလျောက် ခံစစ်အစီအစဉ် များကောင်းစွာပြင် ဆင်ထားခဲ့သည်။
စစ်သူကြီး မဟာသီဟ သူရ သည် ဗန်းမော်မြို့အား လက်လွှတ်ရန် အမိန့်ပေး ခဲ့ပြီး ဗန်းမော်မြို့ တောင်ဘက် မိုင်အနည်းငယ် သာဝေးသော ကောင်းတုံမြို့တွင် စစ်သည် အင်အား ၂၅၀၀၀ နှင့် ပြင်သစ်လူမျိုး အမြောက်တပ်ဖွဲ့များဖြင့် ခံစစ်ကို ခိုင်မာ အောင်ပြင်ဆင် ထားခဲ့သည်။ ထို့အတူ ယူနန်နယ်ခြား ကန်ဟောင်းမြို့မှ မဟာသီဟသူရ အားလည်းကောင်း တောင်ဘက်ခြမ်းမှ ပတ်ကာ ဗန်းမော် သို့ချီတက်စေသည်။
ဤစစ်တွင် မြန်မာတို့ဘက်က ဆင်နှစ်ရာ မြင်းနှစ်ထောင် စစ်သည်နှစ်သောင်းပါ တပ်(၂၁) တပ်ကို မြေစွန်းဝန်နှင့် ပင်းယမြို့စားတို့က စစ်ကဲ ၀န်ကြီးမဟာစည်သူက ဗိုလ်ချုပ်ပြု၍ မိုးကောင်း၊ မိုးညှင်းကြောင်း ချီရသည်။ အမြောက်တင်လှေသုံးရာ စစ်သည် တစ်သောင်းငါးထောင်ပါတပ် (၁၁)တပ်ကို လက်ဝဲ၀င်းမှူး နေမျိုးစည်သူက ဗိုလ်ချုပ်ပြု၍ ရေးကြောင်းမှ ဗန်မော်သို့ချီရသည်။
ဗန်းမော်-ကောင်းတုံထောင်ချောက်
ရင်စုတာရည်သည် ဗန်းမော်ရောက်လျှင် ဗန်းမောင်ဈေးတပ်၌ လူသုံးသောင်း မြင်းသုံးထောင်ထားခဲ့ပြီး ကျန်လူခုနှစ်သောင်း မြင်းခုနှစ်ထောင်နှင့် ကောင်းတုံကို ၀န်းရံလုပ်ကြံသည်။ ထိုအခါ မြို့ဝန်ဗလမင်းထင် အစီအရင်ကောင်းသဖြင့် တရုတ်တို့မြို့တွင်းသို့ မဖေါက်နိုင်ဖြစ်၍ ကောင်းတုံတပ်နှင့် တာနှစ်ဆယ် အကွာတွင် တပ်တည်ဝန်းရံနေရသည်။ လက်ဝဲမှူးနေမျိုးစည်သူ တပ်များတိုက်၍ တရုတ်တို့၏ ဗန်းမော်ဈေး တပ်ပျက်သွားသည်။
တရုတ်တို့ဘက်မှ ဆင်တာလောရဲသည် မြင်းတစ်သောင်း၊ စစ်သည်တစ်သိန်းကို ဗိုလ်ချုပ်ပြု၍ မိုးကောင်းသို့ ချီလာသည်။ သဉ္ဖာနွယ်လိမ်တောင်၌ မြင်းငါးထောင်၊ စစ်သည်ငါးသောင်း တပ်စွဲစေခဲ့ပြီး မြင်းတစ်သောင်း စစ်သည် တစ်သိန်းကို ရင်စုတာရည်က ဗိုလ်ချုပ်ပြု၍ ဗန်းမောင်သို့ချီုလာသည်။
ချင် စစ်သည်တို့သည် ၁၇၆၆ ဒီဇင်ဘာတွင် ဗန်းမော်အား အခုအခံမရှိ သိမ်းပိုက်ခဲ့ပြီး ထောက်ပံ့ရေး စခန်း အဖြစ်အခြေချခဲ့သည်။ ကောင်းတုံအား ဆက်လက် တိုက်ခိုက်ခဲ့သော်လည်း ဗလမင်းထင်၏ ခုခံ မှုကြောင့် တရုတ်တို့ အကျအဆုံးများခဲ့သည်။ ဒီဇင်ဘာ လကုန်တွင် မဟာသီဟသူရ၏ တပ်များတောင်ဘက် ရှမ်းတောင်တန်းများ ဆီမှ ဆင်းသက်လာသဖြင့် တရုတ် ၄၅၀၀၀ ခန့်မှာ ဗန်းမော်မြို့အတွင်း ပိတ်မိတော့ သည်။ တရုတ်တို့ အင်အား စိတ်ဓာတ်ပိုင်း ကျဆင်းလာချိန်တွင် မြန်မာတို့သည် ထိုးစစ်ကြီး ဆင်နွဲလေ တော့သည်။
စစ်မျက်နှာနှစ်ဖက် ရင်ဆိုင်ရသော တရုတ်တို့သည် မခံနိုင်တော့ပဲ အရှေ့မြောက်ဘက် ယူနန်နယ် အတွင်း သို့ ဧရာဝတီမြစ်ရိုးအတိုင်း ဆုတ်ခွာရာ မြစ်၏အရှေ့မှ ဗလမင်းထင်၏ တပ်ဖွဲ့များ အနောက်ဘက်မှ မဟာသီဟ သူရ၏ တပ်ဖွဲ့များမှ ထက်ကြပ်လိုက်လံ စစ်ဆင်ချေမှုန်းခဲ့ရာ
လက်ဝဲမှူး (၁၁) တပ်နှင့် ကောင်းတုံ တပ်သို့ တရုတ်တို့၏ ရံတပ်ကို ညပ်တိုက်ရာ ရင်စုတာရည်တပ်များ မိုင်းဝန်းသို့တိုင် ပြေးရသည်။ယူနန်နယ် အတွင်းရှိ တရုတ်ပိုင်မြို့ (၇) မြို့အား ဆက်လက်သိမ်းပိုက် ရရှိခဲ့သည်။
အောင်နိုင်သူမြန်မာ တပ်များသည် အမြောက်လက်နက်ရွှေငွေ များအား တရုတ်မြို့များမှ သိမ်းယူကာ မေလ တွင် အင်းဝနေပြည်တော်သို့ပြန်လည်ရောက်ရှိခဲ့သည်။ တရုတ် ဧကရာဇ် ချင်းလုံ သည် စစ်သူကြီး “ရန်” အား မိမိကိုယ် မိမိ အဆုံးစီရင်ရန် အမိန့် ချမှတ်ခဲ့သည်။
- တတိယ ကျူးကျော်စစ် AD 1767 – 1768 
တရုတ်တို့ စစ်ပွဲ ၂ ကြိမ် ရှုံးနိမ့်ပြီးနောက် တရုတ် ဧကရာဇ်သည် မြန်မာတို့အား နိုင်ငံငယ်ဟူပြီး အထင်မသေး ၀ံ့ တော့ချေ။
AD 1767  ခုနှစ်တွင် မန်ချူး နာမည်ကျော် စစ်သူကြီး မင်းယွေ့ အား စစ်သေနာပတိ ခန့် အပ်ခဲ့သည်။ မင်းယွေ့သည် ဧကရာဇ်၏ သမက်တော် လည်းဖြစ်သည်။
မင်းယွေ့ သည် မိုးကုန်ပိုင်းတွင် စစ်ကြောင်း ၂ကြောင်း ခွဲကာ ထိုးစစ်ဆင်ရန် စီစဉ်ခဲ့သည်။ ပင်မ စစ်ကြောင်းကို ၄င်းကိုယ်တိုင် ဦးစီးကာ နမ္မတူချောင်း အတိုင်းလာရှိုး ကို သိမ်းပိုက်ရန်နှင့် ဗိုလ်ချုပ် အီတန်ဂီ ဦးစီးသည့် ဒုတိယစစ်ကြောင်းသည် ဗန်းမော်လမ်းကြောင်း အတိုင်းချီတက် ရန်ဖြစ်သည်။
စစ်ဆင်ရေးရည်မှန်းချက်မှာ အင်းဝမြို့တော်အား အရှေ့အနောက်နှစ်ဖက် ညှပ်ရန်ဖြစ်သည်။ မြန်မာ တို့သည် အီတန်ဂီ၏ ဒုတိယစစ်ကြောင်းအားကောင်းတုံ မှ နေမျိုးစည်သူ ဦးစီးထိန်းချုပ်ပြီး ဗလမင်းထင်နှင့် မဟာသီဟသူရ တို့၏ တပ်များက အရှေ့မြောက်ဘက်တွင် ပင်မ စစ်ကြောင်းအား ထိန်းချုပ်ရန်ဖြစ်သည်။
- တရုတ်မြန်မာ စစ်ပွဲကာလ ပုဆိုးခါးတောင်းကျိုက် ထိုးကွင်းမင်ကြောင်နှင့် တရုတ်-မြန်မာ နယ်စပ် ဗန်မော် ကောင်းတုံနယ်ရှိ ရှမ်းနီလင်မယား..
၁၇၆၇ နိုဝင်ဘာ တွင် မင်းယွေ့၏ တပ်များသည် ဗန်းမော်ကို သိမ်းပိုက်ပြီး ကောင်းတုံတောင်ဘက် ဟန်စင် အား ရိက္ခာထောက် စခန်းအဖြစ် စစ်သည် ၅၀၀၀ နှင့် အစောင့် ချထားခဲ့သည်။ စစ်သည် ၁၅၀၀၀၀ ဖြင့် အင်းဝသို့ဆက်လက် ချီတက်ခဲ့သည်။
ဒီဇင်ဘာနှောင်းပိုင်းတွင်  ဂုတ်ထိပ်တွင် နေမျိုးစည်သူ တပ်များနှင့် ရင်ဆိုင် ခဲ့ရာ သီဟစည်သူ တပ်များ ဆုတ် ခွာပေးခဲ့ ရသည်။ ထိုအချိန် တွင် မဟာ သီဟသူရ ၏ တပ်များသည် ဟတ်စင် အားနောက်ပိုင်းမှ ၀င်ရောက် တိုက်ခိုက်ပြီးရန်သူ့ ရိက္ခာထောက်လမ်း အားဖြတ်တောက် ခဲ့သည်။
မင်းယွေ့ တပ်များ သည် ဆုတ်ခွာသွားသောနေမျိုးစစ်သူ ၏ တပ်များနောက်သို့တောက်လျောက် လိုက်ခဲ့ရာ ၁၇၆၈ နှစ်ဦးတွင် အင်းဝမြို့ မြောက်ဘက် မိုင် ၃၀ အကွာ စဉ့်ကူးမြို့သို့ ရောက်ရှိ လာခဲ့သည်။ သို့သော် လည်း တောင်ဘက်မှ အီတန်ဂီ၏ တပ်များကို မဟာသီဟသူရ မှ ထိန်းချုပ်နိုင်ခဲ့ သဖြင့် တပ်မနှစ်ဖက် မှာ ဟန်ချက်ပျက်သွားခဲ့သည်။
အငါးဝ ခံစစ်တွင် ဆင်ဖြူရှင်မင်း ကိုယ်တိုင် ဦးစီးပြီး စဉ့်ကူရှိ တရုတ်တို့ကို တန်ပြန် ထိုးစစ်ဆင်နွဲရန် ညီတော်မင်းသားများနှင့် တိုက်ပွဲဝင်ခဲ့သည်။
တရုတ်တို့၏ ရှည်လျားလှသော ထောက်ပံ့ရေး လမ်းကြောင်းအား ဗိုလ်မှူး တိမ်ကြားမင်းခေါင်၏ ပြောက် ကျား တပ်ဖွဲ့ များ က အဆက်မပြတ်ဖြတ်တောက် တိုက်ခိုက်ကြ သဖြင့် တရုတ်တို့မှာ ရိက္ခာ ခဲယမ်း များစွာ အခက် အခဲတွေ့လာခဲ့သည်။
မင်းယွေ့၏ အခြေအနေသည် ခံစစ်သို့ ကူးပြောင်းလာခဲ့သည် တောင်ဘက်မှ အီတန်ဂီ၏ ဒုတိယ စစ်ကြောင်း သည်လည်း ကောင်းတုံမှ အကျအဆုံးများ စွာဖြင့် ဆုတ်ခွာ ခဲ့ရသဖြင့် မင်ယွေ့သည် ဆုတ် ခွာ ရန်ပြင်ဆင်ခဲ့ပြီး ၁၇၆၈ နှစ်ဦးတွင် ဆုတ်ခွာခဲ့ပြီး မင်ယွေ့သည် ဟန်ဆင် ရောက်သည်တွင် အဆုံးစီရင် ခဲ့သည်။ ထောင်ပါင်း များစွာသော တရုတ် ဧကရာဇ်၏ နာမည်ကျော် အလံကိုင် တပ်ဖွဲ့ (Bannerman) ၀င် များသည် ရှမ်းတောင်တန်း တကြောတွင် မြန်မာတို့၏ တိုက်ခိုက်မှု ရောဂါဘယ တို့ကြောင့် သေဆုံးခဲ့ရသည်။
တရုတ် ဧကရာဇ် ချင်းလုံသည်
တရုတ် ဧကရာဇ် ချင်းလုံသည် တရုတ်တို့ အရေးနိမ့်ရသည့် အဖြစ်ကို လွန်စွာ မျက်မာန် ရှတော်မူသည်။ မြောက်ကြောင်းချီ စစ်မှူး၏ လစ်ဟင်း မှုကြောင့် ဖြစ်သည်ဟု အပြစ်ပုံချ လေတော့သည်။ ကောင်းတုံကို သိမ်းပိုက်ခြင်း မပြုနိုင်သည့် အကြောင်းရင်းနှင့် တောင်ကြောင်းချီ စစ်တပ်ကြီးကို မကူ မထောက်နိုင်သည့် အကြောင်းရင်းတို့ကို ရှင်းလင်း လျှောက်တင် ကြသော်လည်း ယုတ္တိ မတန်ဟု ယူဆ၍ တရုတ် စစ်မှူးကို သံကြိုးဖြင့် တဲကာ ပီးကင်းသို့ ခေါ်ဆောင်လာစေသည်။ ပီကင်းတွင် တရုတ် စစ်မှူးနှင့်တကွ ၎င်း၏ မိသားစုကို ပြစ်ဒဏ် ကြီးစွာ ခတ်လေသည်။ မြန်မာနိုင်ငံကို ဝင်ရောက် တိုက်ခိုက်ရာတွင် ထိုးစစ်ဖြစ်သဖြင့် မြန်မာနှင့် တရုတ် အင်အားကို အခြေအနေ တမျိုး ပြောင်းလဲစေသည်ဟူသော ယူဆချက်ကို ချင်းလုံမင်းသည် လက်မခံဘဲ၊ နောက်တကြိမ် မြန်မာနိုင်ငံကို ဝင်ရောက် တိုက်ခိုက်ရန် ကြိုးစားပြန်သည်။ 
စတုထ္တ ကျူးကျော်စစ် AD- 1769
AD- 1769 ခုနှစ် ကွင်လောင် ဧကရာဇ် သည်၎င်း၏ ၀ါရင့် စစ်သူကြီး ဖူဟောင်းအား အလံကိုင် တပ်ဖွဲ့ဝင် ၆၀၀၀၀ အား ကွပ်ကဲရန် တာဝန်ပေးအပ် ခဲ့သည်။ ဖူဟောင်းသည် တပ်တော် ၃-ခု ဖြင့် စစ်မျက်နှာ ၃-ခု မှ တိုက်ခိုက်ရန် စီမံခဲ့သည်။ 
တရုတ်မြန်မာ စတုတ္တစစ်ပွဲ အခြေပြ မြေပုံ
စစ်ကြောင်း ၁-ခု သည် ဗန်းမော်နှင့်ကောင်းတုံအား တိုက်ခိုက်ရန်။ အခြား တပ်တော် ၂-ခု သည် ဗန်းမော်နှင့် ကောင်း တုံ အားရှောင်ကွင်း ကာ ဧရာဝတီ မြစ်ကမ်း တစ်ဖက် တစ်ချက် မှ မြစ်ရိုး အတိုင်း အင်းဝ သို့စုန်ဆင်း တိုက်ခိုက်ရန်။ မြစ် အတွင်းမှ တပ်တော်အား အထောက် အကူပြုရန် ဖူဂျီရန်ရေတပ်ဖွဲ့မှ စစ်လှေ ရာပေါင်းများစွာ ပါဝင်ပါသည်။
 မြန်မာတို့သည် မဟာသီဟသူရ အား စစ်သေနာပတိ အဖြစ်ခန့်အပ်ကာ ဗလမင်းထင် အားကောင်းတုံ တပ်မှူး အဖြစ် တာဝန်ပေးအပ် ခဲ့သည်။ တာလောကြီးနယ်သား ရှမ်းနီမျိုးသား ဗလမင်းနှင့်အတူ ဧရာဝတီမြစ်ရိုး မိုးကောင်း၊ မိုးညျင်း ရှမ်းနီလူမျိုးများ သောင်းတပ် အဖြစ်ပါဝင်ခဲ့ကြသည်။  မြန်မာတပ်ဖွဲ့တွင် ပြင်သစ် စစ်ဗိုလ် ပီရီးဒီမီလာ့ ၏ နာမည်ကျော် မာစကပ်တီးယားစစ်သည် များ သည် ဗလမင်းထင် ၏ လက်အောက်တွင် ပါဝင်ခဲ့သည်။
မဟာသီဟသူရ သည် ဘုရင့် ရေတပ်နှင့် အတူ အောက်တိုဘာ လဆန်း တွင် ဗန်းမော် သို့ချီတက် ခဲ့သည်။ ဖူဟောင်း သည် မိုးမကုန်မီ ပင် အလောင်းအစား ဆန်စွာဖြင့် ထိုးစစ်ကို စတင်ခဲ့ပြီး အစီအစဉ် အတိုင်း ဗန်းမော် ကောင်းတုံမြို့ များအား သိမ်းပိုက်ရန်ချီတက် ခဲ့သည်။
သို့သော်လည်း တရုတ်တပ်များ အား ဗလမင်းထင်မှ ကောင်းတုံတွင် ထိန်းချုပ်နိုင်ခဲ့ ယုံမျှ မက မြစ်ကြောင်း အတိုင်း ချီတက် လာသော တရုတ် စစ်ကြောင်းများ သည် မြန်မာရေတပ် ကြည်းတပ် တို့၏ နှစ်ဖက်ညှပ် ထိုး စစ်များကြောင့် အကျ အဆုံး အလွန်တရာ များပြားခဲ့ပါ သည်။
 ရွှေညောင်ပင် ခံတပ်အား သိမ်းပိုက်နိုင်ခဲ့သော်လည်း ကောင်းတုံ နှင့် ဗန်းမော် မဟာသီရသူရ တပ်များက တရုတ်တို့အား လုံးဝနီးပါး ၀ိုင်းပတ် ပိတ်ဆို့ခဲ့ပြီး နိုဝင်ဘာလ အတွင်းတွင် ရွှေညောင်ပင် အားပြန်လည် သိမ်းပိုက်ခဲ့သည်။ ထိုအချိန်တွင် တရုတ်တပ်များသည် ဗန်းမော် ကောင်းတုံ ရွှေညောင်ပင် စက်ဝိုင်းအတွင်းလုံးဝ ပိတ်ဆို့ ခံလိုက်ရတော့သည်။
တရုတ် စစ်သည် ၂၀၀၀၀ ကျော် ကျဆုံးခဲ့ပြီး ပိတ်ဆို့ခံရသော အချိန်တွင် မဟာသီဟသူရ သည် ဖူဟောင်း ထံအောက်ပါ အတိုင်း သ၀ဏ်လွှာ ပို့လိုက်သည်......
" အဆွေတော် စစ်သူကြီး ယခု ငါ သင်တို့ကို ၀ိုင်းထားသည် ယခု အခြေအနေ မှာ ငါတို့နိုင်သည် သို့သော် ယခု သင်၏ တပ်ရှုံးရင် နောက်တတပ် သင်တို့ထပ်လာမည် နောက် တတပ် ပြီးနောက် တတပ် ထပ်လာမည်သို့ဖြစ်ကား ပြည်သူတို့ကား နားနေရမည် မဟုတ် ငါတို့နှစ်ဖက်ပြည်သူ အကျိုးရည်ကာ စစ်ပြေငြိမ်း ရအောင်"ဟု ဆိုလေသည်။
AD- 1769 ခုနှစ် ဒီဇင်ဘာ ၁၃- ရက် နေ့တွင် ကောင်းတုံတွင် အောက်ပါ အချက်များ ပါဝင်သော စစ်ပြေငြိမ်းရေး စာချုပ်ချုပ်ဆိုခဲ့ကြသည်။
(၁) တရုတ်ပြည် အတွင်း ခိုလှုံနေသောမြန်မာ မင်းအား ပုန်စားသူစော်ဘွားများ သူပုန်များ အားလုံး လက်နက်စွန့်ရမည်။
(၂) တရုတ်တို့အနေဖြင့် မြန်မာပိုင် ရှမ်းဒေသအား ထိပါးခြင်းမရှိစေရ မြန်မာတို့၏ အချုပ်အခြာ ပိုင်နက် ကိုလေးစား ရမည်။
(၃) နှစ်ဘက် စစ်သုံ့ပန်း များပြန်လွှတ်ရမည်။
(၄) နှစ် ဖက် မင်းများ မဟာမိတ် အဖြစ် ချစ်ကြည်စွာ ဆက်ဆံကာ အပြန်အလှန် သံတဲ များ ထားရှိရမည်။
ထိုသိုနှစ်နိုင်ငံ စာချုပ်ချုပ်ဆိုခြင်းဖြင့် တရုတ်မြန်မာ စစ်ပွဲကြီး အဆုံးသတ် ပြီးဆုံး ခဲ့ပါတော့သည်။
ကျားပေါက် စုစည်းတင်ပြသည်။
ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက် 
မိုးညှင်းစောဝ်လုံနှင့် မိုးဆုတောင်းစေတီတော်
$
0
0
AD - 1524 သက္ကရာဇ် (၈၄၂-၈၆၄) ဒုတိယမင်းခေါင် အင်းဝ ရွှေထီးနန်းကို စိုးစံစဉ်ကာလတွင် ဖြစ်သည်။ စောဝ်လုံ (ခေါ်) စလုံစော်ဘွားသည် မိုးညှင်းကို အုပ်ချုပ်လေသည်။
“သတိုးရာဇာ ရဲကျော်စွာ
 ကျေညာထင်ပေါ် ညီတော်ဘုန်းရှိ
 နရပတေ့တသုန် ပြည့်စုံမင်းဖျား
သားတော်မင်းခေါင် မြန်အောင်ရိုက်မွန်း
 ရွှေနန်းကြော့ရှင်း အောင်မြင်ရန်နင်း
ထီးခြောက်စင်းကား မိုးညှင်းမင်းမျိုး နွယ်တရိုး
သတိုးဖျားမင်းတရာက စသည်ရေတွက်
ဆယ့်သုံးဆက်တိုးရန် ခက်ချိုးနွံ စိုးမိုးစံ
နိုင်ငံအလွန် စည်းပြီးတည့်” ဟုနောင်လာမှတ်စဉ် မင်းစာစဉ်တွင် စပ်ဆိုထားခဲ့ကြသည်။ 
မိုးညှင်းသတိုး ဆယ့်သုံးဆက်နောက် စောဝ်လုံ (ခေါ်) စလုံစော်ဘွားသည် လျှမ်းလျှမ်းတောက် ဘုန်းတန်းခိုးကြီးခဲ့လေသည်။” 
AD- 1527  ခုနှစ် သက္ကရာဇ် - ၈၈၈ ခုနှစ် မိုးကောင်းမင်းတြာကြီးဘွဲ့ခံ မိုးညှင်းစလုံခေါ် စောဝ်လုံ (မိန်းယမ်းစောဝ်ဖှလုံး) သည် ဆင်မြင်း အလုံးအရင်းနှင့် ရှမ်းနီတပ်ကြီးကို ဦးစီးကွပ်ကဲ၍ ၎င်းသားတော် သိုဟန်ဘွား (ဆေဟန်ဖှ) နှင့်အတူ ရှမ်းနီတပ်ကြီးဖြင့် အင်းဝသို့ချီလာရာ ပခန်းနယ်သားတို့ ခုခံတိုက်ခိုက်ရာ အင်းဝအိမ်ရှေ့မင်းလည်း စစ်အတွင်းနာ၍ အနိစ္စရောက်လေသည်။ မိုးညှင်းစောဝ်၏ ရှမ်းနီတပ်ကြီးသည် ဟန်လင်းမှတစ်ဆင့် စစ်ကိုင်းသို့ချီလာရာ အင်းဝဘက်သို့ ကူးပြီးဝိုင်းရံသည်။ ရွှေနန်းကျော့ရှင်နရပတိလည်း အုန်းပေါင်ခွန် မိန်းငယ် မရောက်သေးသောကြောင့် အင်းအားမမျှသေး၍ ထွက်မတိုက်သေးချေ။ မိုးညှင်းစလုံ ရှမ်းနီတပ်များသည် အင်းဝမြို့ကို ရှစ်ရက် ၀ိုင်းရံခဲ့ပြီး နောက်ဆုံးတွင် ဆင်မြင်းအလုံးအရင်းနှင့် မြို့တွင်းသို့ ၀င်ရောက်တိုက်ခိုက်နိုင်ခဲ့သည်။  အင်းဝမြို့ပေါက်၍ ရွှေနန်းကျော့်ရှင်သည် ရွှေစာတိုက်ဟူသော ဆင်ကိုစီး၍ ထွက်တော်မူသောအခါ မိုးညှင်းစောဝ်လုံ၏ သားတော် သိုဟန်ဘွားသည် ဆင်နှင့်ခံ၍ တိုက်လေသည် ရွှေနန်းကျော့ရှင် နရပတိမင်းခေါင်တွင် အမြောက်ဆံသင့်ကာ ဆင်ဦးတွင်ပင် နတ်ရွာစံလသည်။
  မိုးညှင်းစောဝ်လုံသည် သားတော် သိုဟန်ဘွားအား တိုက်ဆင်နှစ်ရာ၊ မြင်းလေးထောင်၊ စစ်သည်သူရဲ ခြောက်သောင်းပေးခဲ့၍ အင်းဝတွင်မင်းပြုစေသည်။ ရွှေနန်းကြော့ရှင်၏ တူတော် မင်းကြီးရန်နှောင် သည်လည်း အင်းဝပျက်၍ မြို့ပြင်တောအရပ်မှာ ရှောင်ရှားနေလေသည်ကို မိုးညှင်းစောဝ်လုံ ကြားသိလေရာ မင်းကြီးရန်နောင်ကို ခေါ်၍ “ငါ့သား သိုဟန်ဘွားသည် မြန်မာအမူ မလိမ္မာပါ၊ မင်းကြီးသွန်သင် ပဲ့ပြင်၍ စီရင်ခင်း၊ စိရင်ဖွယ်ရှိသောအခါ ငါ့သားနှင့် တိင်ပင်၍ စီရင်ကွပ်ညှပ်ပါ ” ဟုဆိုက သိုဟန်ဘွားအား သွန်သင်ပဲ့ပြင်ရန် အမတ်ကြီးခန့်ထားခဲ့သည်။ ပြင်စည်မြို့ကိုလည်းပေး၍စားစေသည်။ မိုးညှင်းစလုံသည် အင်းဝကို စီရင်တော်မူပြီးလျှင် မိုးညှင်းသို့ပြန်လေသည်။
 မိုးကောင်းမင်းတြာကြီးဘွဲ့ခံ မိုးညှင်းစလုံခေါ် စောဝ်လုံမိန်းယမ်း တည်ခဲ့သော သားအဖနှစ်ယောက် နယ်ခြားစေတီခေါ် မိုးဆုတောင်းပြည့် စေတီတော် မိုးကောင်းရွာအနီး ကန့်ပလူမြို့နယ်..
 မူရင်းကျောက်စာ စာသား..
AD- 1526 သက္ကရာဇ် ၈၈၈ ခုနှစ်တွင် မိုးညှင်း စောလုံခေါ် မိုးကောင်းမင်းတြာကြီးသည် သားတော် သိုဟန်ဘွားကို အင်းဝနေပြည်တော်တွင် ထီးနန်းတင်ပြီး၍ မူးမြစ်ကြောင်းအတိုင်း  ဆန်တက် ကြွချီတော်မူခဲ့ရာ (ယ္ခု-ရွှေဘိုခရိုင် ကန့်ဘလူမြို့ နယ်၏ အနောက်တောင်ထောင့်) မှုးမြစ် ကမ္ဘား တနေရာတွင် ရွှေညောင်ပင်စိုက်၍ သား၏နယ်နှင့် ဖခင်၏ နယ်ဟု နယ်ခြား  သတိမှတ်ခဲ့ပါသည်။ ထိုရွှေညောင်ပင် စိုက်ရာကို အစွဲပြု၍ ထိုရွာကို “မိုးကောင်းစိုက် ညောင်ပင်ရွာ” ဟု အမည်ပြု ခဲ့ပါသည်။
စိုက်ညောင်ပင်၏ အရှေ့တည့်တည့် တစ်ဖာလုံခန့် အရပ် ၌ သရက်ဖြူပင်ကြီးများ တစ်စုတစ်ဝေး ပေါက်ရောက် လျက်ရှိရာ နေရာတွင် ဓါတ်တော်မွေတော်များကို ဠာပနာလျှက် စေတီတော် တစ်ဆူကို တည်တော်မူခဲ့ပြန်ပါသည်။ မိုးကောင်း မင်းတြားကြီး ဆုတောင်းကောင်းမှု စေတေီတော်မြတ်ကြီးကား ဤ “မိုးဆုတောင်း”စေတော် ပင်ဖြစ်ပါတော့သည်။
ဤမိုးဆိုတောင်း စေတီတော်မြတ်ကြီးကို နှစ်စဉ် ၀ါဆိုလပြည့်ကျော် (၆) ရက်နေ့ ညနေတွင် သစ်သီးမျိုးစုံ မုံ့မျိုးစုံ ပန်းမျိုးစုံတို့ဖြင့် ဆွမ်းတော်ကြီး ကပ်လှူခြင်း ဗုဒ္ဓပူဇနိယသံဃာတော် အရှင်မြတ်တို့ထံမှ ငါးရံမင်း၊ ပရိတ်တော်နှင့်တကွ တရားတော်မြတ်တို့ကို နာယူခြင်း ဓမ္မပူဇနိယ သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်းအစရှိသော လှူဘွယ် ၀တ္ထုအစုစုတို့ဖြင့် ဆက်ကပ်လောင်းလှူ ပူဇော်ခြင်း သံဃပူဇနိယ ပွဲတော်ကြီးကို ပြုလုပ်ပူဇော်ကြပါသည်။
လက်လှမ်းမှီသမျှ ပြုပြင်ထိမ်းသိမ်း စောင့်ရှောက်ခဲ့ခြင်း
-ကောဇာသက္ကရာဇ် ၁၂၅၉-ခုနှစ်၊ သီတင်းကျွတ် လပြည့်ကျော်(၈) ရက်နေ့တွင် မြေလူခေဓစန္တီနှစ်မြို့- ဂိုဏ်းထောက် တတိယလေးထပ် ဆရာတော် ဦးအရိယ အမှူးပြုသော ဒါယကာ ဒါယိကာမ အပေါင်းတို့က ပြုပြင်မွန်းမံပူဇော်ခဲ့ကြပါသည်။
ပြုပြင်တော်မူခဲ့သော ဆရာတော်နှင့် ဒယကာ ဒါယိကာမတို့အား သာဓု သာဓု သာဓု ခေါ်ပါသည်။
 ကောဇာသက္ကရာဇ် ၁၂၇၈ ခုနှစ် တန်ခူးလပြည့်ကျော် (၁) ရက်နေ့တွင် နိုင်ငံတော်သြ၀ါဒစရိယ် စတုတ္ထလေထပ် ဆရာတော် ဦးနရိန္ဒအမှူပြုသော ဒါယကာ ဒါယိကာမ အပေါင်းတို့ကမွမ်းမံပြင်ဆင်လှူတန်းခဲ့ကြပါသည်။ သာဓု သာဓု သာဓုပါ…
မိုးညှင်းစောဝ်လုံသည် မိုးညှင်းသတိုး (မိုးညှင်းမင်းတရားကြီး) တည်ထားတော်မူခဲ့သော“ စန့်ခေါဖိတ် ” စေတီတော်ကြီးဟောင်းနွမ်းယိုယွင်းနေသည်ကိုမြင်လေရာရဟန်းသံဃာပညာရှိမှူးမတ်တို့နှင့်တိုင်ပင်ပြီး စောဝ်လုံ စော်ဘွား ကိုယ်တော်တိုင်ဦးဆောင်ကာမြို့ရွာနယ်ပယ်ရှိအပျို- လူပျိုများစုပေါင်း၍အုတ်တစ်ချပ်စီထည့်ပြီးကုသိုလ်ပြုမွမ်းမံရောင်တော်ဖွင့်လေသည်။
ရှမ်းနီသမိုင်းဝင် စန့်ခေါ်ဖိတ် ဘုရားအကြောင်း ဖတ်လိုပါက.. 
                                          ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်  
ခါးစည်းနီနှင့် မိန်းကလေး
$
0
0
.. ဒီချောင်းက “မူး” ကိုသွားသလား “ဥရု” ကိုသွားသလား.. မောင်ရွှေဝါက မေးလိုက်သည် “မူး
ချောင်း” ကိုလွန်သောအခါ တောင်ကုန်းကလေး တစ်ခုကို တက်ရသည် ဤတောင်ကုန်းသို့ မရောက်မှီမှာပင် အသံများကိုကြားရသည်။
“ ဟီး …ဟီး.. ”
မြင်းဟီးသံများ ပင်ဖြစ်သည်။
မြင်းတွေ ရှိသားပဲ..
ဒီကနေ ဟိုဘက်ကို ဘယ်လိုမှ မြင်းစီးလို့မရဘူး ဒီနယ်က လူတွေဟာ ဒီခရီးကို ဘယ်တော့မှ မြင်းနဲ့ မသွားဘူး ဒီလူတွေဟာ “ လူစိမ်းတွေဖြစ်မယ် မင်းမှုထမ်းတွေဖြစ်ရင်ဖြစ်မယ်”
သူတို့လည်း ခြေသံလုံလုံထိန်း၍ လိုက်သွားကြသည်၊ တောင်ထိပ်နှင့် ခဲတစ်ပစ်လောက် ရောက်သောအခါတွင်..
"ချွင်း.. ချွမ်း.".
.“ ဓါး ခုတ်သံများ” ကို အဆက်မပြတ် ..ကြားရတော့သည်။ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးနောက် ပြိုင်တူပြေးတက်သွားကြသည်။ မမျှော်လင့်သော မြင်ကွင်းကြောင့် နှစ်ဦးသား အံ့အားသင့် သွားကြသည်။
“ ဟင် .. ဟာ..”
တောင်ခြေကွက်လပ်တွင် ဘုရင့်တပ်မတော်သားများနှင့် ပြိုင်၍ ဓါးချင်းခုတ်နေသူမျာ ငယ်ရွယ်သော အမျိုးသမီးလေးနှစ်ဦးဖြစ်သည်။
မောင်ရွှေဝါက လက်ထဲမှ သေနတ်ဖြင့် ထိုးချိန်လိုက်သည်။
“ နေဦးလေ ကြည့်လို့မကောင်းဘူးလား” ဘကြီးမုံးက သေနတ်ပြောင်းပေါ်တွင် လက်တင်၍ တားလိုက်လေသည်။
ဘုရင့်လူတွေနဲ့ ကောင်မလေးနှစ်ယောက် တိုက်နေတာပဲ
“ မပူပါနဲ့ကွယ် တို့ဆီက ကောင်မလေးတွေ ဒီလောက် မတုံးပါဘူး… လာ.. လာ.. ဟိုအကွယ်က သွားကြည့်ရအောင် လိုရင်တော့.. ၀င်ကြတာပေါ့…”
ဘကြီးမုံးနှင့် မောင်ရွှေဝါသည် ၀ါးရုံတစ်ခုကိုကွယ်၍ ဘေးတိုက် ထိုင်လိုကြသည်။ အောက်ဘက်တွင် သဲသဲမဲမဲ ခုတ်နေကြသူများကို အနီးကပ်မြင်ကြရသည်။
ဘုရင်တပ်မတော်သားများနှင့် "ဓါးချင်းဆိုင်နေသော အမျိုးသမီးတစ်ဦး"သည် ကိုယ်လုံးကိုယ်ထည် သေးငယ်သော်လည်း အသက်အရွယ်မှာ မငယ်တော့ပြီကိုတွေ့ရသည်။ ဆုံးဆယ်ကျော်ကျော် ဆေးဆယ်နီးပါးခန့်ဖြစ်သည်။ သို့ရာတွင် သူမသည် သန်မာငယ်ရွယ် ဖျတ်လတ်သော ဘုရင့်စစ်သည်တော်ကြီးများကို ကောင်းစွာ ခုခံနိုင်ရုံမျှမက ယှဉ်ပြိုင်၍ပင် တိုက်ခိုက်နိုင်သည်ကို တွေ့မြင်ရသည်။ ဘုရင့်တပ်မတော်သားသည် ငှက်ကြီးတောင်ဓါးကြီးကို ကိုင်ဆောင်ထားသဖြင့် ချွန်ထက်နေသော ဓါးဦးကို အားကိုးအားထားပြုပြီး တိုက်ခိုက်နေသည်။ ၀မ်းဗိုက်ကို ထိုးဖောက်နိုင်ရန် အကြိမ်းကြိမ် ကြိုးစားသည်။ ရင်ကိုခွဲရန် အဖန်ဖန်အားထုတ်သည်။ သို့ရာတွင် အမျိုးသမီးသည် အဦးအချွန်မရှိသော အဖျားကားသော လေးကင်းဓါးနှင့် ဖြစ်၍ ရန်သူ၏ ဓါးကို အနှောင့်နှင့် ရိုက်ထုတ်သည်၊ ရန်သူသည် လည်ပင်းကို တိခနဲပြတ်သွားစေရန်တွက်သည်၊ ပိုင်းသည်၊ နောက် အမျိုးသမီးတစ်ဦးကား ငယ်ရွယ်နုပျိုသည် ထုမျှသာမက အဆင်းလှအအင်းလှသည်။ ဖျတ်လတ်သွက်လက်သည်။
... သူမသည်လည်း “ ရိုးရာ လေးကင်းဓါး” နှင့်ပင်ဖြစ်သည်။
သို့သော အတိုက်ခိုက်တွင် ပိုမို၍ ကျွမ်းကျင်လိမ္မာသည် သူမနှင့် ဖက်ပြိုင်မိသော စစ်ဝတ်စုံနှင့် ယောင်္ကျားရင့်မကြီးသည် ချွေးစီးများပင် ထွက်နေပြီဖြစ်သည်။ မကြာမှီသူမ၏ဓါသည်း ရန်သူကုပ်ပေါ်သို့ အရှိန်ပြင်းစွာ ကျသွားသည်။ ခဏမျှ လူးလွန့်ပြီး ငြိမ်သွားသည်၊ သို့ရာတွင် ဓါးထိသည့်နေရာမှ သွေးများ သွန်ထွက်လာသည်ကို မတွေ့ရ လျှပ်တစ်ပြက်အတွင်းမှာပင် ဓါးကို လှည့်၍ အနှောင့်ဖြင့် ရိုက်ချလိုက်ခြင်းဖြစ်သည်။ အမျိုးသမီးသည် “ ထဘီအနက်ပေါ်မှ ခါးပန်းစည်းအနီ” ကို တင်းလိုက်သည်။
ထိုစဉ်တွင် မြင်းခွာသံများကြား၍ ဘကြီးမုံးနှင့် မောင်ရွှေဝါကြည့်လိုက်ရာ …
“ခါးစည်းနီနှင့် အမျိုးသမီးထံသို့ မြင်းတစ်စီး ဒုန်းစိုင်း”
လာသည်ကိုတွေ့ရသည်။ အမျိုးသမီးသည် သွက်လက်စွာ ရှောင်တိမ်းနိုင်လိုက်သဖြင့်သာ မြင်းပေါ်မှ ကျလာသောဓါးချက်နှင့် လွတ်ကင်းသွားသည် မြင်းသမားကို အသေအချာ ကြည့်လိုက်မိသောအခါတွင်ကား မြင်းနှင့်တိုက်သာသည် သာမန် ဘုရင့်စစ်သားတစ်ဦးမျှ မဟုတ်ဘဲ ကြွားကြွားရားရားနိုင်လှသော ဗိုလ်တစ်ဦး ဖြစ်သောကြာင့်ပင် ဗိုလ်မင်းသည် မြင်းကို ရုတ်ခြည်း တုံ့လိုက်ပြီး အမျိုးသမီးထံသို့ ဓါးကိုလွှင့်ယမ်း၍ စိုင်းသွားပြန်သည်။
ဤတစ်ကြမိလည်း အမျိုးသမီးက ပွတ်သီကပ်သီ ရှောင်ပေးလိုက်ပြန်သည်၊ မလှမ်းမကမ်းတွင် ဓါးချင်း ခုတ်နေသော အမျိုးသမီးကြီးနှင့် စစ်သည်တော်ကြီးတို့ပင် အတိုက်အခိုက်ရပ်၍ အသည်းတုန် အူတုန်ဖွယ် အချင်းအခင်းကိုကြည့်နေကြသည်၊ ဗိုလ်မင်း၏ မြင်းသွားရာကကို ကြည့်မိတော့မှ တောင်ခြေရင်းတွင် အခြားယောက်ကျားကြီး နှစ်ဦး ရှိနေသေးသည်ကို တွေ့ရသည်။ တစ်ယောက်မှာ မြင်းပေါ်တွင် တင်းပါးလွှဲထိုင်နေသော “မျက်နာဖြူတစ်ဦးဖြစ်နဘေးတွင် သေနတ်ကိုင် တပ်သားတစ်ဦး” တို့ဖြစ်သည်။
ထိုအချိန် ဗိုလ်မင်းသည် ကွင်းအလယ်၌ အထီးတည်းရှိနေသော အမျိုးသမီးထံသို့ အဟုတ်ပြင်းစွာ လာနေပြန်ပြီဖြစ်သည်။ မောင်ရွှေဝါက သေနတ်ဖြင့် ချိန်လိုက်ပြန်သည်၊ ဘကြီးမုံးက ဆတ်ခနဲဆွဲယူ ထားလိုက်သည်၊ သူက ဓါးကိုနုတ်၍ ထမည်ပြုပြန်သည် “ ဘကြီးမုံက သူ့လက်ကို ဆုပ်ထား” လိုက်သည်။ ထိုစဉ်မှာပင် သူတို့ အံ့သြဖွယ်ရာ အဖြစ်အပျက်တစ်ခုကို တွေ့မြင်လိုက်ကြရသည်။ မျက်စိတစ်မှိတ် အတွင်းတွင် ဒုန်းစိုင်းလာသော မြင်းပေါ်သို့ “ ခါးစည်းအနီနှင့် အမျိုးသမီးရောက်ရှိ” သွားသည်၊ တစ်ဆက်တည်းမှာပင် “ ဗိုလ်မင်းသည် မြင်းပေါ်မှ ကျသွားသည်”။ မြင်ရသူအားလုံးကပင် အာမေဍိတ်သံ ကိုပြုလိုက်ကြသည်။
ပို၍အံ့သြစရာကောင်းသည်မှာ “ ခါးစည်းနီမှင့် အမျိုးသမီးသည် မြင်းကို မတ်တတ်ရပ်၍ စီးသွားသည်”။ မြင်းဇက်ကို မသတ်ဘဲ ခေါင်ချိုးတွေ့လိုက်သည်၊ ထိုးနောက် မြေပြင်တွင် ပတ်လက်ကြီးရှိနေသော ဗိုလ်မင်းထံသို့ ဒုန်းစိုင်း၍ လာသည်။။ သူ့အလှည် ကိုယ့်အလှည့်ပင်ဖြစ်တော့သည်။ ဗိုလ်မင်းသည် လက်နှစ်ဖက်ကိုမြှောက်၍ ပါးစပ်ကြီးကိုဖြဲ၍ ကြောက်အားလန့်အား ဟစ်ဟော်နေသည်။
မော်ရွေဝါသည် ဘုရင့်သူရဲကောင်းကြီးကို ကျေးတောသူတစ်ဦးက မြင်းနှင့်တိုက်သတန်မည်ကို စိတ်အားထက်ကြွစွာ စောင့်ကြည့်နေခိုက်…
“ သေနတ်သံနှစ်ချက်” ပေါ်ထွက်လာသည်။
ဒိုန်းစိုင်းလာသော မြင်းကြီးသည် ဗိုလ်မင်းအနီးသို့ ရောက်လုဆဲဆဲတွင် လဲကျသွားသည်။ မတ်တတ်ရပ်၍ လိုက်ပါလာသော အမျိုးသမီးလည်း မြေပြင်တွင် နှစ်ပတ်သုံးပတ် လိမ့်သွားသည် သေနတ်သံတချက်သည် သူ့အနီးမှကပ်၍ ထွက်ပေါ်လာခြင်းဖြစ်၍ ကြည့်လိုက်ရာ ကျေနပ်အားရနေသော ဘကြီးမုံးကိုတွေ့ရသည်။ ဘကြီးမုံးသည် “ တစ်နေရာသို့ မေးငေါ့ပြသည်”။ စောစော မြင်းပေါ်တွင် အခန့်သား ထိုနေသော “ မျက်နှာဖြူ ယခုအခါ ဘယ်ဘက်ကို ညာလကဖြင့်ဆုတ်ထားသည် သွေးများစီးကျ” နေသည်။ မြင်းနှင် မလှမ်းမကမ်းတွင် သေနတ်တစ်လက်ကျနေသည်။
နောက်မှ သိရသည်မှာ ဗိုလ်မင်းကို အမျိုးသမီးက မြင်းနှင့်တိုက်မည်ရှိစဉ် မျက်နှာဖြူက အနီးတွင်ရှိသော တပ်သား၏လက်မှ “ သေနတ်ကိုဆွဲယူ၍ ပစ်ခြင်း” ဖြစ်သည်။ ယင်းအဖြစ်ကိုမြင်သော ဘကြီးမုံးက အလျင်ဦးအောင် ပစ်လိုက်ခြင်းဖြစ်သည်။ သို့ရာတွင် မျက်နာဖြူသည် လက်တွင် ကျည်သင့်ချိန် အချိန်မှာပင် သေနတ်မောင်းကို ဆွဲလိုက်နိုင်သဖြင့် ကျည်ထွက်သွားသည်။ မြင်းပေါ်တွင် မတ်တတ်ရပ်နေသူ၏ ရင်ညွန့်ကို တည့်တည့်ချိန်ထားသော ပြောင်းအောက်သို့ စိုက်သွားချိန်မှ ကျည်ထွက်သည်ဖြစ်၍ လူကို မမှန်ဘဲ မင်းကိုထိမှန်းခြင်းဖြစ်သည်။
ထိုအခြေနေကို အခွင့်ကောင်းယူကာ “ ဗိုလ်မင်းအခွင့်ကောင်းယူ၍ ထပြေး” မည်ပြုသည်။ သို့ရာတွင် သူ့ထက်လျင်သော “ အမျိုးသမီးက ဓါးဖြင့် မိုးထား” လိုက်သည်။
... သို့ဖြင့် မြင်းပေါ်တွင် ဒဏ်ရာရနေသော မျက်နာဖြူ အနားတွင် ကြောင်၍ရပ်နေသော တပ်သား အမျိုးသမီးကြီးနှင့် ဓါးခုတ်ခဲ့သော တပ်သားတို့သည် ကြောင်စီ၍ ရပ်နေကြရတော့သည်။ သူတို့တစ်တွေ မည်သို့မျှ မလှုပ်မရှားဝံ့ဘဲ ရှိနေသည်မှာ သူတို့ဗိုလ်မင်းကို ဓါးမိုးထား၍ တစ်ကြောင်း အမည်မသိနေရာမှ အမှတ်မထင်ဘဲ ထွက်ပေါ်လာသော သေနတ်သံတစ်ချက်ကြောင့် တစ်ကြောင်းဖြစ်သည်။ တောင်ပေါ်တစ်နေရာမှ ထွက်ပေါ်လာသော သေနတ်သံ အတွက်မူ ဗိုလ်မင်းတို့သာမက အမျိုးသမီးနှစ်ဦးကလည်း အံ့အားသင့်လျက် နားမလည်နိုင်ဘဲ ရှိနေကြသည်။ သူတို့အားလုံးပင် တောကြည့်တောင်ကြည့်ဖြစ်နေကြသည် ဤအတွင်းမှာပင် ဘကြီးမုံးသည် သေနတ်ကိုကျည်ထပ်ဖြည့်လိုက်ပြီး “ တစ်ယောက်မှ မပြေးကြနဲ့ ကျောကို ကျည်ဖောက်သွားမယ် မိန်းမနှစ်ရှေ့မှာ လေးယောက်စလုံး ထိုနေကြ…” ။
နင်တို့လို“ သူရဲကောင်းတွေ ရတာနပုံမှာ ဘယ်နှစ်ယောက်ရှိသေးသလဲ” “ မိန်းးမနှစ်ယောက်ကို တိုက်ရဲတဲ့ ယောင်္ကျားကြီးငါးယောက်ပဲ တစ်ယောက်ကတော့ မိန်းမဓါးချက်နဲ့ သေရရှာပြီ..”
… ဗိုလ်မင်းကမူ အမျက်ဒေါသ ပြင်းသော မျက်လုံးများဖြင့် ဘကြီးမုံးကို စိုက်ကြည့်သည်။
“ ဘုရင့်လူတွေကို အနောင့်အယှက်ပေးတာဟာ ဘုရင်ကို ပုန်ကန်တာပဲဆိုတာ သိရဲ့လား..”
သူကခြိမ်းခြောက်လိုက်သည်၊ သူ့စကားကြောင့် ဘကြီးမုံးက …
“ဟား.. ဟား… ဟက်ဟက်ပက်ပက်” ရယ်မောလိုက်သည် မောင်ရွှေဝါက သူသည် လူများကို ဓါးနှင့် အပိုင်းပိုင်းခုတ်ပစ်နေချင်ပြီဖြစ်သည်။
…အမျိုးသမီးနှစ်ဦးက သူတို့နှစ်ဦးကို အကဲခတ်လျက်ရှိသည်။
ဘုရင့်လူတွေက ရွာသူရွာသားတွေကို နှိပ်စက်ညဉ်းပန်းပြီး ရွာသူရွားများတွေက မခံမရပ်နိုင်လို့ ကိုယ့်အသက် ကိုယ်အရှက်ကို ကာကွယ်ကြတဲ့အခါမှာ “ သူပုန်တွေလို့၊ သူခိုးဓါးမြတွေလို့ ဆိုကြတာပဲအေး..”
ကျုပ်တို့က စော်ကားတာမဟုတ်ဘူး ဒီမိန်းကတွေကသာ ဘုရင့်အမှုတော်ကိုထမ်းရွက်နေတဲ့ ကျုပ်တို့ကို မချေမခံပြောလို့ ဆုံးမရတာ..
..“ အော်.. နင်တို့က မဖွယ်မရာ လာလုပ်တာကိုး”
ခါးစည်းနီနှင့် အမျိုးသမီးက ပြောလိုက်သည်။ သူမ၏ အသံသည် ကြသည်။ငြိမ်သည်။ ကောင်းပါတယ် ဗိုလ်မင်းတို့ ကျောင်းမှန်းကန်မှန်းသိသွားတာပေါ့ ကျုပ်တို့ဆီက မိန်းမတွေ ဘယ်လောက် ဓါးထက်တ်ဆိုတာ သိရတာပေါ့..
“ ဒီအရေးကို ၀န်းသိုစော်ဘွားတိုင်ရမယ်..”
ဗိုလ်မင်းက ထိုင်ရာမှ ထလိုက်သည် မောင်ရွှေဝါက ဓါးကိုချွတ်၍ ဗိုလ်မင်း၏ ပုခုံးကိုဖိထားလိုက်သည်။ ထပါစေ မောင်ရွှေဝါ ဒီတစ်ချီတော့ လွှတ်လိုက်သေးတာပေါ့ အခုအချိန်က ဘုရင့်လူတွေကို ဖမ်းဆီး သုတ်သင်ရမယ့် အချိန်မဟုတ်သေးပါဘူး..
ဘကြီးမုံးက ပြောလိုက်သဖြင့် မောင်ရွှေဝါက ဓါးကို ရုပ်လိုက်သည် သို့ရာတွင် အမျိုးသမီးများက ဘကြီးမုံး၏ စကားကို သဘောမတူချေ၊
 ဘကြီးတို့က လွှတ်ပေမယ့် ….
“ ကျွမတို့ မလွတ်နိုင်းဘူး ဒင်းတို့ကို အူထုတ်ပြီး နေလှန်းရမယ်..”
ဗိုလ်မင်း၏ မျက်နှာဝိုင်းကြီးသည် အမျိုးသမီး၏ ကြိမ်းဝါးမူကြောင့် သွေးဆုတ်သွားသည် သို့ရာတွင် မျက်နှာကို ချက်ချင်းပြင်လိုက်သည် နှုတ်ခမ်းမွေးတွင် သီးနေသော ချွေးပေါက်များကို လက်ဖမိုးဖြင့် သုတ်ပစ်ရင်း…
“ မယ်မင်းကြီးမတွေ စကားကို သတိထားပြောနော် သူပုန်သူကန်ဖြစ်ပြီး တံကျင်လျှိုခံရမယ်..”
အမျိုးသမီးက ဓါးကို မြှောက်လိုက်ရာ ဘကြီးမုံးက သေနတ်ပြောင်းဖြင့် ခံထားလိုက်သည်
အေး ဒေါသမကြီးနဲ့ သူတို့က.. “ အဘုရင့်အမှုတော်နဲ့ လူတွေ ဆိုကြဦး ဗိုလ်မင်းတို့ ဘယ်ကလာပြီး ဘယ်ကိုသွားကြမလို့တုန်း”
ကျုပ်တို့ကို “ ဘယ်သူမှ အစစ်အဆေး မရှိရဘူးလို့” အမိန့်တော် ရထားတယ်..
ဗိုလ်မင်းက အမိန့်တော်နှင့် ဘုရင်နှင့်ချည်းခြောက်နေသည်။
ဗိုလ်မင်းတို့ကို ကျုပ်တာဝန်ထားပြီး လွှတ်လိုက်မယ် ဟောဟိုလူကို ဗိုလ်မင်းတို့ တာဝန်ယူမလား
ဘကြီးမုံးက မလှမ်းမကမ်းမှ အလောင်းကိုပြ၍ မေးသည်။
ကျုပ်တာဝန်ရှိပါစေ…
ဗိုလ်မင်းက မဆိုးမတွဖြေသည်။
ကတိနော်ဗိုလ်မင်း ….
-ကျုပ်သိပါတယ်
-ကဲသွားကြပေတော့..
 - ထုတ်နုတ်
မြန်မာပြည်မြောက်ပိုင်းမှ
ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက် 
သမိုင်းထဲက ဗန်းမောက်နှင့်ပင်လယ်ဘူးနယ်စပ်က ပုဂံနဲ့ ခေတ်ပြိုင် စေတီများ
$
0
0
သမိုင်းက ပြောတဲ့ ဗန်းမောက် ပင်လယ်ဘူးနယ်စပ်က ပုဂံနဲ့ ခေတ်ပြိုင် စေတီများ
မြန်မာ့သမိုင်းတွေမှာတော့ မြန်မာပြည်မြောက်ပိုင်းက ရှမ်းတွေဟာ ဘုရင်နောင်ခေတ်မှ  ဗုဒ္ဓဘာသာအဖြစ် သွပ်သွင်းခဲ့သည်ဟု အာဘောင်အာရင်းသန်သန်ဖြင့် မြန်မာ့သမိုင်းဆရာတစ်ချို့က ရေးကြသည်။ မိုးကောင်း၊ မိုးညှင်းရှမ်းနီဒေသတို့တွင်လည်း ပုဂံနှင့်ခေတ်ပြိုင် စေတီပုထိုးတော်များ ယနေ့တိုင် တွေ့မြင်နိုင်သေးသည်။
အောက်ပါစာများသည် တိလောကမာရဇိန်စေတီတော်မြတ် ကျောက်စာမှ မူရင်းအတိုင်း ရေးထားပေးခြင်း ဖြစ်သည်။
သက္ကရာဇ် ၁၇၄ ခု ပြာသိုလ္ဆုပ် ၁၀ ကျော်နေ့ မွန်းတိးအခြိန်တွင်။မိုးကောင်းတိုက်ပါ ပင်ဘောရွာနေကျောံစာဒါရကာ ဦးရွှေစိုးစာအမ မလုံသားသ္မီတစုတို့ နိဗာန်လက်ဆောင်
ဇေယျတု။ သမ္မာသမ္ဗုဒ္ဓ။ ဇိနုမန်ကူ။ သယမ္ဘူသင်းကျပ်။ ဓမ္မရာဇ်မန်ကင်း။ တရားမင်းဘုရားသည်။ ငါးပါးမာရ်ယုတ်၊ ရန်ခလုတ်ကို။ မကျန်သုတ်သင်။ အလျင်းတွင်သဖြင့်။ ကင်းစင်တော်မူရာ။ မဟာဗောဓိ။ သီရိပ၀ရ။ အဿတ္တဗုဒ္ဓဟေ။ အောင်မြင်ပုလ္လင်ဘွေအပြင်နှိုက်။ ဥာဏ်ဆင်ကွန့်မြူး။ ညဦးပုဗ္ဗေ။ မဇ္စျေဒိဗ္ဗ၊ မိုးသောထ၀ယ်။ အာသ၀က္ခယ။ ဥာဏသုံးဖြာ။ သစ္စာလေးဆင့်။ ကြာပုံလင့်သို့။ စွင့်စွင့်တမှတ်။ သဗ္ဗညုအထွဋ်လျင်။ ဥက္ကဌဓမ္မရာ၏ ဘုရားဖြစ်မူ။ သုံးခေတ်လောကါ။ ေ၀ေနယ်အား။ ဘုသုံးပါးမှ ထူးချား ရပ်မွန်ပြည်သီဝံသို့။ ဆောင်ညွန်ပို့သ။ နှစ်လရှည်ကြာ။ ၀ါ ၄၅။ လူနတ်အားကိုး။ ချွတ်ငြားကယ်ပြီး။ လျှံညီးတောပ။ စောဇိနသည် ။မြန်းကြွဆုန်းစွန်ပြည်နိဗ္ဗာန်သို့။စံလွန်ဝင်ကြွတော်မူသတည်။ ထိုသိုပရိနိဗ္ဗာန်။ မစံလွန်ခင်။ မြော်ပြင်ရူရာ။ နောက်နာဂတ်၊၊ သတ်မှတ်ပိုင်းခြားထွန်းကားစည်စွာ သာသနါများမြောင်၊ နှစ်ငါးထောင် တို့တွင်၊ အင်္ဂမဂဓ၊ တရွရံဆိုင်၊ တိုင်းကြီးနှစ်တိုင်းတို့၏။ ခွန်သွင်းသရာ။ မဟာနဂရ ရာဇဌာနီ အညီ၏ထို။ ရါဇဂြိုဟ်ဝေသော။ သညေ၀၀ုစ်။ ပညတ်ထုတ်သော။ ပါဠလိပုတ်၊ သမုဒ်ကျွန်းခွင်။လင်္ကာဒီပ၊ အမခေါ်ဆို။ သီဟိုဠ်သထုံ၊ကူးတုံညာမြေ၊ ရွှေမြို့ပြည်ဟု၊ သရေခေတ္တရာ၊ နန်လျာဆက်ခံ၊ ပေါက္ကံရာဇာ၊ နောရထာမင်းစောလ္ထက်။ တွင်မှ။ အရှင်မဟာကာလ၏ တပည် အရဟံမည်တော်ရှိသော ရဟန္တာအရှင်မြတ်သည်။ သုဓမ္မ၀တီ သထုံပြည်ကြီးတွင်၊ သာသနာတော်ကုန်၍ တမ္ပဒီပ နမဇကြည်။ ပေါက္ကံပြည်၌ သာသနာရှည်ညောင်း။ နှစ်ပေါင်းတထာင်တည်လတံ့သည်ကို။ သိမြင်တော်မူသည့် အလျှောံ။ ကြွရောံတော်မူခဲ့သဖြင့်။ ၎င်းပေါက္ကံပြည်၌ သာသနာတော်နေ၀န်။ တည်ထွန်းတောံပလျက်။ ပေါက္ကံပြည် သာသနာဝင်။ ၁၀၄။နှစ်ရှိသောအခါ နရပတိ ဘုန်ရှိသနင်း၊ ထိုမင်း၏လက်ထက် တွင်မှ။ 
အရှင်အာစာရမထေရ်မြတ်သည်။ ဘဂ၀ါသုံးလူ၊ သဗ္ဗညု၏ ဓါတုသရိယာ။ ဆောင်ယူကာလျှင်၊ အညဒေသရပ် ဌါန၌ ဇိနမဟေသီမွေသရီကို၊ စေတီသုံးဆူ။ တည်ထားမူကား။ နတ်လူဦးခိုင် ညွတ်ဝိုက်ရှိပန် တောင်းဆုညွန်လျှက် နိဗ္ဗာန်မျိုးစေ စိုင်ပျို့လေ့လိမ့် မရွေးဧကန် အမှန်ရိပ်မြွက် ဗျာဒိတ်ချက်ကြောင့် နှစ်သက်ဝမ်းမြောက်ကြွရောလာငြါး၊ ထင်ရှားပကတူး ထိပ်ရှေးဦးဖြင့် မယူဂါမ နေပြီးမလျှင် များလှဒါကာ။ မိန့်သြ၀ါကြောင့် သဒ္ဓပွါးကြွယ်၊ ကိုးကွယ်ဆည်းကပ်၊ ထေရ်ရှင်မြတ်လည်း မွေဓါတ်ကိန်းပျော် စေတိတော်ကို အဟေါင် အစ္ဆရိယံဝတ ကျော်ဇေးဝဖြင့်၊ ဇေကြွပီတိ၊ စိုးရွှန်းရှိလျက်၊ များချိဒါယကာ ကူညီညာကြ၍ ဦးစွာရှေးပျာ။ တည်ခဲ့ထား၏ တည်ထားမူလခေမံသို့ ၀င်စပြီနောံ ဆိုက်ရောံသာသနာ ၁၆၇၈ နှစ် တပေါင်းလပြည့် သောကြာနေ့ နေမွန်းတည့် အချိန်တွင် မံယူးဌာန ရွာကင်းမ၀ယ် ထိုက်ရသ္မိုင်း။ ထွက်သည့် တိုင်းလျှင် ချိနိုင်းမြင်ပေသည် မြေသီရိ ဘုမ္မိနက်သံ ကျိတ်ခံထူးလတ်၊ ထိုမြေမြတ်တွင်မွေဓါတ်သရိယ ထူးပ၀ရကို အစလက်မွန် တည်ထားမှတ်သည်။ ရောင်လျှံထွန်းတောံ ဘိသိတ်မြောံသဖြင့်၊ ထက်အောံကြွက်ညံ ဘ၀က်လျှံမျှ ထက်သံနုတော် ကောင်းချီးကျော်သဖြင့် ပြီးစီးတော်မူလေပြီ၊
၁၊ ၎င်းထိုနောံ ကြွရောံတုံလာ၊ သံအနောံတာ မော်လိပ်၊ အတိတ်ခေါ်ညွန်း မည်နံမှန်တွင် ကုန်စွန်ထိပ်ဖျား တည်ခဲ့ထားသည်မှာ သာသနာဝင် သက္ကရာဇ် ၁၁၃ ခုကောဇာ သက္ကရာဇ် ၅၀၁ ခု သာသနာတော် ၁၆၈၃ နှစ် ဥတုသမယ ဟေ့မန္တနောင်၊ တပေါင်းလပြည့် ဟူးနေ့ နံနက် ၄ ချက်တီး စေတီကြီးကို ရွှေတီတင်လှူပြီးစီးတော်မူ၏ ၎င်းထိုနောံ ဘုန်းတောံအတုလံ ပြည်သိဝံသိုံဝင်စံပြီးခါ၊ နှစ်ကောဇာမူ။ ၅၀၃ ခု လုဘသာသနာ သင်္ချာအဖြောင့် ၁၆၇၅ နှစ် တပေါင်း လပြည့် စနေနေ့ နံက် ၄ ချက်တီ အချိန်တွင် မည်တင်ဝေးနီး မံစီကြီး မံဝိန်းရွာ၌ အာစာမည်လတ် မထောရ်မြတ်သည်။ မွေဓါတ်ကိန်းပျော်စေတီတော်ကို တင့်လျော်အံ့ခြီ တည်ထားပြီးစီးတော်မူ၏
၃။ ထိုအရှင် အာစါရ သမ         ဏထေရ်ဖျား တေည်ခဲ့ထားသော ဘုရါသုံးဆူ လိုဏ်မူမြေနင်း တည်ရင်းအစ ရွာကင်းမဟု လင်းပြထင်ထင် အစင်ဆိုရိုး ကျော်ဟိုးဟိုးတည်း၊ မညှိုသညာ တေဇာထူးလီ မွေသရီဟု ဝေသီဖြိုးမြင့် တန်းခိုးဝင့်သာ မိုဃ်းပြင့် အဇဠါ စွင့်စွင့်ဖြာလျက် အာကာဘ၀က် အောံထက်ထုတ်ခတ် မယုတ်မြတ်သော ဥက္ကဌါဖြိုးမော် စေတီတော်သည် နွမ်းလျော်ရွေရှား ပျက်ပြားယိုယွင်း ထီးဟောင်းမြင်း၍ ဆက်လျင်းတဘန် သစ်ထပ်မံ၍ ကြံစည်အားထုတ် အုပ်အကတေ နရပတေ တို့ဖြင့် ပြစ်ပြေလိမ်းကျံ မွန်ထပ်ပြန်မှ လျှော်ကံတင့်ရှောင်း ယင်းထီးဟောင်းကို ရွေပြောင်းပယ်ပြီး အသစ်ထီးဖြင့် ရောင်ညီးပျပျ ရွှေမွန်းချလျက် တင်လှသပ္ဗါယ် သစ်ချယ်လှယ်အံ့ ကြံရွယ်စိတ်ထား တိုင်းစားရူမြော် ဘုန်းတော်ကြီး ဘုရားဦးဂန္ဓမာလာ ထေရ်ဆရာနှင့် ဒါရကာလူကြီးဝေးနီးပျန့်မွေး မောင်ငွေလေးတို့ စည်ဝေးညီညာ တိုက်သင်္ဃာတို့နှင့် တိုက်ပါအားလုံး စုရုံးအများ ယောကျားမိန်းမ တိုင်ပင်ကြ၍ တူကွစေ့စပ် အရပ်ရပ်လုံးစုံ သိမ်းချုံစုသောင်း ငွေပေါင်းသပြာ စေတနာနှင့် သဒ္ဓါပသန္န တတ်အားသမျှဖြင့် စုကြဆုံပြီး ဝေးနီးဒေသ ကြားသိကြသော ကြွသဒ္ဓါဇော ပဌနစောလျက် ထိုတို့သောရပ်ရွါ လူများစွာတို့ ဆုံလာကူလျက် အုပ်ကျက်ကော်ရော် စေတီတော်ကြီး ပြုပြင်ပြီးက ရွေထီတင်လှူကြံရွယ်ချူတိုင်း မငြူမသုံ ကိစ္စကုံဖြင့် ပြည့်စုံထမြောံ ချိန်ထောံ သမယ လက်ဦးစလည်း တနှစ်ထည်းပင်ပြီ စီဖြောင့်ဖြောင့်၊ ကွေးမနှောင့်ဘဲ
 ၁၂၇၁ ခု ဥတုချိန်မှန် ဟေမန္တနှောင်း တပေါင်းမာသဆန်း ပက္ခ ၁၁ ရက် မပျက်မှန်စွာ နေ့သောကြာဝယ် အခါမွန်းတည့် ချိန်မှန်းပြည့်နှိုက် လျှမ်းလှည့် ရှောင်လက် ပြိုပြက် ထိန်ညီး မြတ်ရွှေတီကို မြှောံခြီး၍တင် များလှူရှင်တို့ ကြည်လင်စိတ်သံ ပူဇော်ပွဲခံလျှက် ကျွတ်ညံချိမ်စီ ပုဏ္ဏမီဟု တီတီမန္နရ ရောင်ရွန်းပသော သီဟဒီဂါရက် အက်နှိုက်ထက်စွာဗလ၀ များလှလူများ ရပ်ခြားဝေးမြေ လာကြပေသည်။ ဗိုလ်ချေအပ်အာ ဥပါသဏဥပါသကီ စုံလင်ညီလျက် ဘူသီခရစ် မဟီစစ်နှင့် မြစ်အဏ္ဏ၀ါ သွက်သွက်ခါမျှ သဃာတော်ပေါင်း ဆွမ်းကြီးလောင်း၏ ညွတ်ပျောင်းနူမော် ကောင်းချီးခေါ်သာ ပူဇော်ပွဲခံ သဲသဲလျှံတိ ထုန်းစံပြုလျက် ရှေ့ကိုဆက်အံ မပျက်နှစ်စဉ် မှန်ပင်မုချ မြနိစ္စတိ မှတ်ကြရန်အပြီး စေတီကြီး၏ လျှံညီးတင့်လျော် ဘိနိပ်တော်ကား နောင်သောမှတ်ဘွဲ့ တဆဲ့လေးတောင် တမိုက် မရိုက်ပိုမောံ လေးသစ်မြောံ၏ ထိုနောံရပ်တော် မြင့်ညဏ်တော်ကား ရှုမျော်တိမ်ငဲ့ နှစ်ဆဲ့ရှစ်တောင် တမိုက် လေးသစ် တလစ်လုံးပတ် တင့်အပ်ရောင်ရွှန်း အ၀န်းတောင်ပေါင်း မှတ်ရှောင် ငါးဆယ် ထီးတော်ဝယ်ကား အလွယ်မှတ်လျင် အချင်းသုံးးတောင် ကိုးတောင်လုံးဝန်း ပြညွန်းတဘော် ထီးတော်အမြင့် ရသင့်တောင်နူံ တဆွဲသုံးဟု နှဏ်လုံးမြဲစွာ စွဲပိုက်ခါလျင် နောင်လာလူများ မှတ်စိမ်သားဟု ထားခဲ့သေချာ လေးမျက်နာ မှတ်ခင်း လိုဏ်မြေနှင်းတည့် လျှံဝင်းပြိုးပြောင် မိုးလုံးလောင်မျ ရွှေတောင်ကြီးလား ဘိတိတ်ကြွားသည် ရွှေသားမွန်ချယ်လွန် တင့်တယ်လျှက် အံဘွယ်မဆုံး လျှပ်စစ်ဟုံးသို့ ရွှေတုံးရွှေဆိုင် ရွှေတိုင်ရောင်လျမ်း ရွှေသင်္ဃန်းဖြင့် ရုံလွှမ်းခြယ်လှယ်တသွယ်တ၀ ပြုပြင်ကြသော ကုန်ကျငွေပေါင်း သောင်းပြောင်းရောရူ နောခုတွက်သော သုံးတောင်ကျော်ဖြင့် ထုတ်ဘော်ပြထားနောံသားနောံလာ များစွာဗိုလ်လူ ဦးဖြူ ဦးနက် မှတ်ချက်သေချာ ကျောစာကမ္ဗည်း သိပ်သည် ညွန်ပြ ၁၂၈၀ ခု ဥတုဟေမ ဆုံးထကုန်ညောင်း တပေါင်လပြည့် သောံကြာနေ့ နေမွန်းတည့်အချိန်တွင် နာဂိန်ခွင့်ပို ရွှေမြင့်မိုရ်ကံသို့ ဗဟိုဠ်လျံဆုင် ကျောံစာတိုင်ကို မြဲခိုင်ကြံကြံ ထဲ့အံ့ဖြိုးမောံ ထူစိုကတောံသားထက်အောံကြေညာ စကြာဝဠါ အနန္တ ခေတ္တသုံးခွင် မြေပြင် သုန္ဒရီ သုမ္မဟီက နဒီအဏ္ဏ၀ါ အာကာဘ၀က် နရက်အောံထပ် အရပ်ရပ်သူ နတ်လူဗြိဟ္မာ သတ္တ၀ါတို့ကို ညီညာရကြောင်း ဝေဌရှောင်း၏ ပေါင်းစုဆုံပြီး ဝေးနီရပ်ရှိ လာသူမချို သူငါတို့မှ စသည့် အများပြုစုထားသော များပြာ ဒါန သက္ကာရပူဇော် ရှိဘူးမြော်သား အဟောဝတပြုကြရသော ပုံညထိုထို ဤကုသိုလ်တို့ကြောင့် မက်ဖိုလှ်ဆုံးစွန် တောင်းဆုညွန်သည် နိဗ္ဗာန်ထုတ်ချောံရောက်၍ လိုကုန်သောဝ်
 - ထုတ်နုတ်
တိလောကမာရဇိန်စေတီတော်မြတ် ကျောက်စာ
ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက် 
Viewing all 89 articles
Browse latest View live