BC – 3000 အလွန် ယခုတရုတ်ပြည်၏ နေရာ၌ တိုင်း သို့မဟုတ်သျှမ်း ဖြစ်လာမည်၊့ “ တိုင်း၊ ကတိုင်း၊ အင်ဒိုနီးရှမ်း ”လူမျိုးများ နေထိုင်ခဲ့ကြသည်။ မယ်ခူးခေးရှဲန် အဆိုရ BC- 3000 အလွန်ကပင် တိုင်းသူသော အမည်ကို သုံးစွဲနေပြီ ဖြစ်ကြောင်းတွေ့ရသည်ဟုဆိုသည်။ (မယ်ခူးခေးရှဲန်)
သျှမ်းတို့၏အလွန်ထင်ရှားသောအမည်ကား TAI တိုင်းသို့မဟုတ်ထိုင်းဟူသောအမည်ဖြစ်သည်၊သျှမ်းများသည်မိမိတို့ချင်းချင်းပြောဆိုရာ၌သျှမ်းဟူသောအမည်ကိုမသုံးပဲတိုင်း (TAI) ဟူသောအမည်ကိုသာသုံးနှုန်းကြသည်။ထိုင်းဟူသောအမည်ပညတ်နှင့်စပ်လျဉ်း၍ CAPTAINFORDS ဆိုသောပုဂ္ဂိုလ်ကထိုင်းဟူသောစကား၏အဓိပ္ပာယ်မှာလွတ်လပ်ခြင်းလွတ်မြောက်ခြင်း ဖြစ်ကြောင်းဤ TAI တိုင်းဟူသောပညတ်ကိုယိုးဒယားသျှမ်းများမှတပါးအခြားသျှမ်းအမျိုးကွဲအားလုံးတို့ကလက်ခံအသုံးပြုကြကြောင်း၊ယိုးဒယားသျှမ်းတို့ကမှုမိမိတို့အမျိုးကို HTAI (Thai) ထိုင်းဟူ၍ဟထိုးသံပါဝင်စေလျှက်ခေါ်ဝေါ်ကြကြောင်းဟုဖော်ပြထားသည်။(တို့သျှမ်းပြည် 47)
တရုတ်ပြည်HAIမင်းဆက်တွင်PANGထိုပန်လူမျိုးများအကြီးအကျယ်အနှိမ်ခံကြရသည်။၎င်းတို့နှင့်အဆမတန်သောအခွန်ဘဏ္ဍာများကိုထမ်းဆောင်ကြရသည်၊ထို့ကြောင့်ပန်လူမျိုးတို့သည်မခံမရပ်နိုင်ကြတော့သဖြင့်သွေးစည်းတော်လှန်ကြပြီးလျှင်တရုတ်ပြည်HAI (ဟီးယား) မင်းဆက်ကိုဖြုတ်ချကြလေသည်။
ထိုသို့ဖြုတ်ချနိုင်သောကြောင့်မင်းဆက်ကိုဖြိုဖျက်ခဲ့သောကုန်သည်များဟူ၍အဓိပ္ပါယ်ရှိသည့်သျှမ်း ဟူသောအမည်သစ်ကိုရရှိခဲ့ကြသည်။ကမ္ဘာ့သမိုင်းကိုလေ့လာသောအခါသျှမ်းတို့၏အမည်များအလွန်များပြားသည်ကိုတွေ့ရလေသည်၊ “ ချိယိုင်းဟူသောအမည်ပန်ဟူသောအမည်၊ပူးဟူသောအမည်၊စူဟူသောအမည်၊ချိယားဟူသောအမည်၊ချွန်းဟူသောအမည်၊ဂျူးဟူသော”အမည်များသည်သျှမ်းကိုခေါ်ဝေါ်သာရှေးဟောင်းအမည်များဖြစ်ကြသည်။ (မိုးမိတ်ရာဇ၀င်တော်သစ်-41)
တိုင်းခေါ် သျှမ်းလူမျိုးတို့သည် ခရစ္စနှစ်အစလောက်ပင် ယခုယူနန်နယ်၌ နေထိုင်ပြီးဖြစ်သည်ဟု တွေ့ရသည်။ (ဒေါက်တာသန်းထွန်း၏ မြန်မာရာဇာဝင်စာတမ်း အမှတ်- ၁ )
AD- 3 ရာစုမှ တစ်ဆယ်တစ်ရာစုအတွင်း၌ ယွန်နန်တွင် တိုင်းတို့က လန့်စ၀်ဟုခေါ်သော နန်စော (နန်ကျောင် ) သို့မဟုတ် ဂန္စလရာဇ်ဟု ထင်ရှားသော တိုင်းပြည်တစ်ပြည် ပေါ်ထွန်းခဲ့၏။ တရုတ်ဘာသာ “ မျောင့်ယှန်ကော” ဟုခေါ်သည်။ မဟာဂန္စရဌ ဟု အနက်ဓိပါယ်ရပါသည်။
ကျောက်စာဝန်တော်စိန်ခိုကမှုထိုင်းဟူသောစကားမှာကန်တုံနိသီးခြားဘာသာစကားဖြစ်၍ (တာ) ဟူသောစကားနှင့်အဓိပ္ပါယ်တူညီပြီးကြီးမြတ်ခြင်း၊ကြီးကဲခြင်းဟုဆိုလိုကြောင်းဖော်ပြထားသည်။
“သျှမ်း”ဟူသောဝေါဟာရကိုစမ္ပါမြို့ဟောင်း (ထိုင်းနိုင်ငံ) တွင်း AD 1052- ခုနှစ်ကတူးဖော်ရရှိသောကျောက်စာ၌အထင်ရှားတွေ့ရှိရသည်။သက္ကတဘာသာစကားဖြစ်၍“အဖြူ၊ဖြူစင်ခြင်း” ဟုအဓိပ္ပာယ်ရသည်။ (ကျောက်စာဝန်တော်စိန်ခို)
တစ်ဆယ့်နှစ်ရာစုက ခမေရ်ဘာသာဖြင့် ရေးထိုးထားရစ်သော အန်ဂေါရ်ဝတ် ကျောင်းတော်မှ အရုပ်စာတန်းတို့တွင်လည်း ထိုလူမျိုး၏ အမည်ကို သျှာမ် ဟူ၍ပင် ရေးသားထားပါသည်။ ထိုမှတစ်ဖန် သျှမ် သို့မဟုတ် သျှံ ဟူ၍ ပုဂံခေတ် မြန်မာကျောက်စာများတွင် AD 1120 မှစ၍ (ဓါတ်ပုံ ၁၁၂/၆) အကြိမ်နှစ်ဆယ်ထက်မနည်း ရေးသားထားကြောင်း တွေ့ရသည်။
AD- 13 ရာစု ယိုးဒယားအလယ်ပိုင်း၌ “ သုခေါဒယ ” နိုင်ငံကို တည်ထောင်၍ ထိုနိုင်ငံ ဘုရင် “ရာမဂါမှဲင်” ရေးထိုးသော ကျောက်စာသည်။ AD- 1283 ကဖြစ်၍ ထိုကျောက်စာသည် သျှမ်း သို့မဟုတ် ထဲတို့၏ ရှေးအကျဆုံးစာဟု ခေါ်နိုင်သည်။
မြန်မာကျောက်စာတိုအရ သျှံသံဗျင် (ဓါတ်ပုံ ၁၃၈/ ၁၈) သျှံပန်တျာ (ဓါတ်ပုံ ၁၁၃/၁၄) သျှံယန်သည် (ဓါတ်ပုံ ၃၉၁/ ၂၂) နှင့် သျှံပန်ပွတ် ရှိခဲ့ကြောင်းသိရသည်။ သို့သော် ထိုအမျိုးသားတို့၏ ဇာတိအရပ်ကို ဖော်ပြသည်ဟူ၍ မရှိခဲ့ချေ။ ရွာအမည်အဖြစ်ဖြင့် ခန်တီ (ဓါတ်ပုံ- ၆၅ ခ/၃၊ ၈၇/၁၀၊ ၉၂/၁၇၊ ၁၄၃ က/၉၊ ၂၁၊ ၁၄၃ ခ/၇၊ ၁၇ဝ ၁၄၄/၉၊ ၁၄၈ ခ/၃၊ ၁၅၃ ခ/၁၀၊ ၁၃၈ က/၂၊ ၁၈၆/၃၊ ၂၃၉/၂၊ ၂၈၃/၁၃ ) ကို မြန်မာကျောက်စာ များတွင် အခါခါ တွေ့ရှိဖူးရာ သျှမ်း ဘာသာ ခန်တီ ခေါ် ရွှေမြေကိုပင် ရည်ညွန်းသည်ဟု ဆိုရချေမည်။ ထိုရွာမျိုးတွင် သျှမ်းအမျိုးသား အများစုရှိမည်ဟု ခန့်မှန်းရ၏။ မင်းဘူးနယ် ခြောက်ခရိုင် အရပ်ဖြစ်သော ဆည်ရေသောက် လယ်စိုက်ရာတွင် ခန်တီ တစ်ရွာရှိ၏ နောက်ပိုင်းတွင် အထက်ချင်းနှင့် ပူတာအိုနယ်များ၌လည်း ခန်တီရှိကြောင်းတွေ့ရပါသည်။ (စာရင်း ၁၀၈၄ က/၅ နှင့် ရန်အောင်မြင် ဘုရားကျောက်စာ / ၈) တွင်ပါရှိသည်။ (ဒေါက်တာသန်းထွန်း၏ မြန်မာရာဇာဝင်စာတမ်း အမှတ်- ၁ )
AD- 1287 ခုနှစ်က ရေးသားသည်ဟု ဆိုရမည်ဖြစ်သော ယွန်ရာဇာဝင်တွင် သျှမ်းကို ပိုင်ယီခေါ်ကြောင်းတွေ့ရသည်။
မည်သည့်လူမျိုးက မည်သို့ပင်ခေါ်ဝေါ်သည်ဖြစ်စေ သျှမ်းလူမျိုးတို့သည် မိမိကိုမိမိ လွန်ခဲ့သောနှစ်ပေါင်း သုံးထောင်ကျော် မတိုင်မှီကစတင်၍ ယနေတိုင် တိုင်း (TAI) ဟုပင်ခေါ်ဝေါ် သုံးစွဲလျှက်ရှိကြောင်း တင်ပြလိုက်ရပါသည်။
ယနေ့ သျှမ်းလူငယ်တွေအား အထူးမှာကြားလိုသည်မှာ ကမ္ဘာရေစီးကြောင်းနှင့်အတူ မြန်မာ့နိုင်ငံရေးတွင် ဖြစ်ပျက်လျှက်ရှိသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စတဲ့ အရေးပေါင်းစုံတို့သည် မိမိတဦးခြင်းစီနှင့် သက်ဆိုင် လျှက်ရှိကြောင်းပင်ဖြစ်သည်။
ဒီနေ့ခေတ်လူငယ်နှင့် အထူးသဖြင့် သျှမ်းလူငယ်များတို့သည် သမိုင်းစာအုပ်မြင်ရင်နှခေါင်းရှုံ့ ပြတတ်ကြသည်။အဟောင်းအမြင်တွေပြန်လှန်နေလို့ဘာအကျိုးရှိမှာလဲ၊လက်ရှိဖြစ်နေတာတွေကိုပဲကြည့်ပါလို့ပြောလေ့ရှိတယ်။သူတို့ကအတိတ်ကိုပြန်မကြည့်ချင်သလိုအနာဂတ်ကိုလှမ်းမျှော်ကြည့်တာကိုလည်းမကြိုက်ကြပါဘူး။စိတ်ကူယဉ်နေလို့အိပ်မက်တွေမက်နေလို့ဘာမှဖြစ်လာမှာမဟုတ်ဘူး၊ပစ္စုပ္ပန်မှာဖြစ်နိုင်တာတွေကိုပဲလုပ်လို့ဆိုကြပါသည်။
သျှမ်း သမိုင်း၏တန်ဖိုး သျှမ်းသမိုင်း၏ ဧရိယာ သျှမ်းတွေရဲ့ ဖြန့်ကျက်နေထိုင်မှုများကို မသိသရွေ့ နောင်သားစဉ်မြေးဆက် ဂူထဲက ကျားများသာဖြစ်နေဦးမည် မွဲလွဲပေ။
“ သမိုင်းဆိုတာကို မသိလေတုံးလေ ဖြစ်မယ်၊ အစိုးရက တုံးတဲ့ တိုင်းသူပြည်သားတွေ ဖြစ်အောင် ဖန်တီးတာပဲ ဖြစ်တယ်။”
(အငြိမ်းစား သမိုင်း ပါမောက်ခ ဒေါက်တာ အေးကျော်)
“ သမိုင်းစစ်စစ်ကို သိရင် အချူပ်ကတော့ မအဘူးပေါ့။ ”
(ဒေါက်တာသန်းထွန်း၊ သမိုင်းနှင့် စကားပြောခြင်းမှ)
ချစ်သော သျှမ်းညီနောင်အပေါင်းတို့အား လေးစားလျှက် ကျားပေါက်
ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်