Quantcast
Channel: Shannilay
Viewing all articles
Browse latest Browse all 89

ရုပ်ရှင်အစ ပထမ

$
0
0

အစရဲ့အစများဖြစ်တဲ့ရုပ်ရှင်အစ
ကျနော်၏ အစရဲ့အစများအကြောင်းကို တင်ပြလို၍ မြန်မာ့ရုပ်ရှင်   ခေတ်ဦး သမိုင်းအစ ပထမများ အကြောင်းကို ရွေးချယ် လိုက်ပါသည်။   မြန်မာ့ရှပ်ရှင် သမိုင်းအစကို မရေးမီ ကမ္ဘ့ာရုပ်ရှင်စတင် ဖြစ်ပေါ် လါတဲ့   ရုပ်ရှင်ခေတ်ဦးကို ဦးစွာတင်ပြ ရမည်ဖြစ်ပါသည်။

ထို့ကြောင့် ခရစ်နှစ် ၁၈၇၂-ခုနှစ်တွင်  အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်တွင် အထက် လွှတ်တော်အမတ် လီလန်းနှင့် စတင်းဖိုးတို့သည် မြင်းတစ်ကောင်က ဆုန်ချပြေးလျှင်   ခြေလေးချောင်းစလုံး   မြေပြင်နှင့် တချိန်ချိန်မျာ လွတ်သည် မလွတ်သည်ကို အငြင်းအခုံဖြစ်ကြရာမှ ငွေကြေးပြည့်စုံသော စတင်းဖိုးက   ဒေါ်လာလေးသောင်း အကုန်ခံက ကင်မရာ (၂၄) လုံးကို တစ်လုံးလျှင် တစ်ပေအကွာတွင် ထားပြီး ဓါတ်ပုံဆရာ အက်ဒ၀ပ်မိုင်းဘရစ်ခ်ျကို ရိုက်ခိုင်းသည်။

ရိုက်ပြီးသည့် ဓါတ်ပုံ (၂၄)ပုံကို အစဉ်အတိုင်း ဆက်စပ်ကြည့်သောအခါ မြင်း၏ ခြေလေးချောင်းမှာ မြေနှင့် လွတ်နေသည်ကို တွေ့ရသဖြင့် စတင်းဖို့က အနိုင်ရရှိသွားခဲ့သည်။ ဤသည်ကို အတုယူကာ မီဇိုးနီးယာ ဆိုသူက ရုပ်ပုံများ လှုပ်ရှားသွားလာပုံကို မှန်ပေါ်တွင်ကူး၍ မှန်ဘီလူးဖြင့် ပိတ်ကားပေါ်မှာထိုးပြခဲ့ဖူးသည်။

၁၈၇၂-ခုနှစ် မှာပင်လျှင် သောမတ်အယ်ဒီဆင် ဆိုသူက ဓါတ်ပုံများကို ရစ်လုံးနှင့် ရစ်၍ လက်နှင့် လှည့်ပြရသော မှန်အိမ်တစ်ခုကို ထပ်မံတီထွင်လိုက်ပြီး။ ၁၈၈၉-ခုနှစ် အောက်တိုဘာလ (၆)ရက်နေ့တွင် ပရိသတ်များကို ပြသခဲ့သည်။ စာရေးသူတို့ မြန်မာပြည်တွင် ရုပ်ရှင်စတင်ပြခဲ့သည်မှာ ၁၉၁၀-ခုနှစ်ဖြစ်ပြီး၊ ရန်ကုန်မြို့ လမ်းမတော်လမ်းနှင့် ကျုံးကြီးလမ်းခေါ် အနော်ရထာလမ်းထောင့်၊ ကျုံးဖို့ထားသည့်နေရာ ကွက်လပ်တွင်ဖြစ်သည်။ ရုံဝင်ခမှာ တစ်မတ်တန်း (၂၅-ပြား) နှင့် ငါးမူးတန်း (၅၀-ပြား)တန် နှစ်တန်း သတ်မှတ် ခဲ့ကြောင်း သိရှိရသည်။

ရုပ်ရှင်သမိုင်းကြောင်း၏ အစတွင် အသံတိတ်ရုပ်ရှင်ဖြင့် စတင်ခဲ့ကြသည်။ ကမ္ဘာ့ရုပ်ရှင် ပေါ်ထွန်းလာခဲ့ပြီး ၂၅ နှစ်ခန့် အကြာ ၁၉၂၀ တွင် မြန်မာနိုင်ငံတွင်လည်း ရုပ်ရှင်လုပ်ငန်း ပေါ်ပေါက်လာသည်။ နိုင်ငံတကာ   တွင် ၁၉၂၈ ၀န်းကျင်ခန့်က အသံထွက် ရုပ်ရှင်ကို ဖန်တီးနိုင်ခဲ့ကြသည်။ ၄ နှစ်ခန့်အကြာတွင်   မြန်မာပြည် တွင်လည်း အသံထွက် ရုပ်ရှင် ပေါ်ပေါက်လာခဲ့သည်။

မြန်မာ့ရုပ်ရှင်ဖခင်- မြန်မာပြည်၏ ပထမဆုံးရှပ်ရှင်ဖခင်မှာ မြန်မာ့ရုပ်ရှင်ဟူ၍ ပေါ်ထွန်းလာစေရန် ကြိုးပမ်းခဲ့သူမှာ ဦးအုန်းမောင်ဖြစ်သည်၊ မြန်မာ့ရာဇာဝင် နိုင်ငံရေးသမိုင်းတွင် ဘိလပ်သို့ ပထမဆုံး   စေလွှတ်ခြင်းခံရသော ဦးဘဖေ၊ ဦးပုတို့နှင့်အတူ လိုက်ပါခဲ့သည့် ဦးထွန်းရှိန် ကွယ်လွန်သည့် အခါ ထင်ရှားသည့် ပုဂ္ဂိုလ်ကျော် တစ်ဦး၏ ဈာပနအခမ်းအနားကို ရိုက်ပြလျှင်ကောင်းမည်ဟု စိတ်ကူးကာ ရိုက်ခဲ့ပြီး ၁၉၂၀ ခုနှစ်တွင် စီနီမာပဲရစ်တွင် စတင်ပြသခဲ့ခြင်းဖြစ်သည်။ ထုံကြောင့် ဦးအုန်းမောင်ကို ပထမ မြန်မာ့ရှပ်ရှင်ဖခင်ဟု သတ်မှတ်ခဲ့ကြသည်။

ပထမဦးဆုံးသော မြန်မာ့ရှပ်ရှင်ကား ၁၉၂၀ တွင် ရုံတင် ပြသခဲ့သည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော အသံတိတ် ရုပ်ရှင်ဇာတ်ကားမှာ “ဘားမားဖလင်” ကုမ္ပဏီက ရိုက်ကူးသည့် “မေတ္တာနှင့် သူရာ” ဇာတ်လမ်းရေးသူမှာ စာရေးဆရာပီမိုးနင်း၊ ဒါရိုက်တာ ဦးတုတ်ကြီး၊ သရုပ်ဆောင်များမှာ မောင်ညီပု၊ မရီ(မအေးကြည်)၊ မောင်မောင်ချစ်၊ မောင်မောင်ကလေး၊ ကိုညိမ်းနှင့် ဦးပါကြီး တို့ ဖြစ်သည်။

ပထမဦးဆုံးသော မြန်မာ့စတန့်မင်းသားများ ကျော်စိုး (စာရေးဆရာ ပီမိုးနှင်း၏သား ဆယ်နာရီ ဇတ်ကားရိုက်ကူးစဉ် ဓါးထိုးခံရ၍ ကွယ်လွန်ခဲ့သူ) ကျောဟိုး၊ ကျော်မိုး၊ တင်ငွေ၊တင်ဖေ၊ တင်ဆွေ၊   ကျော်အေး၊   ကျော်ညွန့်၊ ချစ်ရွှ(မီးပုံးပျံ ဦးကျော်ရင်)တို့ဖြစ်သည်။

ပထမဦးဆုံးသော မြန်မာ့ရုပ်ရှင် အကယ်ဒမီ ရွှေစင်ဆု ရရှိသူများမှာ ၁၉၅၂-ခုနှစ် အကောင်းဆုံးအမျိုးသားဆု ကျော်ဝင်း (မာလာရီ) မင်းသမီးတင်တင်မူ၏ ခင်ပွန်း မင်းသမီးဒေစီကျော်ဝင်း၏ ဖခင်) အကောင်းဆုံး အမျိုးသမီးဆု ကြည်ကြည်ဌေး (ချစ်သက်ဝေ)တို့ဖြစ်ကြသည်။

 ပထမဦးဆုံး အကောင်းဆုံး ဇတ်ကားဆု ချစ်သက်ဝေ (အေ၀မ်းဖလင်)၊ ဒုတိယ မယားနဲ့လူပျို (အောင်ဇေယျဖလင်) တတိယ ချစ်၍ခေါ်ရာ (ဗြိတိသျှဘားမား) တို့ဖြစ်ကြသည်။

ပထမဦးဆုံးသော ဒါရိုက်တာဆု ကို၁၉၅၄ ခုနှစ် သြော်မိန်းမ ဇတ်ကားဖြင့် ဦးသုခက ရရှိခဲ့သလို ထိုဇတ်ကားမှာ ဒေါ်ပု (မေမေ) က အကောင်းဆုံး ရှပ်ရှင် အနုပညာသည်ဆု ရရှိခဲ့ပါသည်။

ပထမဦးဆုံးသော အမျိုးသမီး ဇတ်ပို့၊ ဇတ်ရံ ဆု ၁၉၆၂ -ခုနှစ် မေနွဲ့ (ဒေါ်မေနွဲ့) (ရွှေရင်သိမ်းသစ်)၊ဦးကျောက်လုံး (အတွေ့) နှင့် ဦးကျောက်လုံးသည် ၁၉၆၄ တွင် (ရင်ဝယ်တသိမ့်သိမ့်) ၁၉၆၅ တွင်ချစ်သမီး ဇတ်ကားဖြင့် သုံးကြိမ် ဆက်တိုက်ရရှိခဲ့သည်။ ၁၉၆၃ တွင် ဆုပေးခြင်း မရှိကြောင်းသိရသည်။

ပထမဦးဆုံးသော ကလေးတရုပ်ဆောင် အထူးဆု ၁၉၅၅ -ခုနှစ်တွင် ရုပ်ရှင်မင်းသားကြီး ဖိုးပါကြီး အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆုရရှိခဲ့သည့် (ဖိုးပြုံးချို) ဇတ်ကားတွင် ကလေးသရုပ်ဆောင် ၀င်းမာ သရုပ်ဆောင် အထူးဆုရရှိခဲ့သည်။
 မြန်မာ့ရုပ်ရှင် ခေတ်ဦး၏ ပထမ ဦးဆုံးသော အနုသုခုမ သုတစာစုကို စာဖတ်သူများ ခေတ်တစ်ခေတ်၏ သမိုင်းကြောင်း ဗဟုသုတရရှိနိုင်ရန် ဝေငှ လိုက်ပါသည်။
မောင်စုစည်း သမိုင်းအစ ပထမ၏ ပထမများ မှ
ထုတ်နုတ် တင်ပြလိုက်ရပါသည်။
(ရုပ်ရှင်အမြုတေ) ၂၀၀၈ -ခုနှစ် အောက်တိုဘာ

ရုပ်ရှင်သမိုင်းကြောင်း၏ အစတွင် အသံတိတ်ရုပ်ရှင်ဖြင့် စတင်ခဲ့ကြသည်။ ကမ္ဘာ့ရုပ်ရှင် ပေါ်ထွန်းလာခဲ့ပြီး ၂၅ နှစ်ခန့် အကြာ ၁၉၂၀ တွင် မြန်မာနိုင်ငံတွင်လည်း ရုပ်ရှင်လုပ်ငန်း ပေါ်ပေါက်လာသည်။
နိုင်ငံတကာတွင် ၁၉၂၈ ၀န်းကျင်ခန့်က အသံထွက် ရုပ်ရှင်ကို ဖန်တီးနိုင်ခဲ့ကြသည်။ ၄ နှစ်ခန့်အကြာတွင် မြန်မာပြည်တွင်လည်း အသံထွက် ရုပ်ရှင် ပေါ်ပေါက်လာခဲ့သည်။

မြန်မာ့ရုပ်ရှင်ငွေရတုခေတ်ကာလတွင် ဟောလိဝုဒ် ရုပ်ရှင်လောကနှင့် တိုက်ရိုက်ဆက်သွယ်၍ လုပ်ဆောင်ခဲ့သည်။ “ဟောလိဝုဒ်မှာ ရှိတဲ့ ယူနီဗာဆယ် စတူဒီယိုမှာ ဆိုရင် မြန်မာပြည်က ပို့ထားတဲ့ ဇာတ်ညွှန်းတွေကို အင်္ဂလိပ်ဘာသာနဲ့ တွေ့ရတယ်။ နောက် ဒီမှာ ရှိတဲ့ “ငဘ” ဆိုတဲ့ ကားရဲ့ ဇာတ်ညွှန်းတအုပ်လုံးကို ဆိုရင် အင်္ဂလိပ်လိုရေးထားတာ” ကြောင်းသိရှိရသည်။

မြန်မာပြည် ရှုခင်း ရိုက်ချက်များကို ဟောလိဝုဒ်က ၀ယ်ယူခဲ့ခြင်း ဖြစ်ကြောင်း၊ အနောက်နိုင်ငံများကို မှီငြမ်း၍ ဖန်တီးခဲ့ကြခြင်း မဟုတ်ဘဲ ကိုယ်ပိုင်အစွမ်းအစဖြင့် ဖန်တီးခဲ့သည်များကိုသာ ပြသကြခြင်း ဖြစ်ကြောင်း၊ ထိုခေတ်က အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ဇာတ်ညွှန်းများကို ကြည့်လျှင် မြန်မာ့ရုပ်ရှင်   လောက သားများ၏ အဆင့်အတန်း မြင့်မားခဲ့သည်ကို သိနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

“မြန်မာ့ရုပ်ရှင်အနုပညာက တချိန်တုန်းက အရမ်း အောင်မြင်ခဲ့တယ်။ အဲ့ဒီလို အနေအထားမျိုး   ပြန်ရောက်အောင် နောင်လာ နောက်သားတွေ အနေနဲ့ ကြိုးစားသင့်ပါတယ်” ဟု ကြည်ဖြူသျှင်က ဆိုသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးသော အသံထွက်ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ဦးတုတ်ကြီးက အိန္ဒိယသို့ သွားရောက် ရိုက်ကူးခဲ့သည်။ “ငွေပေးလို့မရ” ဟု အမည်ရသော ထိုဇာတ်ကားတွင် မောင်အေးကို၊ ခင်မေကြီး၊ ခင်မေလေး တို့ သရုပ်ဆောင်ထားကြသည်။

ယခင်က မြန်မာသရုပ်ဆောင်များသည် အနောက်နိုင်ငံမှ ရုပ်ရှင်သရုပ်ဆောင်များနှင့် တွဲဖက် ရိုက်ကူးခြင်း၊ အနောက်နိုင်ငံများသို့ သွားရောက် ရိုက်ကူးခြင်း၊ အနောက်နိုင်ငံမှ ရုပ်ရှင်ကုမ္ပဏီများ မြန်မာပြည်သို့ လာရောက် ရိုက်ကူးခြင်းများ ရှိခဲ့သည်။

၁၉၅၄ ခုနှစ်တွင် ရိုက်ကူး ထုတ်လုပ်ခဲ့သည့် “Purple Plain” (ခရမ်းရောင်လွင်ပြင်) ဟု အမည်ရသော ရုပ်ရှင် ဇာတ်ကားတွင် နိုင်ငံခြားသား သရုပ်ဆောင်ဖြစ်သည့် ဂရေဂိုရီဘတ် နှင့် မြန်မာပြည်မှ သရုပ်ဆောင် ၀င်းမင်းသန်းတို့က အဓိက ပါဝင်ခဲ့သည်။

မြန်မာ့ရုပ်ရှင်သည် ၁၉၅၀ ကျော်မှ စတင်၍ ၁၉၈၀ ၀န်းကျင်ကာလများအထိ တနှစ်လျှင် ရုံတင်သည့် အရေအတွက်မှာ ကားပေါင်း ၈၀ - ၁၀၀ နီးပါးခန့် ရှိခဲ့သော်လည်း နောက်ပိုင်းကာလများတွင် တနှစ်လျှင် ကားပေါင်း ၁၅-၂၀ ခန့်သာ ရုံတင်နိုင်ခဲ့သည့် အနေအထားသို့ ရောက်ရှိခဲ့သည်။

“တခြားနိုင်ငံတွေက တိုးတက်သွားသလောက် ကျနော်တို့က ရပ်နေတာပါပဲ။ အရုပ်ကောင်းဖို့၊ အသံကောင်းဖို့ကို မနည်း လုပ်နေရတယ်”ဟု ဒါရိုက်တာအကယ်ဒမီ ကြည်စိုးထွန်းက ဧရာဝတီကို ပြောသည်။

၁၉၅၂ ခုနှစ်မှ စတင်၍ ရုပ်ရှင်လောကမှ ထူးချွန်သူများကို အကယ်ဒမီဆု ဟု ထင်ရှားသည့် ရုပ်ရှင်ထူးချွန်ဆုများ နှစ်စဉ် ချီးမြှင့်ခဲ့သည်။

မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်နိုင်ကြပါစေ...

1029 ခုနှစ်က ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားပါ


ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက် 
"۩"
 


Viewing all articles
Browse latest Browse all 89

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


သင်္ကြန်မှာ မုန့်လုံးရေပေါ် စတုဒီသာ ဒါနပြုမယ်


TTA Oreo Gapp Installer


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး...


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက် မွန်ပြည်နယ် ခြောက်နှစ်ဆက်တိုက် ပထမရ


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


အစ်ကိုအရင်းက ညီမကို မူးလာတိုင်း ဓါးထောက်မုဒိန်းကျင့် ဗိုက်ထွက်လာမှသိရ


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


ဆရာလွတ် အင်္ဂလိပ်စာရေးနည်း နှင့် Essay, Letter စာအုပ်


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


တာနောယက္ခ


မနောမယအိမ်ခြံမြေရောင်းနည်း