Quantcast
Channel: Shannilay
Viewing all articles
Browse latest Browse all 89

ရေခဲပန်းပုနှင့် ဆီးနှင်း

$
0
0
မြန်မာနိုင်ငံ၌ သာမက အရှေ့တောင်အာရှ နိုင်ငံများတွင်ပါ ပထမဆုံးရေခဲနှင့် ဆီးနှင်း အသုံးပြုပေါင်းစပ် ဖန်တီးထားသော အပန်းဖြေနေရာဖြစ်တဲ့ Snow Wonderland ကို ရန်ကုန်မြို့တွင် ၁၀၁၂ ခုနှစ် အောက်တိုဘာ ၂၀ ရက်နေ့ကဖွင့်လှစ်ခဲ့သည်။ ယင်း Snow Wonderland ကို ယခင်က  Ice Wonderland ဟုခေါ်တွင်ခဲ့ပြီး ပြခန်းတွင်း ရေခဲပန်းပုများသာ ပြသနိုင်ခဲ့သော်လည်း ယခုအသစ်ပြန်လည် ဖွင့်လှစ်လိုက်သည့် Snow Wonderland တွင်မှု ရေခဲပန်းပုများသာမက ဆီးနှင်းများဖြင့် ဖုံးလွှမ်းနေသော နှင်းလျှောစီးကွင်း၊ နှင်းလျှောစီးကွင်းတစ်လျှောက် အရှိန်ပြင်းစွာဖြင့် စီးနင်းနိုင်မည့် အပျော်စီးကား၊ ကလေးကစားကွင်းများကိုပါ ထည့်သွင်းဖန်တီးထားခြင်း ဖြစ်သည်။ ယင်းကဲသို့ ရေခဲပန်းပုနှင့် ဆီးနှင်းပေါင်းစပ် ဖန်တီးမှုသည် မြန်မာနှင့် အရှေ့တောင်အာရှ နိုင်ငံများတွင် ပထမဦးဆုံးဖြစ်ကြောင်းသိရသည်။

Snow Wonderland ကိုရေခဲ ပန်းပုတွေ စတင်ခဲ့တဲ့ တရုတ်နိုင်ငံက ပညာရှင်တွေကိုခေါ်ပြီး ဖန်တီးထားတာပါ။ ထူးခြားတာာ တစ်ခုက ရေခဲနဲ့ ဆီးနှင်းပေါင်းစပ် ဖန်တီးထားတာပါ၊ ဘန့်ကောက်က နာမည်ကြီး Dream World ဆိုရင် ဆီးနှင်းပဲရှိပါတယ်။ တရုတ်မှာဆိုရင်လည်း ရေခဲပန်းပုပဲရှိပါတယ် ဒါကို နိုင်ငံခြား ဧည့်သည်တွေအတွက် လည်ပတ်စရာ နေရာ အဆန်းတခုဖြစ်လာဖို့ မျှော်လင့်ထားကြောင်း Asia Myanmar Consortium Development - ကုမ္ဗဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးကျော်ခိုင်က ပြောပါသည်။

 ထုတ်နုတ် - ပြည်မြန်မာ YTTA




ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက် 
"۩"
 

Viewing all articles
Browse latest Browse all 89

Trending Articles