Quantcast
Channel: Shannilay
Viewing all articles
Browse latest Browse all 89

အောင်မြင်မှုရှိသော ခေါင်းဆောင်ကောင်း

$
0
0

လူ့လောကကြီးတွင်ခေါင်းဆောင်ဟူသည်နေရာတိုင်းတွင် ရှိမြဲဖြစ်၏။အိမ်တွင်ဖြစ်စေ၊ကျောင်းတွင်ဖြစ်စေ၊ကျေးရွာ၊ရပ်ကွက်၊မြို့နယ်၊ခရိုင်တိုင်း၊နိုင်ငံတွင်ဖြစ်စေခေါင်းဆောင်ဟူ၍ရှိနေမြဲပင်ဖြစ်ပေသည်။အသင်းအဖွဲ့အမျိုးမျိုးတွင်လည်းခေါင်းဆောင်ဟူ၍ရှိရ၏။ယုတ်စွအဆုံးခေတ္တယာယီ ပြုလုပ်ကျင်းပသောအခမ်းအနားမျိုး တွင်ပင်လျှင် ခေါင်းဆောင်ဆိုသူကိုထားရှိမြဲဖြစ်၏။ ထိုကဲ့သို့ခေါင်းဆောင် ထားရှိခြင်းသည် လောက အစဉ်အလာဖြစ်ပေသည်။ 

 နိုင်ငံတော်အဖွဲ့အစည်း  ရဟန်းတော်များ၏ အဖွဲ့အစည်းတွင်၎င်း လူမှုရေးအဖွဲ့အစည်း၊ပရဟိတအဖွဲ့အစည်း၊ သာရေးနာရေးအဖွဲ့အစည်း  ခေါင်းဆောင်ဟူသည် ရှိရ၍ နောက်လိုက်ဖြစ်သူများကခေါင်းဆောင်ဖြစ်သူကိုရိုသေလေးစား ကြရ၏။ယုံကြည်အားထားမှုလည်းရှိကြရ၏။ခေါင်းဆောင်ဖြစ်သူကနောက်လိုက်များကိုစောင့်ရှောက်ထိန်းသိမ်းနိုင်မှု ရှိကြရသည်။ ဤနေရာတွင်စောင့်ရှောက်မှု ဟူသည်မှာအမှန်တကယ် လိုအပ်နေသည်ကို ဖြည့်ဆည်းပေးခြင်းဖြစ်၏။ထိန်းသိမ်းမှုဆိုသည်မှာဆိုးကျို ဖြစ်ပေါ် လာစေမှုမျိုးကိုတရားသောနည်းလမ်းဖြင့်ထိန်းချုပ်ပေးခြင်းကာကွယ်ပေးခြင်းလမ်းညွှန်မှု ပေးခြင်းပင်ဖြစ်သည်။ 

လမ်းညွှန်မှု ဆိုသည်မှာလည်းကောင်းသောအလုပ်၊ကောင်းသောစကား၊ကောင်းသောအကြံများကိုလုပ်ဆောင်ပြောဆို ကြံစည်ရန်ဖြစ်၏။ထို့ကြောင့်ခေါင်းဆောင်ဆိုသူများမှာအဖွဲ့အစည်းတိုင်းအတွက်အလွန်အရေး ပါလှပေသည်။ ခေါင်းဆောင်ကောင်းမှနောက်လိုက်ကောင်းမည် ဆိုသကဲ့သို့ခေါင်းဆောင်မကောင်းရင်နောက်လိုက်လည်းမကောင်းနိုင်တော့ပေ။

မကောင်းမြင်တတ်သူများ အဖို့ကိုယ့်ခေါင်းဆောင်မကောင်းကြောင်းပြောလေ့ရှိသည်။မကောင်းလျှင်ဘာကြောင့်ကိုယ့်အထက်ရောက်ပြီးဘာလို့ခေါင်းဆောင်ဖြစ်နေရတာလဲဟူသောမေးခွန်းကိုမေးလျှင်လည်းမကြိုက်ချင်ကြ၊အမှန်မှာတော့ Secrets of Leadership success နှင့် Sacred Leadership ကိုလိုင်းချော်တွေးနေကြခြင်းသာဖြစ်သည်။ 

အမြဲတမ်းမှားတွေးလေ့ရှိကြသည်။ခေါင်းဆောင်ဖြစ်လာခြင်းမှာခေါင်းဆောင်နိုင်သောအရည်အချင်းရှိသောကြောင့်သာခေါင်းဆောင်ဖြစ်လာကြခြင်းသာဖြစ်သည်။မျက်မှောက်ခေတ်အဖွဲ့အစည်းများတွင်ခေါင်းဆောင်များသည်သူတို့၏လျှို့ဝှက်ချက်များကြောင့်သာခေါင်းဆောင်နေရာတွင်ရပ်တည် နေကြခြင်းသာဖြစ်သည်။ခေါင်းဆောင်မှုစတိုင်ကိုပြန်ကြည့်လျှင်လမ်းညွှန်တတ်သောသဘော၊ဦးစီးနိုင်သော သဘောရှိကြသည်။တစ်နည်းအားဖြင့် Mentors သဘောကိုကောင်းကောင်းနားလည်သူများဖြစ်သည်။လက်ညှိုးညွှန်ရာရေဖြစ်စေနိုင်သည့်သဘောရှိသူများလည်းဖြစ်သည်။ကိုယ်ခေါင်းဆောင်မည့်အဖွဲ့အစည်း၏အခြေအနေကိုကောင်းစွာနားလည်တတ်သူများလည်းဖြစ်သည်။နောက်ပြီးပါရမီခံရှိသူဖြစ်သည်။

ခေါင်းဆောင်ဖြစ်လာမှုနှင့်ပတ်သက်ပြီး Nature လား၊ Nurture လားဆိုသည့်မေးခွန်းကိုအမြဲမေးလေ့ရှိကြသည်။ nature ကတော့ဖွံ့ဖြိုးဆဲများအလေးထားကြသည်။သဘာဝကိုကခေါင်းဆောင်ပါရမီပါလာသည့်သဘောဖြစ်သည်။တောက်မည့်မီးခဲအရှိန်နှင့်တရဲရဲသဘောမျိုးဖြစ်သည်။နဂိုရှိမှနဂိုင်းထွက်သည့်သဘောလည်းဖြစ်သည်။ Nurture ကတော့ခေါင်းဆောင်မွေးယူခြင်းဖြစ်သည်။ Nature ကမှန်သလား၊ Nurture ကမှန်သလားဟုဆိုလျှင်နှစ်ခုစလုံးမှန်ပါသည်။ 

ခေါင်းဆောင်မှုသင်တန်းများကိုတက်ရောက်သူများကိုကြည့်လျှင်ခေါင်းဆောင်နိုင်သောအရည်အချင်းရှိသူများသာတက်ရောက်ကြသောကြောင့်သာဖြစ်သည်။ခေါင်းဆောင်နိုင်သောအရည်အချင်းရှိသူသည် Nature ဖြစ်သည်။ခေါင်းဆောင်မှုသင်တန်းအရခေါင်းဆောင်များမွေးထုတ်ခြင်းသည် Nurture သာဖြစ်သည်။မဆိုင်သော်လည်းဆက်စပ်မှုရှိပါသည်။ Nature မရှိဘဲ Nurture လုပ်ခံရပြန်လျှင်လည်းရွယ်တော့မဟာနွယ်၊ညားတော့ဈေးသည်အဆင့်လောက် ခေါင်းဆောင်မျိုးသာရရှိပါသည်။ခေါင်းဆောင်အရည်အချင်းရှိသူများကိုလေ့လာမည်ဆိုလျှင်သူတို့လုပ်ကိုင်နေသောလုပ်ရပ်များကိုကြည့်ပြီးအကဲခတ်နိုင် ကြသည်ဟုလည်းဆိုကြပါသည်။သူတို့ရဲ့သိသာနိုင်သောလျှို့ဝှက်ချက်များကိုလေ့လာမည်ဆိုပါက

အသိအမှတ်ပြုတတ်ပါစေ....

ခေါင်းဆောင်တစ်ဦး၏မလွဲမသေလုပ်ရမည့်တာဝန်များတွင် Recognition ခေါ်အသိအမှတ်ပြုခြင်းဖြစ်သည်။အလုပ်ကိုအသိအမှတ်ပြုမှာလား၊လူကိုအသိအမှတ်ပြုမှာလားဟူသောမေးခွန်းသည်ထိုခေါင်းဆောင်၏လုပ်ဆောင်မှုအပေါ်တွင်မူတည်နေသည်။အလုပ်ကိုမွေးသောခေါင်းဆောင်သည်တာဝန်ကျေပွန်သူကမြှောက်စားသည်။အလုပ်တာဝန်မကျေပွန်သူကိုသတိပေးသည်။လူကိုမွေးသောခေါင်းဆောင်သည်ကိုယ်နှင့်တည့်သည့်လူကိုမြှောက်စားသည်။မတည့်သည့်လူကိုချောင်ထိုးသည်။ပိုစိတ်ချရအောင်နှိပ်ကွပ်ထားသည်။တစ်ဖန်ခေါင်းဆောင်ဆိုသည်မှာလူကြောင့်ဖြစ်လာသည်လား၊အလုပ်ကြောင့်ဖြစ်လာသည်လားဟူသောမေးခွန်းကိုလူတွေကြောင့်ခေါင်းဆောင်ဖြစ်လာသည်ဟုသာထင်တတ်ကြသည်။အမှန်တော့အလုပ်အရသာသက်ဆိုင်ရာခေါင်းဆောင်အသီးသီးတို့ဖြစ်လာကြခြင်းသာဖြစ်သည်။

ထို့ကြောင့်ခေတ်သစ်စီးပွားရေးစနစ်တွင်စုံစီနဖာ၊တောက်တိုမယ်ရခေါင်းဆောင်ဆိုသည်ကားမရှိ၊အလုပ်တာဝန်ဝတ္တရား Division of Labour or Specialization ပေါ်မူတည်ပြီးမှသာခေါင်းဆောင်ဖြစ်လာခြင်းသာရှိသည်။အဖွဲ့အစည်းမှဖြစ်လာသောခေါင်းဆောင်သာလျှင်ရှိသည်။ထိုခေါင်းဆောင်သည်ထိုအဖွဲ့အစည်းမရှိတော့လျှင်ထိုခေါင်းဆောင်လည်းမရှိတော့သည့်သဘောမျိုးဖြစ်သည်။အထက်ဖော်ပြပါအချက်နှစ်ချက်ကိုပြန်သုံးသပ်လျှင်အလုပ်ကိုလည်းမွေးရမည်။အလုပ်နှင့်ပတ်သက်သောလူများကိုလည်းမွေးရမည်သာဖြစ်ပါတော့သည်။အလုပ်သပ်သပ်မွေးလို့တော့မရနိုင်ပါ။အလုပ်နှင့်တွဲပြီးလူမွေးရပါသည်။သို့သော်လည်းအလုပ်သပ်သပ်ဖြင့်လူမွေးလို့ရောရနိုင်ပါသလားဟူသောမေးခွန်းလည်းရှိပါသည်။အလုပ်သပ်သပ်ဖြင့်လည်းလူမွေး၍ရနိုင်ပါသည်။သို့သော်လည်းအဖွဲ့အစည်း အတွက်တော့စိတ်မချရပါ။အဖွဲ့အစည်းပျက်သွားနိုင်သောကြောင့်ဖြစ်သည်။

အဖွဲ့အစည်းပျက်သွားလျှင်ထိုအဖွဲ့အစည်း၏ခေါင်းဆောင်လည်းမရှိတော့ပါ။အဖွဲ့အစည်းနှင့်ပတ်သက်လာလျှင်လည်းတွေးဆစရာများလည်းရှိပါသည်။ရပ်တည်နေသောအဖွဲ့အစည်းနှင့်လှုပ်ရှားနေသောအဖွဲ့အစည်းဟူ၍နှစ်မျိုးရှိပါသည်။ဥပမာအားဖြင့် - လူ၏ခန္ဓာကိုယ်ကိုအဖွဲ့အစည်းတစ်ခုအဖြစ်သတ်မှတ်လိုက်မည်ဆိုလျှင်အစားစားနေချိန်တွင်အစားစားခြင်းနှင့်ဆိုင်သောအစိတ်အပိုင်းသည်ခေါင်းဆောင်ဖြစ်လာပါသည်။
ပါးစပ်၊လက်၊မျက်စိစသည့်အပိုင်းများဖြစ်လာပါသည်။လမ်းလျှောက်တော့မည်ဆိုလျှင်လည်းခြေထောက်၊မျက်စိစသည်တို့သည်လည်းခေါင်းဆောင်မှုအပိုင်းတွင်ဖြစ်လာပါသည်။ထို့ကြောင့်ခန္ဓာကိုယ်တွင်မည်သူကခေါင်းဆောင်ဖြစ်မလဲဟူသောအတွေးသည်သိပ်စဉ်းစားစရာမလိုပါ။အသိအမှတ်ပြုခြင်းနှင့်သာဆိုင်ပါသည်။စားနေချိန်တွင်စားခြင်းနှင့်ဆိုင်သောခန္ဓာကိုယ်အစိတ်အပိုင်းများကိုအသိအမှတ်ပြုသင့်ပါသည်။လမ်းလျှောက်နေချိန်တွင်လမ်းလျှောက်ခြင်းနှင့်ဆိုင်သောအစိတ်အပိုင်းများကိုအသိအမှတ်ပြုတတ်ရပါမည်။စားနေချိန်တွင်ခြေထောက်ကိုမြှောက်စားနေမည်၊လမ်းလျှောက်ချိန်တွင်ပါးစပ်ကိုအမွှမ်းတင်နေမည်ဆိုပါကအသိအမှတ်ပြုလွဲနေပါတော့မည်။ယင်းကို Leadership တွင် Supervision Means ဟုခေါ်ဆိုကြသည်။

စီမံခန့်ခွဲတတ်ပါစေ.....

စီမံခန့်ခွဲမှုနှင့်ပတ်သက်လာလျှင်စုပေါင်းလုပ်တတ်မှုရှိစေရန်သွန်သင်တတ်ရမည်ဖြစ်သည်။များသောအားဖြင့်စီမံခန့်ခွဲမှုသည်အချင်းချင်းရန်တိုက်ပေးတတ်လျှင်စီမံခန့်ခွဲမှုကျွမ်းကျင်သည်ဟုအရပ်စကားဖြင့်ပြောတတ်ပါသည်။ယင်းသည်ကိုယ့်ပိုက်ကွန်ကိုကိုယ့်အတွက်ထောင်သည်ဟုယူဆသူများလည်းရှိလာပါသည်။မည်သည့်အယူအဆကမှန်သည်ဟုဆိုရန်ခက်လှပါသည်။အခြေအနေပေါ်မူတည်ပြီးမှန်နေသောကြောင့်ဖြစ်သည်။အချင်းချင်းရန်တိုက်ပေးခြင်းဖြင့်လုပ်ငန်းခွင်ကိုထိန်းထားနိုင်သရွေ့တော့ထိုစီမံခန့်ခွဲမှုသည်အောင်မြင်နေမည်သာဖြစ်သည်။သို့သော်လည်းဂိတ်ဆုံးလျှင်ဒုတိယအယူအဆသည်မှန်လာပါတော့သည်။စီးပွားရေးလုပ်ငန်းတစ်ခုတွင်ဖြစ်သည်။ကြော်ငြာအားဖြင့်လှုပ်ရှားနေရသောစီးပွားရေးလုပ်ငန်းဖြစ်သောကြောင့်ကြော်ငြာနှင့်ဆိုင်သောပညာရှင်များလည်းရှိသည်။သတ်ပုံနှင့်ဆိုင်သောပညာရှင်များလည်းပါသည်။သို့သော်လည်းလုပ်ငန်းရှင်အနေဖြင့်ကြော်ငြာမှုအပိုင်းတွင်အယူအဆများ၊ Customer Behavior များ၊ CRM, Customer Satisfactions စသည့်အချက်ပေါင်းများစွာကိုဂရုစိုက်ရသည်။မားကက်တင်းအတွက်သူတို့သည်အသက်ဖြစ်သည်။

ပြီးလျှင်စကားလုံးဖွဲ့စည်းမှု၊ကျစ်လျစ်စွာသတင်းအင်ဖော်မေးရှင်းပေးနိုင်မှု၊ထိရောက်စွာသတင်းပေးနိုင်မှုစသည့်အချက်များကပြုစုပြီးလျှင်သဒ္ဒါအမှားအမှန်အတွက်သဒ္ဒါစိစစ်ရေးအဖွဲ့ကိုပေးလိုက်ပါသည်။ကြော်ငြာပြုစုပျိုးထောင်ရေးအဖွဲ့အနေဖြင့်သဒ္ဒါစိစစ်ချိန်ကိုပေး၍မရပါ။လူတိုင်းခံစားဖူးပါသည်။သဒ္ဒါကိုသာဂရုစိုက်လွန်းအားကြီးလျှင်အိုင်ဒီယာပျောက်တတ်ပါသည်။အိုင်ဒီယာကိုသာဂရုစိုက်မည်ဆိုလျှင်လည်းသဒ္ဒါလှည့်မကြည့်အားပါ။ကမ္ဘာကျော်စာရေးဆရာကြီးရှိတ်စပီးယားပင်လျှင်သူ့နာမည်ကိုအမျိုးမျိုးရေးတတ်သည်ဟုဆိုပါသည်။စာလုံးပေါင်းမျိုးလောက်ရှိသည်ဟုဆိုပါသည်။မည်သည့်ဟာအမှန်ကိုပင်ပြောရန်ခက်သည်ဟုဆိုပါသည်။အချို့ကတော့တို့ကတော့အိုင်ဒီယာလည်းကောင်းတယ်၊ Grammar လည်းကောင်းသည်ဟုဆိုပါသည်။အရူးစကားဖြစ်ပါသည်။ကိုယ်ရည်သွေးလွန်းသောကြောင့်အရူးဟုပြောလိုခြင်းဖြစ်သည်။လင်းတလောက်တော့ငှက်တိုင်းလှရုံဖြင့်သွေးနားထင်ရောက်သောစကားဖြစ်သည်။

တစ်နည်းအားဖြင့် Specialization ဆိုတာလည်းနားမလည်၊ Division of labour ဆိုတာလည်းနားနှင့်ဝေးနေသော So-called ပညာရှိများ၊ကြက်ဆူတောပညာရှိများသာပြောလေ့ရှိသောစကားပင်ဖြစ်သည်။ထိုအချက်ကိုကောင်းကောင်းနားလည်သောလုပ်ငန်းရှင်သည်ထိုပညာရှင်နှစ်အုပ်စုကိုစုစည်းပြီးအသိအမှတ်ပြုမည့်အစားသွေးခွဲအုပ်ချုပ်လာသောကြောင့်တစ်အုပ်စုနှင့်တစ်အုပ်စုငါနှင့်ငါသာနှိုင်းစရာများဖြစ်လာပါတော့သည်။အလုပ်မမွေးဘဲလူမွေးသောကြောင့်အလုပ်ကျပြီး၊လူလာပါတော့သည်။ထိုအခါမထိရောက်သောကြော်ငြာများ၊ပိုးသာကုန်မောင်ပုံစောင်းမတတ်သောကြော်ငြာများဖြစ်လာပါသည်။အဓိကတော့လုပ်ငန်းရှင်သည်အလုပ်ကိုမမွေးတတ်ဘဲလွယ်ကူလွန်းသည့်လူမွေးခြင်းကိုသာနားလည်သောကြောင့်သာဖြစ်ပါတော့သည်။ယင်းကို Leadership တွင် Management Means ဟုခေါ်ဆိုကြသည်။ Supervision နှင့် Management Means ထိုနှစ်ပါးနားလည်နိုင်လျှင်တော့အကောင်းဆုံးဖြစ်သည်။

ထုတ်နုတ်.
ဒေါက်တာမောင်မောင်စိုး (ဘောဂဗေဒ
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်  





Viewing all articles
Browse latest Browse all 89

Trending Articles


စပါးရောဂါများ


မန္တလေးအကြမ်းဖက်ရမ်းကားမှုအတွင်းအပြစ်မဲ့ မွတ်စ် လင်မ် တစ်ဦး ရက်ရက် စက်စက်...


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ရိုးရာမပျက် ဆင်ကာနွှဲ အာခါတိုင်းရင်းသားတို့ရဲ့ နှစ်သစ်ကူးပွဲ ( သတင်းဆောင်းပါး )


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အမွေကိစ္စ အမြန် အဆင်ပြေစေသောယတြာ


ညီမဖြစ်သူကို ဦးလေးအရင်းမှ ..သားမယားကျင့်နေပုံကို မြင်တွေ့ခဲ့ရတဲ့အစ်မ...


Sao Kun Hoo (2012) 18+


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ


ပွဲကျောင်းသိုင်းပညာဆိုတာ