Quantcast
Channel: Shannilay
Viewing all articles
Browse latest Browse all 89

ခေါင်းဆောင်ကောင်းတို့၏ အရည်အချင်း

$
0
0

မည်သည့်အရာကခေါင်းဆောင်တို့၏အရည်အချင်းကိုအဆုံးအဖြတ်ပေးပါသနည်း….

Alexander the Great အဆိုအမိန့်တစ်ခုကခေါင်းဆောင်များ၏အရေးပါပုံကိုပြတ်ပြတ်သားသားဖော်ညွှန်းပေးသည်။

" I am not afraid of an army of lions led by a sheep;I am afraid of an army of sheep led by a lion"
““
ခြင်္သေ့အပေါင်းကိုသိုးတစ်ကောင်ကဦးဆောင်လာသောစစ်တပ်ကြီးကိုကျုပ်မကြောက်ပါ။သို့သော်လည်းသိုးအပေါင်းကိုခြင်္သေ့တစ်ကောင်ကဦးဆောင်လာခဲ့သောစစ်တပ်ကိုမူစိုးရိမ်မိပါသည်””
တစ်ချိန်ကအမေရိကန်တို့လည်းပြည်တွင်းစစ်အနှစ်(၄၀)ကြာဖြစ်ပွားခဲ့ပြီး၊အသွင်ကူးပြောင်းရေးမှန်ကန်သွားခဲ့သောကြောင့်ယနေ့အားလုံး၏ရှေ့ကအမေရိကန်ဟူ၍ဖြစ်လာရခြင်းဖြစ်သည်။မည်သို့ပင် ဒီမိုကရက်၊ ရီပတ်ဘလီကင်ဟူ၍ကွဲပြားစေကာမူအားလုံးသည်အမေရိကန်လူမျိုးတို့၏အကျိုးစီးပွားနှင့်ဆက်စပ်လာခဲ့ပါကနှစ်ဖွဲ့ခေါင်းဆောင်များရင်ကြားစေ့၊ ကျောချင်း ကပ်သွားခဲ့သည်။လူမျိုးတစ်မျိုး၊နိုင်ငံတစ်ခုတိုးတက်ရခြင်း၏အကြောင်းရင်းဟုမြင်သည်။လွှတ်တော်ထဲတွင်ထိုပါတီကြီးနှစ်ခုမည်မျှငြင်းခုံနေကြစေကာမူပြင်ပ၌လည်ပင်းဖက်နိုင်ကြသူများဖြစ်သည်။

မြန်မာ့နိုင်ငံရေးသမားများအတုယူဖွယ်ရာကောင်းသည့်ယဉ်ကျေးမှုဟုဆိုချင်သည်။
သူများထက်ပို၍မြင်နိုင်ရန်လိုသည် အများထက်သာလွန်သည်ဟုယူဆ၍ခေါင်းဆောင်အရာတွင်ထားရှိခြင်းဖြစ်သည်။သာမန်လူတို့ထက်အရည်အချင်းများစွာမြင့်မားသင့်၏။စီမံခန့်ခွဲရေးဆိုင်ရာဂုရုတစ်ပါးဖြစ်သူ Warren G.Bennis က"Leadership is the capacity to translate vision into reality"ဟုဆိုထားသည်။

ခေါင်းဆောင်မှုဆိုသည်မှာအနာဂတ်အမြင် (မျှော်မှန်းချက်) ကိုလက်တွေ့အဖြစ်ပြောင်းလဲနိုင်သော အရည်အချင်းဟုဆိုလိုပါသည်။အခြေအနေ၊ အချိန်အခါ အရပ်ရပ်ကိုကောင်းစွာသိရှိပြီးထိုသိမှုအပေါ်အခြေခံကာ ဖြစ်လာနိုင်သည့်အကျိုးဆက်များကိုမြင်အောင်ကြည့်နိုင်ခြင်း၊လက်တွေ့
ဖော်ဆောင်နိုင်ခြင်းလည်းဖြစ်သည်။ဤတွင် Vision ဟူသည့်မျှော်မှန်းချက်မှာစိတ်ကူးယဉ်ခြင်း မဟုတ်သလို၊ဆန်္ဒအပေါ်အခြေခံခြင်းလည်းမဟုတ်ရချေ။ Art of possibilities ဟူသောဖြစ်နိုင်ချေများကိုရှာဖွေခြင်း၊အကောင်အထည်ဖော်ခြင်းသာဖြစ်သည်။ လက်တွေ့ကျသော အနာဂတ် အမြင် မျှော်မှန်းချက်သာဖြစ်ဖို့ ကောင်းသည်။

- ဆရာကြီး Leory Eimes ကပို၍အသေးစိတ်မီးမောင်းထိုးပြလိုက်သည်မှာ..

"A leaderis one who sees more than others see,who sees father than others see,and who sees before other see"
““
အခြားသူများမြင်တွေ့သည်ထက်ပို၍မြင်နိုင်ရခြင်း၊အခြားသူမျာ မြင်နိုင်သည်ထက်ပို၍ဝေးကွာစွာမြင်နိုင်ခြင်း၊အခြားသူများမမြင်နိုင်သေးသည်ကိုမြင်နိုင်ခြင်းသည်ခေါင်းဆောင်တို့၏အရည်အချင်းဖြစ်
သည်ဟုဆိုလိုပါသည်။မနက်ဖြန်သဘက်လောက်နှင့်တစ်နှစ်၊နှစ်နှစ်အတွင်းဘာဖြစ်လာမည်ကိုမြင်နိုင်ခြင်းသည်ခေါင်းဆောင်များအတွက်စာဖွဲ့လောက်သည့်မြင်ခြင်းမျိုးမဟုတ်ချေ။အနည်းဆုံးဆယ်စုနှစ်တစ်ခု၊နှစ်ခုလောက်တွင်ဖြစ်လာနိုင်သည်တို့ကိုခေါင်းဆောင်လုပ်သည့်သူ၊ခေါင်းဆောင်လုပ်မည့် သူတွေကြိုတင် မြင်ကြည့်နိုင်ရန်လိုပါလိမ့်မည်။
ခေါင်းဆောင်တို့၏အရည်အချင်း အဆင့်မတူကြ ခေတ်သစ်တွင်ခေါင်းဆောင်မှုအရည်အချင်းကိုတိုင်းတာသောစံနှုန်းများစွာရှိနေသည်။အထူးသဖြင့်နိုင်ငံရေးခေါင်းဆောင်များ၊စီးပွားရေးဘက်မှ CEO များအတွက်စံနှုန်းများမှာများစွာမြင့်မားလာခဲ့သည်။သီအိုရီအမျိုးမျိုး၊သဘောတရားအမျိုးမျိုးရှိသည်။အများအလွယ်သိစေနိုင်မည့်ထင်ရှားသောစံနှုန်းနှစ်ခုကိုခေါင်းဆောင် လုပ်ကြမည့်သူများအသေအချာသိထားရန်လိုမည်ဟုယူဆသည်။ Cognitive Resources Theory ဖြစ်သည်။ 

ဘာသာရပ်ဆိုင်ရာထက်လက်တွေ့ကျသောအငွေ့အသက်ကပိုများသည်ဖြစ်၍ရေးရခြင်းဖြစ်သည်။ Cognitive ကို"Connected with mental process of understanding"ဟူ၍အဓိပ္ပာယ်ဖွင့်ဆိုထားသည်။အခြေအနေအရပ်ရပ်ကိုမည်မျှနားလည်၍အဆုံးအဖြတ်ပေးနိုင်ပါသလဲဟူသောစိတ်ပိုင်းဆိုင်ရာစီစစ်လက်ခံနိုင်မှုအရည်အချင်းဟူ၍အနီးစပ်ဆုံးအဓိပ်္ပာယ်ဖော်နိုင်ပါလိမ့်မည်။နောက်အဓိပ်္ပာယ်ကပို၍ရှင်းသည်။
" The process by which knowledge and understanding is developed in mind"
ဟူ၍ဖြစ်၏။
မိမိတို့၏ပညာနှင့်နားလည်မှုမည်မျှဖွံ့ဖြိုးတိုးတက်လာပြီလဲဟူသောစီစစ်လက်ခံနိုင်မှုဖြစ်သည်။ခေါင်းဆောင်တိုင်းတစ်ဦးနှင့်တစ်ဦးနောက်ခံ၊အတွေ့အကြုံများမတူညီနိုင်ကြ။အခြေအနေတစ်ရပ်တည်းအပေါ်နားလည်နိုင်သောခေါင်းဆောင်၏ခံယူမှုနှင့်အခြေအနေအရပ်ရပ်အပေါ်နားလည်နိုင်သောခေါင်းဆောင်တို့၏သိမြင်မှုအရည်အသွေးများမတူနိုင်ကြချေ။

အတွေ့အကြုံများ၍ဉဏ်ရည်နိမ့်ပါး ....
"Great experience-Low experience"
ဟူသောအမျိုးအစားတွင်ပါဝင်သောခေါင်းဆောင်ဖြစ်သည်။အချို့အတွေ့အကြုံများကြ၏။သို့သော်လည်းအတွေ့အကြုံမှထုတ်ယူနိုင်သောသင်ခန်းစာနည်းပါးတတ်ကြသည်။ဤနေရာတွင် Intelligence ကိုဉာဏ်ရည်ဉာဏ်သွေးဟုသုံးနှုန်းလိုပါသည်။မည်မျှလေ့လာ သင်ယူပြီးမည်မျှပညာဖြစ်စေနိုင်သောအရည်အသွေးဖြစ်သည်။ 
အသက်အရွယ်သည်အတွေ့အကြုံနှင့်သက်ဆိုင်သည်မှန်သော်လည်း၊မိမိတို့လုပ်ဆောင်နေရသောအလုပ်ကပို၍သက်ဆိုင်သည်ဟုဆိုရပါလိမ့်မည်။အရွယ်လွန်သော်လည်းလုပ်ငန်းတာဝန်များများ၊ကြီးကြီးမထမ်းဆောင်ခဲ့ရပါလျှင်၊အရွယ်ငယ်သော်လည်းလုပ်ငန်းကြီးကြီး၊အခက်အခဲနှင့်စိန်ခေါ်မှု များစွာရှိသောပြဿသနာတို့ကို ကောင်းစွာအဆုံးအဖြတ်ပေးကိုင်တွယ်ခဲ့ရသည့်လူလတ်တစ်ဦး၏ပညာမျိုးကိုရရှိနိုင်မည်မဟုတ်ပါချေ။ဤတွင်အယူအဆတစ်ခုမှာအရွယ်သည်သာမန်အသိ Conventional Wisdom ကိုသာရရှိစေမည်ဟုသတ်မှတ်နိုင်ပြီး၊အလုပ်နှင့်စိန်ခေါ်မှုများကိုကိုင်တွယ်ဖြတ်သန်းခြင်းကသာလေးနက်သော ပညာကိုဖြစ်စေပါလိမ့်မည်ဟူသောအယူအဆဖြစ်သည်။
-- နောက်ခေါင်းဆောင်တစ်မျိုးက ....
"Higher intelligence-Low experience"
ဉာဏ်ရည်ဉာဏ်သွေးကောင်းမွန်သော်လည်းအတွေ့အကြုံနည်းပါးသောခေါင်းဆောင်မှုမျိုးဖြစ်သည်။ပရော်ဖက်ရှင်နယ်တစ်ခု၌ဆိုင်ရာအတွေ့အကြုံကိုကောင်းစွာရထားနိုင်ရန်လိုသည်။စီးပွားရေးသီအိုရီများကိုထုတ်ဖော်ခဲ့ကြသောပါမောက်္ခကြီးများ၏ဉာဏ်ရည်ဉာဏ်သွေးမှာမြင့်မားတတ်ကြ ပါသော်လည်း၊အဘယ့်ကြောင့်လက်တွေ့စီးပွားရေးတွင်မအောင်မြင်ကြရပါသနည်း။ လက်တွေ့စီးပွားရေးတွင်အတွေ့အကြုံလိုအပ်နေသေးသော ကြောင့်ဟုသာဖြေရပါလိမ့်မည်။အတွေ့အကြုံသည်မေ့ထား၍ရစကောင်းသောအရာမဟုတ်သည်မှာဤဥပမာအရများစွာရှင်းလင်းပြီးဖြစ်ပါလိမ့်မည်။

--ခေါင်းဆောင်တစ်မျိုးကအကောင်းဆုံးဖြစ်သည်....
"Great experience-Higher intelligence"
အတွေ့အကြုံကောင်းများလည်းရှိ၊ဉဏ်ရည်ဉဏ်သွေးကောင်းများလည်းရှိသောခေါင်းဆောင်မှုမျိုးဖြစ်သည်။စာရေးသူစိတ်ကြိုက်ဖြင့်ဆိုရလျှင်လီကွမ်ယူလိုလူမျိုးဖြစ်သည်။သူတွေ့ခဲ့သောအတွေ့အကြုံကိုပညာအဖြစ်
ပြောင်းလဲနိုင်ပြီး၊ပင်ကိုယ်ဉာဏ်ရည်ဉာဏ်သွေးလည်းထက်မြက်သူဖြစ်သည်။
ဤနေရာတွင်ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ခြင်းကိုသွက်လက်ချက်ခြာခြင်းနှင့်ရောထွေး၍မမြင်ရန်လိုသည်။သွက်လက်ချက်ခြာခြင်းမှာတုံ့ပြန်မှုမြန်ဆန်ခြင်းသာဖြစ်၍ပညာဖြစ်သောအလုပ်၊မှန်ကန်သောအတွေးများကိုအကောင်အထည်ဖော်နိုင်သူမဟုတ်ချေ။မိမိတပ်ဘက်တွင်တာဝန်ထမ်းဆောင်စဉ်ကအကူရဲဘော်တစ်ယောက်ရှိသည်။ငါးပိဟုဆိုလျှင်ဖုတ်ပြီးသားခင်ဗျဟုဆိုရလောက်အောင်သွက်လက်ချက်ခြာသူဖြစ်သည်။သို့သော်လည်းမကြာခဏပြဿသနာရှာတတ်သူလည်းဖြစ်နေပြန်သည်။
အပျိုပေါက်အကူးအပြောင်း မြန်မာ့နိုင်ငံရေး အကူးအပြောင်းကိုစိတ်ကစားတတ်သောအပျိုပေါက်နှင့်တင်စားနိုင်မည်ထင်သည်။နိုင်ငံရေးခေါင်းဆောင်များ၏ ပုံဖော်ထုဆစ်ရာ ပေါ်လိုက်၍ပေါ်လာမည့် ပုံဖြစ်သောကြောင့်ပင်၊၂၀၁၁- ရှေ့ပိုင်းအခင်းအကျင်းဟောင်းမှ၂၀၁၁-နောက်ပိုင်းအခင်းအကျင်းသစ်ကိုအာဏာရပါတီကပုံဖော်ထုဆစ်ခဲ့သည်။ 

ယခုအခါ၂၀၀၈-ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ခြင်းဖြင့်အနာဂတ် မြန်မာ့နိုင်ငံရေးကိုပုံဖော်ရန်အာဏာရ ပါတီရော၊အတိုက်အခံ ပါတီ ရောကပါကြိုးစားနေကြပါသည်။ထုဆစ်ရန်ဟူသောသဘော တရား၌ အကွဲအပြား မရှိကြ သော်လည်းမည်သည့် ပုံကိုထုဆစ်မည်ဟူသော အပိုင်း၌မူ တစ်ထပ်တည်းမကျကြသည်ကိုတွေ့ရ ပါသည်။နိုင်ငံရေး ခေါင်းဆောင် များ၏အရည်အချင်းနှင့်အင်အားကနောက်ဆုံးအဆုံးအဖြတ် ပေးသွားကြ ပါလိမ့်မည်။ပါတီတစ်ခုက PR ဟူသော အချိုးကျ ကိုယ်စားလှယ် စနစ်ကိုရွေးကောက်ပွဲ၌ ကျင့်သုံး သင့်ကြောင်း အဆိုကို တင်သွင်းရာတွင်ထောက်ခံသူ များခဲ့သဖြင့်ဆက်လက် ဆွေးနွေးကြမည် ဖြစ်၍မြန်မာ့အနာဂတ်နိုင်ငံရေးပုံကိုကောင်းဆုံး ထုဆစ်နိုင်ကြလိမ့်မည်ဟု ယူဆရပါသည်။ 

များမကြာသေးမီကလွှတ်တော်ပြင်ပနိုင်ငံရေးလှုပ်လှုပ်ရှားရှားဖြစ်ခဲ့သည်ကိုတွေ့ရသည်။များစွာမရေးလိုတော့၊လွှတ်တော်နိုင်ငံရေးသို့တဆင့်တက်လှမ်း လာခဲ့ကြပြီဖြစ်၍နောက်ဆုံး လွှတ်တော်တွင်းမှသာ အဆုံးအဖြတ်ပေးကြပြီး မြန်မာ့နိုင်ငံရေး အနာဂတ်ပုံ ပေါ်လာမည်ဟု ယူဆပါသည်။ယခုပေါ်နေသောပုံသည်ဆက်လက်ခရီးနှင်ရန်ရှိနေသေးသော မြန်မာ့အနာဂတ် (၂၀၁၅-၂၀၂၀) အတွင်းဖြစ်လာမည့်ပုံကြမ်းသာဖြစ်ပါလိမ့်ဦးမည်၊ပီပြင်သော၊အနုပညာမြောက်သော၊အသက်ဝင်လှုပ်ရှားဟန်ရှိသော မြန်မာ့အနာဂတ်နိုင်ငံရေးပုံကောင်းတစ်ခု ဖြစ်လာရန်များစွာကြိုးပမ်းရပါလိမ်ဦးမည်။ 

နိုင်ငံရေးပါတီများကိုဦးဆောင်ကြမည့်နိုင်ငံရေးခေါင်းဆောင်များ၏အရည်အချင်းပေါ်၌များစွာတည်မှီနေသည်ဟုဆိုချင်ပါသည်။ 

““ 
လူဆိုးတစ်ထောင်ကဲ့ရဲ့ခြင်းထက်ပညာရှိတစ်ဦးကဲ့ရဲ့ခြင်းကိုလေးထားပါ ””ဟူသောစကားပုံရှိထားသည်။ခေါင်းဆောင်များသည်"Might"ကိုလိုက်မလား၊"Right"ကိုလိုက်မလားဟူသောစိန်ခေါ်မှုများနှင့်ရင်ဆိုင်ရမည်မှာမလွဲချေ။အသိကြီးသူအနည်းငယ်၏ရွေးချယ်သောလမ်းကိုလျှောက်သင့်သလား။အသိနည်းသူအများ၏ရွေးချယ်သောလမ်းကိုအလေးပေးမည်လား ဟူသည်မှာဒီမိုကရေစီနိုင်ငံသို့ကူးပြောင်းကြမည့် နိုင်ငံတိုင်းမလွဲမသွေတွေ့ရလေ့ရှိသောစိန်ခေါ်မှုတစ်ခုဖြစ်သည်။ 

-- ခေါင်းဆောင်များ၏အတွေ့အကြုံ၊ပညာ၊ဉဏ်ရည်ဉဏ်သွေးကနောက်ဆုံးအကောင်းဆုံးအဆုံးအဖြတ်ပေးသွားနိုင်လိမ့်မည်ဟုယူဆပါသည်။

စတုတ်္ထမဏ္ဍိုင်၏ယခင်နှင့်မတူသောအရွေ့အနည်းငယ်ကိုစတင်တွေ့လာခဲ့ပါ၏။ကောင်းသောလက္ခဏာတစ်ရပ်ဖြစ်ပါသည်။အမှန်ဆုံး၊အဖြစ်သင့်ဆုံးသောလမ်းကိုရွေးချယ်ထုဆစ်နိုင်ကြပါစေရန်ဆန္ဒပြုရပါသည်။


နေဇင်လတ်
JOB seekers JOURNAL
Vol.3,No.8

ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်  





Viewing all articles
Browse latest Browse all 89

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ