စော်ဘွားကြီးစ၀်အောင်မြတ်သည် ၀န်းသိုမြို့တွင် အုပ်ချုပ်ခဲ့သည့် အချိန်ကိုမှီလိုက်သူများ ပြောပြချက်အရ စ၀်အောင်မြတ်ဟာ တခါတရံ သျှမ်းဘောင်ဘီဝတ်လေ့ရှိပြီး ဟော်နန်းတွင် ပုဆိုးတောင်ရှည်၊ ရင်ဖုံးအင်္ကျီနှင့် ခေါင်းပေါင်းအမြဲပေါင်း၍ နေတတ်ပြီး။ လူတဖက်သားအား ငါစော်ဘွားဘဲဟု မာန်မာနမထားဘဲ သာယာခေငံစွာပြောတတ်တယ်။ လူပျိုတို့ဘာသာ ဘာဝ ချော်မောလှပသော မိန်းမပျိုများရှိရာအရပ်သို့ လည်ပတ်သွားလာတတ်သော်လည်း ရမ်းရမ်းကားကား မတရားပြုမှု ကျင့်ဆောင်သူမဟုတ်သဖြင့် စ၀်အောင်မြတ်အား မြို့သူမြို့သား နယ်သူနယ်သား အားလုံးက ချစ်ကြောက်ရိုသေ ကြပါတယ်လို့ ဆိုပါသည်။
ဝန်းသိုစော်ဘွား စ၀်အောင်မြတ်ဟာ .. သီပေါမင်း နန်းတက်တော်မှုပြီးနောက် နန်းစံနှစ် သုံးနှစ်မြောက်အချိန်ဖြစ်ပြီး ၁၂၄၃ ခုနှစ် တန်ခူးလပြည့်ကျော် ၃ ရက်နေ့တွေင် သီပေါမင်းအပ်နှင်းတော်မှုသော "မဟာဝံသသီရိဇယသိုဟုံဘွား "ဟူသောဘွဲ့တော်နှင့် စော်ဘွားအရိုက်အရာကိုလက်ခံရာ စ၀်အောင်မြတ် သက်တော်မှာ ၂၀ နှင့် ၃ လစွန်းသာရှိသေးပြီး မဟာဒေ၀ီလည်း သေးသလို လူပျိုဘ၀မှာပင် စော်ဘွားအရိုက်ရာ အဖြစ်ဆက်ခံခဲ့ရသည်။
၁၂၄၄ ခုမှာတော့ ၀န်သိုစော်ဘွား စ၀်အောင်မြတ်ဟာ စကားစော်ဘွားကြီးရဲ့ သမီးတော် မှန်နန်းအပျိုတော်တဦးဖြစ်တဲ့ စ၀်ရွှေကြည်နှင့် လက်ထပ်ထိမ်းမြားပြီး မဟာဒေ၀ီ အဖြစ်တင်မြောက်ခဲ့ပါသည်။
စ၀်အောင်မြတ်နဲ့ စ၀်ရွှေကြည်တို့ဟာ သက်တူရွယ်တူများဖြစ်တယ်လို့လည်း ဆိုကြပါတယ်..
စ၀်အောင်မြတ် စော်ဘွားကြီး အရိုက်အရာ ရရှိပြီး နှစ်နှစ်မြှောက် ၁၂၄၅ ခုနှစ် အရောက်မှာတော့ မိုးညှင်းနယ်တ၀ိုက်မှာ ဗိုလ်ဝ ဆိုသူဟာ လူသူလက်နက်များစုဆောင်းပြီး သောင်းကျန်းနေရာ လူများစွာမှာ ကောင်းမွန်စွာရောင်းဝယ်ဖောက်ကားမှု မပြုနိုင်ဘဲ မသွားဝံ့မလာဝံ့ အထိတ်တလန့်ရှိနေကြလေသည်။ အချို့သော ကျေးရွာများတွင် ဗိုလ်ဝကို မင်းလောင်းလူစွမ်းကောင်းဟု ချီးကျူးလျက် လက်ရုံးမီးတောက်တယ်ဟု ဆိုကာ ကြောက်ရွံ့နေခဲ့ကြသည်။ ဗိုလ်ဝမှာ အရပ်မြင့်၍ စကားပြောသောအခါ အသံကိုမြှင့်၍ ပြောတတ်သည် မေးတွင်မှဲ့ရှိသည်၊ စကားပြောလျှင်ဝဲပြီး ယင်းတို့အဖွဲ့သည် မိုးညှင်းမြို့နဲ့ လေးမိုင်ခန့် ဝေးကွာသော တောင်ကမ်းပါးယံတွင် သဘာဝအလျာက် ဖြစ်ပေါ်နေသော ကျောက်ဂှုလိုဏ်ခေါင်း တစ်ခုမှာနေထိုင်ကြောင်း သတင်းရထားပြီး ဖြစ်လေသည်။
ဗိုလ်ဝ နေထိုင်ရာစခန်းကို သိရှိပြီးဖြစ်တဲ့ စ၀်အောင်မြတ်ဟာ တနေ့သောညမှာ နောက်လိုက်မပါပဲ မြင်းတစ်စီး ဓါးတစင်းနဲ့ သေနတ်တိုတလက်ကို ခါးထိုးပြီး တစ်ယောက်ထဲ ထွက်လာပါတော့တယ်… ခဲယဉ်းပင်ပန်းစွာနဲ့ပဲ ဗိုလ်ဝနေထိုင်ရာ ဂူမလန်းမကန်းမှာ စီးလာတဲ့မြင်းကိုချိတ်ထားခဲ့ပြီး စခန်းကိုချဉ်းကပ်ပါတယ်.. စခန်းအရောက်မှာတော့ ဗိုလ်ဝမရှိခိုက်ဖြစ်၍ တပြည့်ကျော်တဦးနဲ့ ဂူဝမှာ ပက်ပင်းတိုးပါတော့တယ်..။ ဒီအချိန်မှာ ဗိုလ်ဝရဲ့ တည့်ကျော်က စ၀်အောင်မြတ်အား ခုခံရန် ဓါးကိုမြှောက်လိုက်စဉ်မှာပဲ လျင်မြန်လှတဲ့ စော်ဘွားရဲ့ ဓါးချက်က ဗိုလ်ဝတပည့် ရင်ညွန့်တို့ တန်းတန်းမှတ်မှတ်ဆိုသလို စူးဝင်ရောက်ခဲ့ပြီး အစောင့်ကင်းသမားဟာ မြေပေါ်သို့အလျားမှောက် ငြိမ်သက်စွာလည်းလျှောင်း အိပ်စက်အနားယူ နေသွားလေတော့သည်။
စ၀်အောင်မြတ်ဟာ လိုဏ်ဂူအတွင်းမှာ သေခြာစွာလေ့နေစဉ် ခဏအကြာဗိုလ်ဝတို့ လူစုသည် ဂူအတွင်းသို့ ၀င်လာပြီးနောက် သူတို့ထားခဲ့သော အစောင့်ကို မတွေ့ရသောအခါ အပေါ့ပါးသွားနေသည်ဟူသော အထင်နှင့်ပင် မရှာတော့ဘဲ အိပ်ရန်ပြင်ဆင်ကြသည်။ ထိုအခါ စ၀်အောင်မြတ်က မှောင်ရိပ်မှ ရုတ်တရက်ထွက်၍ "ဟိတ်.. မလုပ်နဲ့ ငြိမ်ငြိမ်နေ အညံ့ခံပါ "ဟု… ပြန်လည် မခုခံရန်သတိပေးသော်လည်း.. ဗိုလ်ဝတို့ ဆရာတပည့်က လက်နက်တစုံတရာမရှိဘဲ ငေးကြည့်နေရာမှ အကင်းပါးပြီးလျက်မြန်ဖျတ်လတ်တဲ့ ဗိုလ်ဝက ရုတ်တရက်ဆိုသလို ကိုယ်ကိုလဲလိုက်ပြီးလျှင် မိမိရဲ့ အိပ်ရာကုတင်ဘေးတွင် ထောင်ထားသော လှံကိုဆွဲလေသည် ထိုအချိန် စော်ဘွားစ၀်အောင်မြတ်ရဲ့ သေနတ်မှကျည်ဆံဟာ ဗိုလ်ဝနောက်စေ့မှဝင်ပြီး နဖူးသို့ ဖောက်ထွက် သွားလေတော့သည်။ တပည့်နှစ်ယောက်မှာလည်း မှင်သက်မိနေသူများပမာ ငေးမောလျက်ရှိရာ ထူသူနှစ်ဦးကိုမှု စ၀်အောင်မြတ်က - "ဟေ့ကောင်တွေ မလှုပ်နဲ့ ဇက်ပြုတ်သွားမယ် "ဟု သတိပေးလိုကမှ အနည်းငယ် အသက်ဝင် လှုပ်ရှားလာပြီး အသက်ချမ်းသာပေးရန်း တောင်းပန်ကြပါတယ်.. စ၀်အောင်မြတ်က အသက်ချမ်းသာပေးပြီး ဗိုလ်ဝလုယူသိမ်းဆီးထားသော ရွှေငွေပစ္စည်းများကို ထမ်းပိုးခိုင်းလျက်ခေါ်ဆောင်ခဲ့လေသည်။
ယခုကဲ့သို ၀န်သိုစော်ဘွားစ၀်အောင်မြတ် ကိုယ်တော်တိုင် တကိုယ်တည်းထွက်၍ ဖမ်းဆီးသုတ်သင်ပစ်လိုက်သည်ဟူသော သတင်းကို ကြားရသောအခါတွင် ဖြစ်နိုင်ခြေမရှိ မယုံကြည်ဟု ရှိနေကြသောကြောင့် ဗိုလ်ဝရဲ့ ဦးခေါင်းကို ဖြတ်ယူပြီးလျှင် ၇ ရက်တိုင်အောင် တိုင်ဖျား၌တင်၍ မယုံမရှိစေရန် ပြသရလေတော့သည်။ ဗိုလ်ဝကိုသုတ်သင်နိုင်သော ၀န်းသိုစော်ဘွားစ၀်အောင်မြတ်ရဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြုသောအားဖြင့် ရှိရင်းစွဲဖြစ်သော "မဟာဝံသသီရိဇယသိုဟုံဘွား "ဟူသောဘွဲ့မှ "မောရိယ မဟာဝံသ သီရိသုဓမ္မရာဇာ သိုဟုံဘွား "ဟူသောဘွဲ့ဖြင့် ထပ်မံချီးမြင့်ကာ စော်ဘွားကြီးမြို့စားကြီးအဖြစ် ခန့်အပ်တော်မှုခဲ့သည်။
စော်ဘွားကြီးသည် သူခိုး၊ ဓါးပြ ဆိုးတေမိုက်မဲ့ နေသူများကို မိလျှင်လည်း ပထမအကြိမ် ဆုံးမသွန်သင်၍ အပြစ်မပေးဘဲလွတ်လိုက်သည်။ ဒုတိယအကြိမ် ဆိုးတေမိုက်မဲနေသည်ကို တွေ့ပြန်လျှင် ကြိမ်ဒဏ်ပေး၍ ပြောဆိုဆုံးမပြန်လွတ်သည်။ ထိုသို့ ဆုံးမ၍ပင် မလိမ္မာသေးဘဲ မိုက်မဲ၍ နေလျှင်မှုကား တတိယအကြိမ် ဖမ်းမိခဲ့သော သူများအား.. ကွပ်မျက်လိုက်လေ့ရှိသည်။ ၀န်းသိုစော်ဘွားစ၀်အောင်မြတ်ဟာ အကျဉ်းထောင် အချုပ်ထားရှိပြီး သူခိုး၊ဓါးပြ၊လူဆိုးများကို ထောင်ဒဏ်အပြစ်ပေးခဲ့ပြီး မြို့ရွာအေးချမ်းသာယာရေးအတွက် ဆောင်ရွက်ခဲ့သည်။
ဝန်းသိုမြို့သို့ ရောက်ဘူးသူများ ၀န်းသိုမြို့နှင့် ခမ်လှမ်းလှမ်းတွင် နတ်ပေကုန်းနှင့် ပေါက်ကျော်ကုန်းဟု အမည်တွင်နေသော တောင်ကမှုကလေးနှစ်လုံးကို မြင်ကြရပေလိမ့်မည်။ ထိုတောင်ကမှုကလေးများပေါ်တွင် ယိမ်းယိုင်အိုမင်းနေသော နတ်ကွန်းလေးနှစ်ခုကို တွေ့မြင်ကြရပေလိမ့်မယ်ဖြစ်ပါတယ်…။ ထိုနတ်ကွန်းလေး နှစ်ခုမှာလည်း စော်ဘွား စ၀်အောင်မြတ် ၀န်းသိုမြို့ကို အုပ်ချုပ်စဉ်အခါက သုံးကြိမ်းတိုင်တိုင် ဆုံးမ၍မရခဲ့သော လူဆိုးနှစ်ဦးအား ကွပ်မျက်ခဲ့သောနေရာလေးလည်းဖြစ်ပါတယ်..
ငနတ်ပေးဆိုသူနဲ့ ငပေါက်ကျော်ဆိုသူနှစ်ဦးမှာလည်း လုယက်တိုက်ခိုက်နေသဖြင့် ပထမအကြိမ် ဖမ်းမိသောအခါ နူတ်ဖြင့်ဆုံးမပြီး ပြန်လွတ်လိုက်ပါတယ်၊ ထိုသူနှစ်ဟာ ဒုတိယအကြိမ်မြောက် ဖမ်းမိပြန်တဲ့အခါ ကြိမ်ဒဏ်ပေးတယ် နောက်ထပ် ထပ်မလုပ်ကြဖို့လည်း ဂတိခံပြီးပြန်လွတ်ခဲ့ရမှာတော့ တတိယအကြိမ်မြောက် မိုက်မဲမှုကြောင့် ဖမ်းမိလာပြီး ငနတ်ပေးနဲ့ ငပေါက်ကျော်တို့ဟာ အထက်ပါ တောင်ကမှုကလေးနှစ်ခုမှာပဲ ကားစင်တင်ပြီး လှံနဲ့ ထိုးသတ်ခဲ့တယ်လို့ဆိုပါတယ်… အနီးအနားမှာရှိကြတဲ့ ရွာသားတွေက ငနတ်ပေးနဲ့ ငပေါက်ကျော်တို့ဟာ ရာဇာဝတ်ဒဏ်ခံရတဲ့အတွက် အစိမ်းသရဲဖြစ်တယ်လို့ ယူဆကြပြီး အခုလိုနတ်ကွန်းငယ်လေးနှစ်ခု ဆောက်လုပ်ထားသာကို ယနေ့တိုင် တွေ့မြင်ကြရပါသည်။
စ၀်အောင်မြတ်ငယ်စဉ်အခါက မိတ်ဆွေများအိမ်သို့ အလည်သွားတဲ့အခါ ဦးရွှေဘုံဆိုသူနဲ့ ဆွေ့ဆုံပြီး စကားဝိုင်းဖွဲ့ရင်းပြောဆိုကြတဲ့အခါ ဦးရွှေဘုံက မင်းလားကွ စော်ဘွားဖြစ်မှာဟု ရင့်သီးစွာစော်ကား၍ ပြောဆိုခဲ့ဘူးသည်ဟုဆိုတယ်.. ထိုစကားကို စ၀်အောင်မြတ်ဟာ အမြဲ မှတ်ယူထားခဲ့ပြီး အမှန်တကယ် စော်ဘွားအဖြစ် ရောက်တဲ့အခါမှာတော့ ဦးရွှေဘုံထံသွားပြီး "ကဲ .. ကျနော်တော့ စော်ဘွားဖြစ်ပြီ မြင်ပြီမဟုတ်လား… ကျနော်ကို ဘာဆုများချီးမြင့်မလဲ"… ဟု အမတ်ကြီး ဦးရွှေဘုံအားမေးရာ …
ဦးရွှေဘုံက "မင်းစော်ဘွားဖြစ်မှတော့ သတ်ပစ်နိုင်တာဘဲ "ဟုပြန်ပြောရာ စော်မော်ဆိုသောအရပ်၌ သတ်ပစ်ခဲ့တယ်လို့ ဆိုကြပါတယ်...
စော်ဘွားကြီးစ၀်အောင်မြတ်ဟာ ရပ်ရွာအေးချမ်းသာယာဖို့အတွက်သူခိုး၊ ဓါးပြ ဆိုးတေမိုက်မဲ့ သူများကို ကြိမ်ဒဏ်၊ ထောင်ဒဏ် သေဒဏ်များ ပေးထိုက်သူကို သေဒဏ်များ ချမှတ်ကျင့်သုံးခဲ့သလို့ သာယာဝပြော စည်ပင်ဖို့အတွက် တောင်သူလယ်သမားများအတွက် ယနေ့တိုင်အားလျက်ရှိတဲ့ ၀န်းသိုမြို့ ၃ မိုင်ကွာအရပ်မှာ ဖိုခနောက်ဆိုင်တည်ရှိသော တောင်ငယ်သုံးလုံးကို ပိတ်ဆီးကာရံပြီးနောက် ရေကန်ကြီးပြုလုပ်လေသည်။
ကန်ကြီးမျှရေများးကို လယ်များသို့ဝေပေးရာတွင် ကိုယ်တိုင်ဆင်စီး၍ တရားမျှတအောင် ကြည့်ရှုစစ်ဆေးခဲ့ပေသည်။ ထိုကန်ကြီး၏ ကျေးဇူးကြောင့်ပင်လျှင် ကောလင်း၊ ၀န်းသိုတ၀ိုက် လယ်များမှာ နှစ်တိုင်းနှင့်မတူအောင် အသီးအနှံ ဖွံ့ဖြိုးလာခဲ့လေသည်။ လယ်သမားများကလည်း ထိုရေကန်ကြီးကို မိမိတို့၏ အသက်သခင်ကျေးဇူးရှင်သဖွယ်ဖြစ်သောကြောင့် ထိုရေကန်ကြီးကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ရင်း ယနေ့တိုင်အသုံးပြုလျှက်ရှိကြသည်။
ကန်ကြီးမျှရေများးကို လယ်များသို့ဝေပေးရာတွင် ကိုယ်တိုင်ဆင်စီး၍ တရားမျှတအောင် ကြည့်ရှုစစ်ဆေးခဲ့ပေသည်။ ထိုကန်ကြီး၏ ကျေးဇူးကြောင့်ပင်လျှင် ကောလင်း၊ ၀န်းသိုတ၀ိုက် လယ်များမှာ နှစ်တိုင်းနှင့်မတူအောင် အသီးအနှံ ဖွံ့ဖြိုးလာခဲ့လေသည်။ လယ်သမားများကလည်း ထိုရေကန်ကြီးကို မိမိတို့၏ အသက်သခင်ကျေးဇူးရှင်သဖွယ်ဖြစ်သောကြောင့် ထိုရေကန်ကြီးကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ရင်း ယနေ့တိုင်အသုံးပြုလျှက်ရှိကြသည်။
အပိုင်း (၄) ဆက်ရန်...