Quantcast
Channel: Shannilay
Viewing all articles
Browse latest Browse all 89

သျှမ်းလူမျိုးတို့၏ ဂန္တ၀င်ဗူးပလွေ

$
0
0
တိုင်းသို့မဟုတ် သျှမ်းလူမျိုးကြီးများရဲ့ ရှေးဘဝေသဏီထဲက တီးမှုတ်ကခုံရာမှာ အသုံးပြုခဲ့ကြတဲ့ ဂန္တ၀င်မြောက် (Legend ) တူရိယာ တမျိုးဖြစ်တဲ့ ဗူးသီးခြောက်နဲ့ ၀ါး ( Gourd Gourd Silk)့  ပြုလုပ်ထားတဲ့ ပလွေပဲဖြစ်ပါတယ်.. ဒီ ဂန္ဒ၀င်မြောက်ဗူးပုလွေဟာ သျှမ်းမင်း ခေတ်အဆက်ဆက် တီးမှုတ်ခဲ့ကြတဲ့  ရိုးရာတူရိယာတမျိုးလည်းဖြစ်ပါတယ်.... ဒီပေလွဟာ ယနေ့တရုတ်ပြည် ယူနန်ပြည်နယ်မှာရှိကြတဲ့ သျှမ်းလူမျိုးတွေကြားထဲမှာတော့ သျှမ်းပွဲတွေတိုင်း မပါမဖြစ်ဆိုသလို လက်ဆင့်ကမ်းသယ်ဆောင် လာခဲ့ကြတဲ့ ရိုးရာတူရိယာ တမျိုးလည်း ဖြစ်နေတာကို တွေ့ရပါသည်။

ဒီဂန္တ၀င် ဗူးပလွေရဲ့ သမိုင်းကြောင်းလေးကတော့ ဒဏ္ဍာရီဆန်ဆန်နဲ့ အထူးအဆန်းတဖွယ် တကဲ့ဖြစ်ရပ်မှန်များလည်းဖြစ်ပါတယ်..

ရှေးအခါတုန်းက သျှမ်းလုလင်ပျိုတဦးဟာ သူတို့နေထိုင်တဲ့ အရပ်ဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းပြီးတောင်တွေပြို ရေတွေကြီးနဲ့ဖြစ်နေချိန် မထင်မှတ်ပဲ လုလင်ပျိုရဲ့ ချစ်သူဟာလည်း တောင်ကျရေထဲ မျောပါ သွားခဲ့ပါတယ်.. အဲ့ဒီအချိန်မှာ လုလင်ပျိုဟာ အင်မတန်ကြီးမှားတဲ့ ရေလှိုင်းလုံးတွေကို ဂရုမစိုက်နိုင်တော့သလို ရေစီးသန်ပြီးမျောပါလာတဲ့ သစ်ပင်သစ်ကိုင်းတွေကိုလည်း ဂရိုမပြုတော့ပဲ သူ့ချစ်သူဇောနဲ့ ရေစီးသန်တဲ့ လှိုင်းလုံးကြားမှာ မျောပါနေတဲ့ ချစ်သူရှိရာကို  ဗူးသီးခြောက်ကြီးတစ်လုံးကို ဖက်သွယ်ကာ လိုက်ကူးသွားပြီး ပြန်လည်ဆယ်ယူ ခေါ်ဆောင်လာပါတော့တယ်  ဒီလိုနဲ့ချစ်တူနှစ်ဦးဟာ အသက်မသေပဲ ပြန်ရောက်ရှိလာကြပါတယ်..

ချစ်သူတို့နှစ်ဦးပြန်လည်ရောက်ရှိလာချိန်မှာ မြတ်စွာဘုရားရှင်းနဲ့တွေလို့ ဘုရားရှင်က လုလင်ပျိုရဲ့  ဇွဲလုံးလသတ္တိကို ချီးကျူး ဂုဏ်ပြုတဲ့အနေနဲ့ ရွှေဗူးသီးတလုံးကို ၀ါးလုံးပိုက်တတ်ပြီး ပေးလိုက်ပါတော့တယ်..

သျှမ်းလုလင်ပျိုလေးဟာ ဘုရားရှင်ပေးတဲ့ ရွှေဗူးသီးဝါးလုံးတတ်လေးကို ပျော်မြူးကြည်နူးကာ တီးမှုတ်လိုက်တဲ့အချိန်မှာတော့ ပလွေသံဟာ အင်းမတန်သာယာ နားဝင်ချိုတဲ့အပြင် လိုင်းလုံးကြီးပြီး ရေစီးသန်နေနတဲ့ တောင်ကျချောင်းရေများဟာလည်း လျှော့ကျသွားပြီး  ပန်းတွေဟာလည်းပွင့်လာခဲ့သလို သစ်ပင်ဝါးပင်တွေဟာလည်း ယိမ်းထိုးနေကြတယ်လို့ ဆိုပါတယ်.. ကျေးငှက်တွေကလည်း တေးသံသာ အသံများ သီဆိုကျူးရင်း မြူးတူးနေကြပြီး  ဒေါင်းတွေဟာလည်း အမြီးများဖြန့်က ကလာကြတယ်လို့ဆိုပါတယ်..

ဒီပုလွေသံရဲ့ သာယာငြိမ့်ညောင်းမှုဟာ တတောလုံးတတောင်လုံးမှာရှိတဲ့ သက်ရှိသက်မဲ့ အရာဝတ္ထူများဟာလည်း ဒီပလွေသံနဲ့အတူ ယိမ်းထိုးနေကြတယ်လို့ ဆိုပါတယ်.. အဲဒီအချိန်ထဲက စလို့ ဒီဂန္တ၀င်ဗူးပလွေကို သျှမ်းလူမျိုးတွေ လက်ဆင့်ကမ်းသယ်ဆောင် တီးမှုတ်လုပ်ကြတာ ရနေ့ချိန်ထိလို့ဆိုပါတယ်..

ဒါပေမဲ့ ၀မ်းနည်းစရာကောင်းသည်မှာ ယနေ့ မြန်မာနိုင်ငံတွင်းမှာ နေထိုင်ကြသော တိုင်းခေါ်သျှမ်းလူမျိုးနဲ့ ထိုင်း၊ လောတို့ဟာလည်း ယူနန်ပြည်နယ်မှာ ယနေ့တိုင်တည်ရှိနေထိုင်နေကြတဲ့ ဒိုင်ခေါ် သျှမ်းလူမျိုးတွေနဲ့ တနွယ်ဖြစ်ပေမဲ့ ဒီ ဂန္တ၀င်မြောက် ဗူးပလွေတူရိယာကိုတော့ ယူနန်နယ်ကသျှမ်းတွေလို တီးမှုတ်နေကြကို မတွေ့မြင်ရတော့ပဲ မေ့မေ့လျှော့လျှော့နဲ့ နေလာခဲ့ကြတာ ယအနေ့ချိန်ထိ လို့ဆိုမှာဖြစ်ပါတယ်…

နည်မည်ရ ဈေးကြီးတဲ့တချို့  ပလွေအမျိုးအစားတွေဟာ လှပသေသပ်ပြီး သာယာငြိမ့်ညှောင်းစွာ သံစဉ်များ နားဝင်ချိုထွက်စွာထွက်ပေါ်ပြီး ပလွေထဲမှာတော့ ဒေါင်းနဲ့ပတ်သက်တဲ့ အမွေးတွေနဲ့ အလှဆင်ထားကာ လှပတဲ့ ၀ါးမြစ်တွေနဲ့ ပလွေကိုဖန်တီးထားလေ့ ရှိကြတယ်လို့ ဆိုပါသည်။

သျှမ်းလူငယ်အပေါင်းတို့ရေ ဒို့သျှမ်းဘိုးဘေးတို့ရဲ့ ဂန္တ၀င်မြောက်တဲ့ တူရိယာဖြစ်တဲ့  ဒီဗူးပလွေလေးကို ပြန်လည်လေ့လာ သင်ယူပြီး ယနေ့ကစ နောင်ကမ္ဘာတည်သ၍ လက်ဆင့်ကမ်းသယ်ယူ တီဆိုတီးမှုတ်ကြပါဆို့လို တိုက်တွန်းလိုက်ရပါတယ်ခင်ဗျား.. သျှမ်းချစ်သူများအတွက် သျှမ်းချစ်တဲ့ ကျားပေါက် အဆင်သဖြင့်လေးစားလျှက် တိုင်းတိပ့်တောင်းယူခါ့အော….


 http://mszhangchineseclass.blogspot.com/2011/10/hulusi-hulusi-or-cucurbit-flute.html

ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက် 

Viewing all articles
Browse latest Browse all 89

Trending Articles