ကျွန်ုပ်သိသော သိုဟန်ဘွား
AD- 1526 – 1542 သိုဟန်ဘွား (ဆေဟန်ဖှ) မိုးညှင်းစောဝ်လုံ၏သား ဟုပြောလိုက် လျှင် မြန်မာစာရေး ဆရာတို့က များသောအးဖြင့် အရိုင်းအစိုင်း Full Bloode Savage (သွေးပြည့်လျှံနေတဲ့လူရှိုင်း) ဟု ရေးလေ့ရှိသည်။ ဘာပဲဖြစ်ဖြစ် မှန်တကယ် သမိုင်းလေ့လာ ထောက်ရူရပါလျှင် ရှမ်းဘုရင် သိုဟန်ဘွား သည် အင်းဝတို့ စိုးစံချိန် အင်းဝဘုရင်တို့၏ ထုံးစံအတိုင်း အင်းဝပိုင်နက်ရှိ ရဟန်းများကိုပင့်ကာ ဆွမ်းကပ်လေသည်။ ထိုအခါ အနယ်နယ်အရပ်ရပ်ရှိ ရဟန်းတော် စီးသော လှည်းများသည် အစစ်အဆေး မရှိ မြို့ထဲသို့ဝင်နိုင်လေသည်။
သိုဟန်ဘွားကို မလိုလားသော ပုံကန်သူများမှ ရဟန်းအဖြစ်ဟန်ဆောင်က လက်နက်များ သယ်ဆောင် လာပြီး မြို့တွင်းသို့ဝင်ကာ ဘုန်းကြီးကျာင်းများတွင် တည်းလေသည်။ နန်းတော်အတွင်းရှိ မိမိတို့ သွေးသောက်များကို ဆွမ်းကပ်မည့်နေရာတွင် ဓါးများကို မြုပ်ထားရန် စေခိုင်းလေသည်။ ဆွမ်းကပ် သည့် နေ့တွင် သိုဟန်ဘွားသည် အဆောင်အယောင်များဖြင့် ကြွာလာပြီး ရဟန်းများကိုဆွမ်းကပ်လေ၏ ထိုအချိန်တွင် ရဟန်းယောင်ဆောင်ထားသော ဓါးသမားများမှ ရုတ်တရက် မြုပ်ထားသော ဓါးများကိုယာက သိုဟန်ဘွား အား လှမ်းခုတ်လေသည်။ သို့သော် ခုတ်မိဖြင်းမရှိဘဲ သိုဟန်ဘွား၏ ကိုယ်ရံတော် တပ်များမှ ပြန်လည်ခုခံလေရာ ကျောင်းတိုက်တွင် အလုံးလုံး အထွေးထွေးဖြစ်လေသည်။ ထိုအခါ ရဟန်း စစ်များလည်း ထိုလုပ်ကြံပွဲတွင် နှစ်ဖက်ခုတ်ပွဲကြောင့် အများအပြား ပြန်လွန်တော်မူကြောင်း သိရသည်။ သိုဟန်ဘွားလည်း ဒေါသထွက်က၍ အင်းဝနယ်တွင်းရှိ ကျောင်းတိုက်များအား ၀င်ရောက် စစ်ဆေးစေပြီး ဓါးလက်နက်တွေ့သော ကျောင်းတိုက်ရှိ ရဟန်းများကို ဖမ်းစေရန် အမိန့်ထုတ်လေသည်။
ထိုအခါ အင်းဝရှိဖမ်းစီးရမိသော ရဟန်းတော်ပေါင်း ၁၃၀၀ ကျော်ရှိရာ ၃၆၀ ခန့်ကို သုတ်သင်ခဲ့ကြောင် သိရသသည်။ သိုဟန်ဘွားသည်သာ အမှန်ပင် မင်းဆိုးမင်းညစ်မှန်ခဲ့ပါလျှင် ရဟန်းတော် တပါးမျှကျန်နိုင် စရာ အကြောင်းမရှိနိုမည်ဟုတ်ဟု ထင်မိပါသည်။
စစ်ဘုရင်တွေခေတ်က စစ်အနိုင်ရ မင်းဘုရင်တို့သည် မိမိထင်သလို လုပ်ပိုင်ခွင့်ရှိသည်။ (မြန်မာရာဇာဝင်.. ဦးဘသန်း စာအုပ်) တွင်လည်း- သိုဟန်ဘွားသည် ပြည်တောင်ငူတို့ သို့ချီ၍ သိမ်းယူမည်ဟူ မင်းကြီးရန်နောင်ကို တိုင်ပင်ရာ မင်းကြီးရန်နောင်လည်း ဤမင်းတိုက်လျှင် မြန်မာနိုင်ငံဟူ၍ မရှိပြီ။ ရှမ်းတို့သာ မြန်မာပြည် အလုံးကိုအစိုးရတော့မည်။ ကြွင်းသည့်မြန်မာ ကြွင်းပါစေဟု အမှတ်ရှိ၍ သိုဟန်ဘွားအား ပြည်၊ တောင်ငူတို့ကို တိုက်ခိုက်ရန် မလိုတော့ကြောင်း။ အင်းဝကို ရလေပြီးသည် ကို နေ၀ံ့မည်မဟုတ်။ အလိုလိုပင်ညွတ်လာကြလိမ့် အကြောင်းကိုလျှောက်တင် သည်။ ပြည်မင်း တောင်ငူမင်းတို့ သို့လည်း အားမတန်သေးသည့် အခါ စော်ဘွားနှင့် ချစ်ကြည် လေးမြတ် ရှိအောင် ပြုသင့်သေးကြောင်း အတွင်းစာ စေလွှတ်သဖြင့် ပြည်မင်း၊ တောင်ငူမင်းတို့ကို ပဏ္ဏကာရများ ပို့၍စော်ဘွားနှင့် အသင့်အသင့် ဖြစ်ကြလေ၏ ရေးထားကြောင်းတွေ့ရသည်။
သိုဟန်ဘွားသည်သာ အမှန်တကယ် မင်းဆိုးမင်းညစ်ဖြစ်ခဲလျှင် မည်သည့်နည်းနှင့်မဆို တောင်ငူကို ၀င်တိုက်မည် ရဟန်းအားလုံးကို သတ်မည် ယူဆရပါသည်။ မိုးညှင်းစောဝ်လုံနှင့်သား သိုဟန်ဘွားတို့သည် AD- 1426 – 1439 မိုင်းညှင်းမင်းတရားကြီး ( မိုးညှင်းသတိုး) တည်ခဲ့သော ဒေသခံရှမ်းနီများအခေါ် ဘုရားစန့်ခေါဖိတ် စေတီတော်အား ပြန်လည်ပြုပြင် မြေသားများလှူတန်း ခဲ့ကြောင်း မှတ်တမ်းများ အရသိရ သည်။ စန့်ခေါဖိတ်စေတီလည်း ယနေ့တိုင် မိုးညှင်းမြို့တွင်ရှိနေပါသည်။
AD- 1044- 1077 အနော်ရထာလက်ထက်တွင် ထူးခြားသော နိမိတ်တစ်ခုတွေ့သဖြင့် သူ၏ ပုရောဟိတ် ဗေဒင်ဆရာများဖြစ်သော ဟူးရားဖြူ၊ ဟူးရားညိုတို့ကို မေးမြန်းရာ နောင်တွင် ပေါ်မည့် မင်းလောင်းသည် ယခု ပဋိသန္ဓေတည်နေပြီဟု နိမိတ်ဖတ်ပြကြသည်။ အနော်ရထာသည် သူ၏ ထီးနန်းကို မစွန့်ချင်သဖြင့် ကိုယ်ဝန်ဆောင်မိန်းမအားလုံးကို သတ်စေသည်။ ထို့နောက် ကာလအတန်ကြာတွင် သတိရ သဖြင့် ပုရောဟိတ်တို့အား ထပ်၍ မေးမြန်းရာ ပုရောဟိတ်တို့က ယခုလျှင် နို့စို့အရွယ်ရှိနေပြီဟု ဆိုပြန် သဖြင့် နို့စို့အရွယ်ကလေးအားလုံးကို သတ်စေသည်။ ပုရောဟိတ်တို့ကို နောင်တစ်ချိန်တွင် ထပ်၍ မေးမြန်း ရာ ယခု နွားကျောင်းသား အရွယ်ရှိနေပြီဟု ဆိုသဖြင့် နွားကျောင်းသားအရွယ်အားလုံး ကို သတ်စေ သည်။ နောက်နှစ်အတန်ကြာတွင် ထပ်၍ မေးသော အခါ ယခု ရဟန်းပြုနေပြီ။ အကယ်၍ နန်းတော်တွင်း သို့ ဆွမ်းဖိတ်ကျွေးပြီး နန်းသုံးခရားဖြင့် ရေတိုက်ပါက အာခံတွင်းမှ စက်ရောင်ထွက်သော သူသည် မင်းလောင်းဖြစ်သည်ဟု ဆိုကြသည်။ ထို့ကြောင့် နန်းတော်သို့ ရဟန်းတော်များကို ပင့်ဖိတ်၍ ဆွမ်းကျွေးသော အခါ စက်ရောင်ထွက်သူကို တွေ့ရသည်။ ထိုအခါ အနော်ရထာက ဟူးရားဖြူ နှင့် ဟူးရားညိုတို့အား ဤသူသည် ငါ၏ ထီးနန်းကို သိမ်းပိုက်မည့်သူလားဟု မေးရာ ဟူးရားတို့က မဟုတ်။ နောင် မင်းဆက်တစ်ဆက်ကျော်မှ မင်းဖြစ်မည့်သူဖြစ်သည်ဟု ဆိုသဖြင့် အနော်ရထာသည် စိတ်သက်သာရာရလေသည်။
AD- 1752 – 1760 ဦးအောင်ဇေယျ (အလောင်းမင်းတရား) သည် တတိယ မြန်မာနိုင်ငံတော်နှင့် ကုန်းဘောင်ခေတ်ကို ထူထောင်ခဲ့သူ၊ဖြစ်သည်။ ထီးနန်းမစိုးစံခင် အချိန်က မုဆိုးဖိုရွာ၏ ရွာသူကြီးဖြစ်ပြီး ကုန်းဘောင်မင်းဆက်ကို ထူထောင်သူ ပထမဆုံးမင်းဖြစ်သည်။ မြန်မာစာရေးဆရာများသည် အလောင်းဘုရားနှင့် ပတ်သက်၍ စစ်တိုက်သည်များသာ ရေးကြပြီး ရဟန်းတော်များကို သတ်ဖြတ် ခဲ့ကြောင်း ဖုံးကွယ်လေ့ရှိကြသည်။ ဦးအောင်ဇေယျသည် မွန်ရဟန်း အပါး (၃၀၀၀) ကျော်ကို ဆင်နဲ့နင်း၍ လည်းကောင်း ကုဋိမှာအလုံပိတ်ပြီး မီးနဲ့ရို့၍ သတ်ဖြတ်ခဲ့ကြောင့် မွန်မှတ်တမ်းများတွင်ရှိလေသည်။
မည်တို့ဖြစ်ဖြစ်စေကာမူ ထိုခေတ် ထိုအခါ အနိုင်ရ စစ်ဘုရင်တို့သည် မိမိ၏ အာဏာနှင့်ပါဝါကို ထိလာရင် စေတလုံးပိုင်ရှင်များသာဖြစ်ကြောင်း တင်ပြရင်း ခေတ်သစ် မြန်မာနိုင်ငံတော်ကြီးတွင်လည်း ၁၉၈၈ ခုနှစ် အရေးတော်ပုံ နှင့် ၂၀၀၇ ခုနှစ်ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားမူများတွင် ရဟန်းတော်များ သေဆုံးခဲ့ရသည် ကိုတွေ့ရသည်။ မည်သည့်ခေတ်မဆို အာဏာရိုးမှန်လျှင် ရဟန်းပြည်သူ ခွဲခြားလိမ့်မည်မဟုတ်ကြောင်း နောင်းလူငယ်များစေရန် တင်ပြအပ်သည်။
ကျားပေါက် စုစည်းတင်ပြသည်
ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်