ရှမ်းနီအမျိုးသား ဗလမင်းထင်ဦးစီးကွပ်ကဲသော ကောင်းတုံခံတပ်
AD- 1380 - 1388 မင်တရုတ်မင်းဆက် လက်ထက်တွင် ယူနန် ရှမ်းနယ်များအား မိမိတို့ တရုတ် နယ်နိမိတ်အဖြစ် ပိုင်ပိုင်နိုင်နိုင် သွမ်းသွင်းနိုင်ခဲ့လေသည်။ 17 - ရာစုကျော် မှစ၍ မင် မင်းဆက်များသည် ပြောင်း လဲလာခဲ့ကာ မြန်မာပြည်မြောက်ပိုင်း မိုးကောင်း၊ မိုးညှင်း ရှမ်းနီနယ်များ အပေါ် စိတ်ဝင်စားမှု ပိုမိုထက်သန် လာပါတော့သည်။ မင်တရုတ်တို့၏ ကျူးကျော်စစ်ကို ရှမ်းနီအမျိုးသား စစ်သူကြီး ဗလမင်းထင် ၏ ကွပ်ကဲမူအောက်က ရှမ်းနီတို့၏ ကောင်းတုံခံတပ် တိုက်ပွဲကြီးက ပြည်ချစ်စိတ်ကို ဖေါ်ပြခဲ့လေသည်။ မြန်မာ့ သမိုင်းများကို လေ့လာထောက်ရှုခြင်းအားဖြင့် ရှမ်းနီတို့သည် ၁၁ ရာစု ပုဂံခေတ် မွန်ဂိုတာတာများ ကျူးကျော်စစ်ထဲက မြန်မာပြည်ကြီးကို ဗမာလူမျိုးများနှင့်အတူ ယနေ့ချိန်ထိ ပြည်ထောင်စုစိတ်ဓါတ် ခိုင်မာစွာကာကွယ်ခဲ့ကြောင်း သမိုင်းသက်သေ ခိုင်လုံသည်။
ကောင်းတုံခံတပ် စစ်ဗိုလ်ချုပ် ဗလမင်းထင်သည် တာလောကြီးနယ်သား ရှမ်းနီလူမျိုးတဦးဖြစ်ပြီး လှေထိုး မြင်းစီး ဓါးရေးကျွမ်းကာ သူရသတ္တိနဲ့ ပြည့်စုံပြီး လက်အောက် ငယ်သားများအပေါ် သနား ကျင်နာသော စီးမံအုပ်ချုပ်ကောင်းတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ကြောင့် ပျံလွန်တော်မူ သွားသော နိုင်ငံတော်သြ၀ါဒစရိယ ၀န်သိုဆရာတော်ကြီးမှ မိန့်ကြားဖူးသည်။
AD- 1447 ခုနှစ် ကောဇာသက္ကရာဇ် ၈၁၁ ခုနှစ်တွင် မင်တရုတ် ဧကရာဇ် (Ming Dynasty) မှ မောပြည်အပိုင် (ယခုယူနန်နယ်) ရှမ်းနယ်များကိုသိမ်းယူပြီး မြန်မာပြည်မြောက်ပိုင်း ရှမ်းနီနယ်များဖြစ်သော မိုးကောင်း၊ မိုးညှင်း တို့ကို သိမ်းပိုက်ရန် အမိန့်ထုတ်ကာ စစ်သည်အင်အား တစ်သိန်းသုံးသောင်း ကျော်ဖြင့် ယူနန်နယ်မှ တစ်ဆင့် ချီတက် လာလေသည် မိုးကောင်းမြို့ တော်ကို ၀င်ရောက်တိုက်ခိုက်ရန် ဧရာဝတီကို ကူးရမည်ဖြစ်ရာ မင်တရုတ်များ ဧရာဝတီမြစ်ကို တံတားဖွဲ့ပြီး ရှစ်နေ့တိတိ ကူးရလေသည်။
ထိုသို့ ကူးနေသည်ကို မိုးကောင်းစော်ဘွား၏ ကင်းလှည့်တပ်များ တွေ့သဖြင့် သတင်းပေးပို့ရာ မိုးကောင်း စော်ဘွားကြီးမှ မိုးညှင်းစော်ဘွားထံသို့လည်း သတင်းပေးပြီး စော်ဘွားနှစ်ပါး ပူးပေါင်းတပ်ဖြင့် တရုတ်တပ် များကို ဆီးကြို တိုက်ခိုက်လေတော့သည်။
မိုးကောင်း၊ မိုးညှင်း ရှမ်းနီပူးပေါင်းတပ်များက တရုတ်တပ်များ ဆီးကြို တိုက်ခိုက်လေရာ တရုတ်တပ်များ ပျက်ပြီး ဆုတ်ရလေသည်။ ထိုသို့ တရုတ်တပ်များ ပျက်ပြီး ဆုတ်သွားရ ကြောင်း
AD- 1413 – 1468 အင်းဝနရပတိမှ (နရပတိမင်းသည် မိုးညှင်းမင်းတရားနှင့် ရှင်မြတ်လှတို့၏ သားတော်အငယ်ဖြစ်သည်။၊ ငယ်မည်မှာ သီဟသူဖြစ်ပြီး ပြည်မြို့ကိုစားရသည်။)သတင်းရလျှင် မိုးကောင်းနှင့် မိုးညှင်း စော်ဘွားနှစ်ပါးကို ဂုဏ်ပြုသော အားဖြင့် ရွှေငွေလက်ဆောင်တော်များ ပို့ဆောင်လေတော့သည်။
AD- 1450 ခုနှစ် သက္ကရာဇ် ၈၁၂ အရောက်တွင် မိုးညှင်းစော်ဘွား နတ်ရွာစံပြီး သားတော် အိမ်ရှေ့မှ စော်ဘွားအဖြစ် သို့ ရောက်လေသည်။ စော်ဘွားအဖြစ်သို့ ရောက်သော် အင်းဝကိုတိုက်ခိုက်ရန် နန်းတော်တွင် ဆွေးနွေးရာ အင်းဝ မှ လွှတ်ထားသော သူလျှို မှ ကြားသိသဖြင့် အင်းဝသို့ သတင်းပို့ လေသည်။ အင်းဝ နရပတိလည်း စုံစမ်းခြင်း မပြုတော့ဘဲ အိမ်ရှေ့မင်းသား ပြည့်စုန်သီဟသူကို ခြေလျင်စစ်သည် ခုနှစ်သောင်း၊ တိုက်ဆင် လေးရာ၊ မြင်း ရှစ်ထောင်ဖြင့် မိုးညှင်းကို သိမ်းပိုက်စေလေသည်။
နရပတိမင်း သည် တချိန်က အင်းဝကို သိမ်းပိုက်စိုးစံခဲ့သော မိုးညှင်းမင်းတရားကြီး၏ သားတော်အငယ်ဆုံး သီဟသူပင်ဖြစ်သည်။ သီဟသူသည် နရပတိဘွဲ့ ခံကာ အင်းဝဘုရင်ဖြစ်သော် ရမည်းသင်းမြို့  နှင့် ပင်လယ်မြို့ ကို ခြေလျင် စစ်သည် ၈ သောင်း၊ မြင်းတပ် ခြောက်ထောင်၊ ဆင်တပ် သုံးရာ ဖြင့်တိုက်ခိုက်စေသည်။ ရမည်းသင်းစားလည်း အင်းဝတပ်များ စစ်မတိုက်ခင် လက်နက်ချကာ အညံ ခံလေသည်။
ပင်လယ်မြို့ ကို ၀ိုင်းရံပြန်လေသည်။ ပင်လယ်မြို့ သည် ရှမ်းစော်ဘွားများ၏ ပံ့ပိုးမူကို အထူးရရုံသာမက လက်နက်စိန်ပြောင်းကြီး များကလည်း ထူထပ်သဖြင့် အင်းဝတပ်များ မြို့ အနီး ကပ်လို့ မရဘဲ မြို့ နှင့် မနီးမဝေး နေရာတွင် စခန်းချကာ ၀ိုင်းရံထားလေသည်။ ထိုသို့ ၀ိုင်းရံနေစဉ် မင်တရုတ်တပ်များ ရှမ်းစော်ဘွားများက (မောပြည်) အတွင်းသို့ ၀င်ရောက်လာလေသည်။ တရုတ်တပ်များ သည် မိုင်းမောကို သိမ်းကာ အခိုင်နေပြီး ကျန်ရှိနေသော စော်ဘွားပိုင်နယ်များကို သိမ်းရန် ပြင်ဆင်လေသည်။ ရှမ်းစော်ဘွားများလည်း အင်းဝသို့ သံစေလွှတ်ကာ စစ်ကူတောင်းလေသည်။
ဘုရင် နရပတိလည်း ရှမ်းနီစော်ဘွားများ တောင်းသော စစ်ကူကို လက်ခံလေသည်။ တရုတ်တို့လည်း အင်းဝ နှင့် မောပြည် ပူပေါင်းသည့် သတင်းရသည် နှင့် ဗန်းမော်ကိုချီတက် သိမ်းပိုက်ပြီး ဧရာဝတီမြစ် ဖြတ်ကူးရန် တံတားဆောက်လေသည်။

AD- 1443 ခုနှစ် ရောက်သောအခါ အင်းဝတွင် စစ်ရေးကြုံ နေသည်ကို အခွင့်ကောင်းယူပြီး ပင်လယ်စား သည် ရမည်းသင်းမြို့ ကို တိုက်ခိုက်သိမ်းပိုက်လေတော့သည်။အင်းဝဘုရင် နရပတိမှာမူ တရုတ်ကို တိုက်ရန် ပြင်ဆင်မူသာ ပြုလုပ်နေလေသည်။
AD- 1444 ခုနှစ် တွင် ကျူးကျော် လာသည့် မင်တရုတ်တပ်ကို အင်းဝနှင့် မိုးကောင်း၊ မိုးညှင်း ရှမ်းနီတပ်တို့ ပူးပေါင်းတပ်များ ဆီးကြို တိုက်ခိုက်လေသည်။ ပူးပေါင်းအင်းအား မှာ တိုက်ဆင် ရှစ်ရာ ၊ မြင်း တစ်သောင်းငါးထောင်၊ ခြေလျင်စစ်သည် နှစ်သိန်း ငါးသောင်း၊ ရေတပ် အင်အား ရှစ်သောင်း ဖြင့် ခုခံလေသည်။
မင်တရုတ်တို့လည်း စစ်ကြောင်းလေးကြောင်းဖြင့် ချီတက်လာသည်။ ကောင်းတုံတွင် အင်းဝတပ်နှင့် တရုတ် စစ်သူကြီး တစ်ဦး ဦးဆောင်သော စစ်ကြောင်းတို့ အပြင်းအထန် တိုက်ခိုက်ကြလေသည်။ တရုတ်တပ်များသည် ဆင်တပ်ကို မမြင်ဖူးသဖြင့် ကြောက်လန့်ကြကုန်လေတော့သည်။
ထိုသို့ တစ်ဘက်နှင့် တစ်ဘက် အပြင်းအထန်တိုက်ရင်း တရုတ်စစ်သူကြီး ကျလေသည်။ တရုတ်စစ်သည် များလည်း အစားသောက်ရိက္ခာ မလုံလေက်သဖြင့် မိုးဝန်း သို့ ဆုတ်လေ၏။ ရှမ်းစော်ဘွားကြီးများ ဖြစ်ကြသော မိုးကောင်းရှမ်းနီစော်ဘွား နှင့် မိုးနဲ့ ရှမ်းကြီးစော်ဘွား တို့သည် ဗန်းမော်တွင် အခိုင်အမာ တပ်စွဲ၍ ပြန်နေလေသည်။ တရုတ်တို့လည်း ရိက္ခာအင်အားစုပြီး ထပ်မံတိုက်ရန် ပြင်ဆင်နေပြန်သည်။ မင်တရုတ်တို့၏ ရည်ရွက်ချက်မှာ အာရှတခွင်ကို သိမ်းပိုက်ရန်ဖြစ်သည်။ ထိုခေတ်တွင် ကိုးရီးယားသည် မင်မင်းဆက်၏ သြဇာခံ ဖြစ်နေခဲ့ပြီး။ မင်မင်းဆက်သည် ပိုမိုကျယ်ပြန့်သော အင်ပါယာကို ထူထောင်လိုခြင်းပင် ဖြစ်ပေသည်။

AD- 1557 ခုနှစ် တောင်ငူခေတ် ဘုရင့်နောင် မင်းတရားကြီးသည် ရှမ်းကျိုင်းရုံးကြီး နယ် (ယနေ့ခေတ် ကချင်/ရှမ်း/ကယားနယ်) များအား သိမ်းပိုက် အောင်နိုင်ခဲ့သည်။ သို့သော်ငြားလည်း ဒေသခံစော်ဘွား များသည် နယ်ချင်းထိစပ်နေသော တရုတ်ယူနန် ဘုရင်ခံနှင့် မြန်မာနေပြည်တော် ထံသို့ နှစ်ဘက် စလုံးအား အခွန်အတုပ် များပေးဆောင်ကာ ၄င်းတို့၏ ပဒေသရာဇ် အုပ်ချုပ်မှု အားဆက်လက် တည်တံ့ အောင်ကြီုးစားခဲ့ကြရသည်။
ဆင်ဖြူရှင်လက်ထက် တရုတ် ဧကရာဇ်မင်း ချင်းလုံ၏ ကျူးကျော်စစ်
ဆင်ဖြူရှင်မင်း AD – 1736 – 1776 မြန်မာနိုင်ငံ ကုန်းဘောင်းမင်းဆက်တွင် တတိယမြောက်မင်းဖြစ်၍ အလောင်းမင်းတရား ဦးအောင်ဇေယျ၏ ဒုတိယသားတော်ဖြစ်သည်။ သက္ကရာဇ ၁၀၉၈ ခုနှစ် ၀ါခေါင် လဆန်း ၁၃ ရက် တနင်္ဂနွေနေ့တွင် ဖွားမြင်ပြီး ငယ်မည်မှာ မောင်ရွသည် မြေဒူးမင်းဟုလည်းခေါ်သည်။ မကွေးမြို့မှ ဆင်ဖြူတော်ရရှိသဖြင့် ဆင်ဖြူရှင်ဘွဲ့ကိုခံယူသည်။
ပထမ ကျူးကျော်စစ် AD - 1765 – 1766
1765 - ခုနှစ်ဦးပိုင်းတွင် ယိုးဒယားသို့ ချီတက်တိုက်ခိုက်ရန် အတွက် ကောင်းတုံတပ်မှုး ဗိုလ်ချုပ်နေမျိုး သီဟပိုက်၏ တပ်၂၀၀၀၀ သည် မြို့အားခေတ္တ စွန့်ခွာခဲ့သည်။ ထို အချိန်ကို အခွင့် ကောင်းယူကာ ယူနန် ဘုရင်ခံ လျူ သည် နယ်စပ်တွင် ကုန်သည်ဖြစ်သော လောလီ၏ က ခိုက်ရန်ဖြစ်ကြမှ တရုတ်ဘက်မှ သေသည်ကို အသက်ဖိုးလျော်ရရုံမျှနှင့် မကျေနပ် လူစားရလိုခြင်းတို့ အကြောင်းခံ၍ ဖြစ်ပွားခဲ့သော စစ်ပွဲဖြစ်သည်။

တရုတ်စစ်သူကြီး ရည်တာလောရဲသည် မြင်းတစ်သောင်း စစ်သည်ငါးသောင်းဖြင့် ကျိုးင်းတုံမြို့ကို ၀န်းရံ ထားသည်။ ကောင်းတုံ မြို့အားလည်း လွယ်လင့်တကူ သိမ်းပိုက်နိုင်ခဲ့သော်လည်း တလ အကြာ တွင် နေပြည်တော်မှ တပ်များ ဆင်နှစ်ရာ၊ မြင်းနှစ်ထောင်၊ စစ်သည် နှစ်သောင်းပါသော တပ်(၁၁) တပ်ဖြင့် ဥဒိန်ပုညာနှင့် စံလှကြီးတို့က စစ်ကဲ၊ လက်ဝဲမှူး နေမျိုးစည်သူက ဗိုလ်ချုပ်ပြု၍ ၂၇.၁၂. ၁၉၆၅ တွင်ချီတက် တိုက်ခိုက်ရာ တရုတ်တို့သည် မခံနိုင်တော့ပဲ ဆုတ်ခွာခဲ့ရာ နေမျိုးစည်သူသည် ယူနန်နယ် ပျူ အာလွင်ပြင် အထိ တရုတ်တို့အား လိုက်လံတိုက်ခိုက်ခဲ့ရာ ထိုစစ်ပွဲတွင် တရုတ်စစ် သည် ၃၀၀၀၀ ခန့် မြန်မာတို့၏ လက်ချက် အစာရေစာပြတ်လပ်မှုနှင့်ရောဂါ ဘယ တို့ကြောင့်ကျ ဆုံးခဲ့ရသည်။ ယူနန် ဘုရင်ခံ လျူ သည် စစ်ပွဲ၏ ရှုံးနိမ့်မှုကြောင့် မိမိကိုယ် မိမိ လည်ချောင်း ကိုဖြတ်ကာ အဆုံးစီရင်ခဲ့ရာ ပထမကျူးကျော်စစ် ပြီးဆုံး ခဲ့သည်။
အဆိုပါ ရှုံးနိမ့် မှုကြောင့် ကွင် မင်းကြီးသည် အပြင်းအထန်ဒေါသပုန် ထခဲ့ပြီး ဇီကျန်းနှင့် ဂွမ်ဇိုး နယ်များ၏ အားအောင်နိုင်ခဲ့သော နာမည်ကျော် စစ်သူကြီး ရန်ရင်ဂျူးအား ပြည်သိမ်း တပ်ဖွဲ့၏ စစ်သေနာပတိ အဖြစ် ခန့်အပ်ခဲ့သည်။
ဒုတိယ ကျူးကျော်စစ် AD- 1766- 1767
1766-ခုနှစ် နွေဦးတွင် ပြည်သိမ်းတပ်ဖွဲ့အား စစ်သူကြီးရန်က စတင်ကွပ်ကဲမှု ယူခဲ့သည်။ ရန်သည် ကောင်းတုံ အားကျော်လွှားကာ အထက်ဗမာပြည်အား တိုက်ရိုက် ထိုးစစ်ဆင်ရန် အစီအစဉ် ရေးဆွဲခဲ့သည်။ အဆုံး စွန်သော ရည်မှန်းချက် မှာမြန်မာပြည် တပြည်လုံးအား ကွင်နိုင်ငံတော် အတွင်းသို့ သွတ်သွင်းရေး ပင်ဖြစ်သည်။

1767 ခုနှစ် ဇန်န၀ါရီလတွင် တရုတ်တို့က မြင်းနှစ်သောင်း ငါးထောင်၊ စစ်သည်နှစ်သိန်းငါးသောင်း ကို ရင်စုတာရည်နှင့် ဆင်တာလောရဲ တို့ ဗိုလ်ချုပ်ပြု၍ ဗန်းမော်သို့ စန္ဒားကြောင်းမှချီလာရာမှ စစ်ပွဲစတင် ဖြစ်ပွားသည်။ ရန်သူတရုတ်တို့က ဗန်းမော်မြို့ကို တိုက်ခိုက်ခြေကုတ် ယူပြီး အင်းဝကို တိုက်ရိုက် ချီတက် ရန်ဖြစ်သည်။ မြန်မာတို့သည် တရုတ်တို့၏ စီမံချက်ကို ကြိုတင် ရိပ်စားမိခဲ့ပြီး ဧရာဝတီမြစ်ကြောင်း တလျောက် ခံစစ်အစီအစဉ် များကောင်းစွာပြင် ဆင်ထားခဲ့သည်။

ဤစစ်တွင် မြန်မာတို့ဘက်က ဆင်နှစ်ရာ မြင်းနှစ်ထောင် စစ်သည်နှစ်သောင်းပါ တပ်(၂၁) တပ်ကို မြေစွန်းဝန်နှင့် ပင်းယမြို့စားတို့က စစ်ကဲ ၀န်ကြီးမဟာစည်သူက ဗိုလ်ချုပ်ပြု၍ မိုးကောင်း၊ မိုးညှင်းကြောင်း ချီရသည်။ အမြောက်တင်လှေသုံးရာ စစ်သည် တစ်သောင်းငါးထောင်ပါတပ် (၁၁)တပ်ကို လက်ဝဲ၀င်းမှူး နေမျိုးစည်သူက ဗိုလ်ချုပ်ပြု၍ ရေးကြောင်းမှ ဗန်မော်သို့ချီရသည်။
ဗန်းမော်-ကောင်းတုံထောင်ချောက်
ရင်စုတာရည်သည် ဗန်းမော်ရောက်လျှင် ဗန်းမောင်ဈေးတပ်၌ လူသုံးသောင်း မြင်းသုံးထောင်ထားခဲ့ပြီး ကျန်လူခုနှစ်သောင်း မြင်းခုနှစ်ထောင်နှင့် ကောင်းတုံကို ၀န်းရံလုပ်ကြံသည်။ ထိုအခါ မြို့ဝန်ဗလမင်းထင် အစီအရင်ကောင်းသဖြင့် တရုတ်တို့မြို့တွင်းသို့ မဖေါက်နိုင်ဖြစ်၍ ကောင်းတုံတပ်နှင့် တာနှစ်ဆယ် အကွာတွင် တပ်တည်ဝန်းရံနေရသည်။ လက်ဝဲမှူးနေမျိုးစည်သူ တပ်များတိုက်၍ တရုတ်တို့၏ ဗန်းမော်ဈေး တပ်ပျက်သွားသည်။
တရုတ်တို့ဘက်မှ ဆင်တာလောရဲသည် မြင်းတစ်သောင်း၊ စစ်သည်တစ်သိန်းကို ဗိုလ်ချုပ်ပြု၍ မိုးကောင်းသို့ ချီလာသည်။ သဉ္ဖာနွယ်လိမ်တောင်၌ မြင်းငါးထောင်၊ စစ်သည်ငါးသောင်း တပ်စွဲစေခဲ့ပြီး မြင်းတစ်သောင်း စစ်သည် တစ်သိန်းကို ရင်စုတာရည်က ဗိုလ်ချုပ်ပြု၍ ဗန်းမောင်သို့ချီုလာသည်။
ချင် စစ်သည်တို့သည် ၁၇၆၆ ဒီဇင်ဘာတွင် ဗန်းမော်အား အခုအခံမရှိ သိမ်းပိုက်ခဲ့ပြီး ထောက်ပံ့ရေး စခန်း အဖြစ်အခြေချခဲ့သည်။ ကောင်းတုံအား ဆက်လက် တိုက်ခိုက်ခဲ့သော်လည်း ဗလမင်းထင်၏ ခုခံ မှုကြောင့် တရုတ်တို့ အကျအဆုံးများခဲ့သည်။ ဒီဇင်ဘာ လကုန်တွင် မဟာသီဟသူရ၏ တပ်များတောင်ဘက် ရှမ်းတောင်တန်းများ ဆီမှ ဆင်းသက်လာသဖြင့် တရုတ် ၄၅၀၀၀ ခန့်မှာ ဗန်းမော်မြို့အတွင်း ပိတ်မိတော့ သည်။ တရုတ်တို့ အင်အား စိတ်ဓာတ်ပိုင်း ကျဆင်းလာချိန်တွင် မြန်မာတို့သည် ထိုးစစ်ကြီး ဆင်နွဲလေ တော့သည်။
စစ်မျက်နှာနှစ်ဖက် ရင်ဆိုင်ရသော တရုတ်တို့သည် မခံနိုင်တော့ပဲ အရှေ့မြောက်ဘက် ယူနန်နယ် အတွင်း သို့ ဧရာဝတီမြစ်ရိုးအတိုင်း ဆုတ်ခွာရာ မြစ်၏အရှေ့မှ ဗလမင်းထင်၏ တပ်ဖွဲ့များ အနောက်ဘက်မှ မဟာသီဟ သူရ၏ တပ်ဖွဲ့များမှ ထက်ကြပ်လိုက်လံ စစ်ဆင်ချေမှုန်းခဲ့ရာ လက်ဝဲမှူး (၁၁) တပ်နှင့် ကောင်းတုံ တပ်သို့ တရုတ်တို့၏ ရံတပ်ကို ညပ်တိုက်ရာ ရင်စုတာရည်တပ်များ မိုင်းဝန်းသို့တိုင် ပြေးရသည်။ယူနန်နယ် အတွင်းရှိ တရုတ်ပိုင်မြို့ (၇) မြို့အား ဆက်လက်သိမ်းပိုက် ရရှိခဲ့သည်။
အောင်နိုင်သူမြန်မာ တပ်များသည် အမြောက်လက်နက်ရွှေငွေ များအား တရုတ်မြို့များမှ သိမ်းယူကာ မေလ တွင် အင်းဝနေပြည်တော်သို့ပြန်လည်ရောက်ရှိခဲ့သည်။ တရုတ် ဧကရာဇ် ချင်းလုံ သည် စစ်သူကြီး “ရန်” အား မိမိကိုယ် မိမိ အဆုံးစီရင်ရန် အမိန့် ချမှတ်ခဲ့သည်။
- တတိယ ကျူးကျော်စစ် AD 1767 – 1768
တရုတ်တို့ စစ်ပွဲ ၂ ကြိမ် ရှုံးနိမ့်ပြီးနောက် တရုတ် ဧကရာဇ်သည် မြန်မာတို့အား နိုင်ငံငယ်ဟူပြီး အထင်မသေး ၀ံ့ တော့ချေ။
AD 1767 ခုနှစ်တွင် မန်ချူး နာမည်ကျော် စစ်သူကြီး မင်းယွေ့ အား စစ်သေနာပတိ ခန့် အပ်ခဲ့သည်။ မင်းယွေ့သည် ဧကရာဇ်၏ သမက်တော် လည်းဖြစ်သည်။
မင်းယွေ့ သည် မိုးကုန်ပိုင်းတွင် စစ်ကြောင်း ၂ကြောင်း ခွဲကာ ထိုးစစ်ဆင်ရန် စီစဉ်ခဲ့သည်။ ပင်မ စစ်ကြောင်းကို ၄င်းကိုယ်တိုင် ဦးစီးကာ နမ္မတူချောင်း အတိုင်းလာရှိုး ကို သိမ်းပိုက်ရန်နှင့် ဗိုလ်ချုပ် အီတန်ဂီ ဦးစီးသည့် ဒုတိယစစ်ကြောင်းသည် ဗန်းမော်လမ်းကြောင်း အတိုင်းချီတက် ရန်ဖြစ်သည်။
စစ်ဆင်ရေးရည်မှန်းချက်မှာ အင်းဝမြို့တော်အား အရှေ့အနောက်နှစ်ဖက် ညှပ်ရန်ဖြစ်သည်။ မြန်မာ တို့သည် အီတန်ဂီ၏ ဒုတိယစစ်ကြောင်းအားကောင်းတုံ မှ နေမျိုးစည်သူ ဦးစီးထိန်းချုပ်ပြီး ဗလမင်းထင်နှင့် မဟာသီဟသူရ တို့၏ တပ်များက အရှေ့မြောက်ဘက်တွင် ပင်မ စစ်ကြောင်းအား ထိန်းချုပ်ရန်ဖြစ်သည်။

- တရုတ်မြန်မာ စစ်ပွဲကာလ ပုဆိုးခါးတောင်းကျိုက် ထိုးကွင်းမင်ကြောင်နှင့် တရုတ်-မြန်မာ နယ်စပ် ဗန်မော် ကောင်းတုံနယ်ရှိ ရှမ်းနီလင်မယား..
၁၇၆၇ နိုဝင်ဘာ တွင် မင်းယွေ့၏ တပ်များသည် ဗန်းမော်ကို သိမ်းပိုက်ပြီး ကောင်းတုံတောင်ဘက် ဟန်စင် အား ရိက္ခာထောက် စခန်းအဖြစ် စစ်သည် ၅၀၀၀ နှင့် အစောင့် ချထားခဲ့သည်။ စစ်သည် ၁၅၀၀၀၀ ဖြင့် အင်းဝသို့ဆက်လက် ချီတက်ခဲ့သည်။
ဒီဇင်ဘာနှောင်းပိုင်းတွင် ဂုတ်ထိပ်တွင် နေမျိုးစည်သူ တပ်များနှင့် ရင်ဆိုင် ခဲ့ရာ သီဟစည်သူ တပ်များ ဆုတ် ခွာပေးခဲ့ ရသည်။ ထိုအချိန် တွင် မဟာ သီဟသူရ ၏ တပ်များသည် ဟတ်စင် အားနောက်ပိုင်းမှ ၀င်ရောက် တိုက်ခိုက်ပြီးရန်သူ့ ရိက္ခာထောက်လမ်း အားဖြတ်တောက် ခဲ့သည်။
မင်းယွေ့ တပ်များ သည် ဆုတ်ခွာသွားသောနေမျိုးစစ်သူ ၏ တပ်များနောက်သို့တောက်လျောက် လိုက်ခဲ့ရာ ၁၇၆၈ နှစ်ဦးတွင် အင်းဝမြို့ မြောက်ဘက် မိုင် ၃၀ အကွာ စဉ့်ကူးမြို့သို့ ရောက်ရှိ လာခဲ့သည်။ သို့သော် လည်း တောင်ဘက်မှ အီတန်ဂီ၏ တပ်များကို မဟာသီဟသူရ မှ ထိန်းချုပ်နိုင်ခဲ့ သဖြင့် တပ်မနှစ်ဖက် မှာ ဟန်ချက်ပျက်သွားခဲ့သည်။
အငါးဝ ခံစစ်တွင် ဆင်ဖြူရှင်မင်း ကိုယ်တိုင် ဦးစီးပြီး စဉ့်ကူရှိ တရုတ်တို့ကို တန်ပြန် ထိုးစစ်ဆင်နွဲရန် ညီတော်မင်းသားများနှင့် တိုက်ပွဲဝင်ခဲ့သည်။
တရုတ်တို့၏ ရှည်လျားလှသော ထောက်ပံ့ရေး လမ်းကြောင်းအား ဗိုလ်မှူး တိမ်ကြားမင်းခေါင်၏ ပြောက် ကျား တပ်ဖွဲ့ များ က အဆက်မပြတ်ဖြတ်တောက် တိုက်ခိုက်ကြ သဖြင့် တရုတ်တို့မှာ ရိက္ခာ ခဲယမ်း များစွာ အခက် အခဲတွေ့လာခဲ့သည်။
မင်းယွေ့၏ အခြေအနေသည် ခံစစ်သို့ ကူးပြောင်းလာခဲ့သည် တောင်ဘက်မှ အီတန်ဂီ၏ ဒုတိယ စစ်ကြောင်း သည်လည်း ကောင်းတုံမှ အကျအဆုံးများ စွာဖြင့် ဆုတ်ခွာ ခဲ့ရသဖြင့် မင်ယွေ့သည် ဆုတ် ခွာ ရန်ပြင်ဆင်ခဲ့ပြီး ၁၇၆၈ နှစ်ဦးတွင် ဆုတ်ခွာခဲ့ပြီး မင်ယွေ့သည် ဟန်ဆင် ရောက်သည်တွင် အဆုံးစီရင် ခဲ့သည်။ ထောင်ပါင်း များစွာသော တရုတ် ဧကရာဇ်၏ နာမည်ကျော် အလံကိုင် တပ်ဖွဲ့ (Bannerman) ၀င် များသည် ရှမ်းတောင်တန်း တကြောတွင် မြန်မာတို့၏ တိုက်ခိုက်မှု ရောဂါဘယ တို့ကြောင့် သေဆုံးခဲ့ရသည်။

တရုတ် ဧကရာဇ် ချင်းလုံသည် တရုတ်တို့ အရေးနိမ့်ရသည့် အဖြစ်ကို လွန်စွာ မျက်မာန် ရှတော်မူသည်။ မြောက်ကြောင်းချီ စစ်မှူး၏ လစ်ဟင်း မှုကြောင့် ဖြစ်သည်ဟု အပြစ်ပုံချ လေတော့သည်။ ကောင်းတုံကို သိမ်းပိုက်ခြင်း မပြုနိုင်သည့် အကြောင်းရင်းနှင့် တောင်ကြောင်းချီ စစ်တပ်ကြီးကို မကူ မထောက်နိုင်သည့် အကြောင်းရင်းတို့ကို ရှင်းလင်း လျှောက်တင် ကြသော်လည်း ယုတ္တိ မတန်ဟု ယူဆ၍ တရုတ် စစ်မှူးကို သံကြိုးဖြင့် တဲကာ ပီးကင်းသို့ ခေါ်ဆောင်လာစေသည်။ ပီကင်းတွင် တရုတ် စစ်မှူးနှင့်တကွ ၎င်း၏ မိသားစုကို ပြစ်ဒဏ် ကြီးစွာ ခတ်လေသည်။ မြန်မာနိုင်ငံကို ဝင်ရောက် တိုက်ခိုက်ရာတွင် ထိုးစစ်ဖြစ်သဖြင့် မြန်မာနှင့် တရုတ် အင်အားကို အခြေအနေ တမျိုး ပြောင်းလဲစေသည်ဟူသော ယူဆချက်ကို ချင်းလုံမင်းသည် လက်မခံဘဲ၊ နောက်တကြိမ် မြန်မာနိုင်ငံကို ဝင်ရောက် တိုက်ခိုက်ရန် ကြိုးစားပြန်သည်။
စတုထ္တ ကျူးကျော်စစ် AD- 1769
AD- 1769 ခုနှစ် ကွင်လောင် ဧကရာဇ် သည်၎င်း၏ ၀ါရင့် စစ်သူကြီး ဖူဟောင်းအား အလံကိုင် တပ်ဖွဲ့ဝင် ၆၀၀၀၀ အား ကွပ်ကဲရန် တာဝန်ပေးအပ် ခဲ့သည်။ ဖူဟောင်းသည် တပ်တော် ၃-ခု ဖြင့် စစ်မျက်နှာ ၃-ခု မှ တိုက်ခိုက်ရန် စီမံခဲ့သည်။
တရုတ်မြန်မာ စတုတ္တစစ်ပွဲ အခြေပြ မြေပုံ
စစ်ကြောင်း ၁-ခု သည် ဗန်းမော်နှင့်ကောင်းတုံအား တိုက်ခိုက်ရန်။ အခြား တပ်တော် ၂-ခု သည် ဗန်းမော်နှင့် ကောင်း တုံ အားရှောင်ကွင်း ကာ ဧရာဝတီ မြစ်ကမ်း တစ်ဖက် တစ်ချက် မှ မြစ်ရိုး အတိုင်း အင်းဝ သို့စုန်ဆင်း တိုက်ခိုက်ရန်။ မြစ် အတွင်းမှ တပ်တော်အား အထောက် အကူပြုရန် ဖူဂျီရန်ရေတပ်ဖွဲ့မှ စစ်လှေ ရာပေါင်းများစွာ ပါဝင်ပါသည်။
မြန်မာတို့သည် မဟာသီဟသူရ အား စစ်သေနာပတိ အဖြစ်ခန့်အပ်ကာ ဗလမင်းထင် အားကောင်းတုံ တပ်မှူး အဖြစ် တာဝန်ပေးအပ် ခဲ့သည်။ တာလောကြီးနယ်သား ရှမ်းနီမျိုးသား ဗလမင်းနှင့်အတူ ဧရာဝတီမြစ်ရိုး မိုးကောင်း၊ မိုးညျင်း ရှမ်းနီလူမျိုးများ သောင်းတပ် အဖြစ်ပါဝင်ခဲ့ကြသည်။ မြန်မာတပ်ဖွဲ့တွင် ပြင်သစ် စစ်ဗိုလ် ပီရီးဒီမီလာ့ ၏ နာမည်ကျော် မာစကပ်တီးယားစစ်သည် များ သည် ဗလမင်းထင် ၏ လက်အောက်တွင် ပါဝင်ခဲ့သည်။
မဟာသီဟသူရ သည် ဘုရင့် ရေတပ်နှင့် အတူ အောက်တိုဘာ လဆန်း တွင် ဗန်းမော် သို့ချီတက် ခဲ့သည်။ ဖူဟောင်း သည် မိုးမကုန်မီ ပင် အလောင်းအစား ဆန်စွာဖြင့် ထိုးစစ်ကို စတင်ခဲ့ပြီး အစီအစဉ် အတိုင်း ဗန်းမော် ကောင်းတုံမြို့ များအား သိမ်းပိုက်ရန်ချီတက် ခဲ့သည်။
သို့သော်လည်း တရုတ်တပ်များ အား ဗလမင်းထင်မှ ကောင်းတုံတွင် ထိန်းချုပ်နိုင်ခဲ့ ယုံမျှ မက မြစ်ကြောင်း အတိုင်း ချီတက် လာသော တရုတ် စစ်ကြောင်းများ သည် မြန်မာရေတပ် ကြည်းတပ် တို့၏ နှစ်ဖက်ညှပ် ထိုး စစ်များကြောင့် အကျ အဆုံး အလွန်တရာ များပြားခဲ့ပါ သည်။
ရွှေညောင်ပင် ခံတပ်အား သိမ်းပိုက်နိုင်ခဲ့သော်လည်း ကောင်းတုံ နှင့် ဗန်းမော် မဟာသီရသူရ တပ်များက တရုတ်တို့အား လုံးဝနီးပါး ၀ိုင်းပတ် ပိတ်ဆို့ခဲ့ပြီး နိုဝင်ဘာလ အတွင်းတွင် ရွှေညောင်ပင် အားပြန်လည် သိမ်းပိုက်ခဲ့သည်။ ထိုအချိန်တွင် တရုတ်တပ်များသည် ဗန်းမော် ကောင်းတုံ ရွှေညောင်ပင် စက်ဝိုင်းအတွင်းလုံးဝ ပိတ်ဆို့ ခံလိုက်ရတော့သည်။
တရုတ် စစ်သည် ၂၀၀၀၀ ကျော် ကျဆုံးခဲ့ပြီး ပိတ်ဆို့ခံရသော အချိန်တွင် မဟာသီဟသူရ သည် ဖူဟောင်း ထံအောက်ပါ အတိုင်း သ၀ဏ်လွှာ ပို့လိုက်သည်......
" အဆွေတော် စစ်သူကြီး ယခု ငါ သင်တို့ကို ၀ိုင်းထားသည် ယခု အခြေအနေ မှာ ငါတို့နိုင်သည် သို့သော် ယခု သင်၏ တပ်ရှုံးရင် နောက်တတပ် သင်တို့ထပ်လာမည် နောက် တတပ် ပြီးနောက် တတပ် ထပ်လာမည်သို့ဖြစ်ကား ပြည်သူတို့ကား နားနေရမည် မဟုတ် ငါတို့နှစ်ဖက်ပြည်သူ အကျိုးရည်ကာ စစ်ပြေငြိမ်း ရအောင်"ဟု ဆိုလေသည်။
AD- 1769 ခုနှစ် ဒီဇင်ဘာ ၁၃- ရက် နေ့တွင် ကောင်းတုံတွင် အောက်ပါ အချက်များ ပါဝင်သော စစ်ပြေငြိမ်းရေး စာချုပ်ချုပ်ဆိုခဲ့ကြသည်။
(၁) တရုတ်ပြည် အတွင်း ခိုလှုံနေသောမြန်မာ မင်းအား ပုန်စားသူစော်ဘွားများ သူပုန်များ အားလုံး လက်နက်စွန့်ရမည်။
(၂) တရုတ်တို့အနေဖြင့် မြန်မာပိုင် ရှမ်းဒေသအား ထိပါးခြင်းမရှိစေရ မြန်မာတို့၏ အချုပ်အခြာ ပိုင်နက် ကိုလေးစား ရမည်။
(၃) နှစ်ဘက် စစ်သုံ့ပန်း များပြန်လွှတ်ရမည်။
(၄) နှစ် ဖက် မင်းများ မဟာမိတ် အဖြစ် ချစ်ကြည်စွာ ဆက်ဆံကာ အပြန်အလှန် သံတဲ များ ထားရှိရမည်။
ထိုသိုနှစ်နိုင်ငံ စာချုပ်ချုပ်ဆိုခြင်းဖြင့် တရုတ်မြန်မာ စစ်ပွဲကြီး အဆုံးသတ် ပြီးဆုံး ခဲ့ပါတော့သည်။
ကျားပေါက် စုစည်းတင်ပြသည်။
ချစ်သော စာဖတ်ပရိသတ်ကြီးအား အစဉ်သဖြင့် လေးစားလျှက်