ဦးထွန်းရင်သည်၁၉၄၇ခုနှစ်တွင်အတည်ပြုပြဌာန်းခဲ့သော နိုင်ငံတော် ဖွဲ့စည်းပုံမှုကြမ်းရေးဆွဲစဉ်ကာလကကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်တိုင်းလျဲန်(ရှမ်းနီ) အမျိုးသားတဦးဖြစ်ပါသည်။၁၉၇၄ခုဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မရှင်အဖွဲ့ဝင်တဦးလည်းဖြစ်ပါသည်။
၎င်းပုဂ္ဂိုလ်သည်လူမျိုးတမျိုဟုသတ်မှတ်ခေါ်ဆိုနိုင်သည့်အမျိုးသားလက္ခဏများဖြစ်သောပြောဆိုသည့်စကားကိုယ်းကွယ်သည့်ဘာသာ၊ရိုးရာစာပေယဉ်ကျေးမှု၊နေထိုင်ရာတဆက်တည်းသောနယ်မြေ၊တူညီသောသမိုင်းအစဉ်အလာ၊တူညီသောအခြေခံစည်းပွားရေး၊စသည့်အချက်များနှင့်ပြည့်စုံသောအထက်မြန်မာနိုင်ငံနမ့်ကျို (ဧရာဝတီ)နှင့်နမ့်တာလုံး (သလ္လာဝတီ- ချင်းတွင်း) မြစ်ရိုးမြေပြန့်ဒေသရှိသျှမ်းအမျိုးအနွယ်များ၏နယ်မြေကိုစုစည်း၍ ပြည်ထောင်စုအဖွဲ့ဝင်မြေလပ်သျှမ်းပြည်နယ် (တိုင်းလျဲန်ပြည်နယ်) သတ်မှတ်ဖွဲ့စည်းပေးရန်ဖွဲ့စည်းပုံအခြေခံဥပေဒေရေးဆွဲရေးကော်မရှင်သို့၂၄-၂-၇၂ရက်နေ့စွဲပါစာတမ်းဖြင့်တရားဝင်အဆိုပြုတင်ပြခဲ့သူဖြစ်ပါသည်။
နိုင်ငံတော်ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ အသစ် (မှုကြမ်း) ရေးဆွဲရေး ကော်မရှင်၏

နိုင်ငံတော်ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ အသစ် (မှုကြမ်း) ရေးဆွဲရေး ကော်မရှင်၏
ပြည်ထောင်စု ဆိုရှယ်လစ် မြန်မာနိုင်ငံတော်၏ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေအသစ် ( ပထမမှုကြမ်း)
- ဆဌမမှု
စာမျက်နှာ ၁၂၀ ၊ အခန်း (၃) နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ - ပုဒ်မ - ၃၇၊ ပြည်သူ့လွတ်တော်သည် -
၁။ သက်ဆိုက်ရာဒေသအတွင်း နေထိုင်ကြသော နိုင်ငံသားအများ၏စု ဆန္ဒကို ရယူလျက် ပြည်နယ်များနှင့် တိုင်းများကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်။
၂။ သက်ဆိုင်ရာ ဒေသအတွင်း နေထိုင်ကြသော နိုင်ငံသားအများစု၏ ဆန္ဒကို ရယူလျက် ပြည်နယ်သို့မဟုတ် တိုင်း၏ နယ်နမိတ်ကိုသော်လည်းကောင်း၊ အမည်ကိုသော်လည်းကောင်း၊ လိုအပ်သလို ပြောင်းလဲပြင်ဆင် သတ်မှတ်နိုင်သည်။
တို့ပြဌာန်းပြီး ဖြစ်တဲ့အတွက် -
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အဟောင်းက ဖွဲ့စည်းထားခဲ့သော ကချင်ပြည်နယ်သည် လူဦးရေ ခုနှစ်သိန်းကျော်ရှိသည့်အနက်၊ ကချင်မျိုးနွယ်စု သုံးသိန်းခန့်ရှိပြီးလျှင် မြေလပ်သျှမ်း နွယ်စု ငါးသိန်း နီးပါးရှိပါသည်။
.jpg)
အမိန့်စီရင်ချမှတ်ခံရသော ဦးစိုးမြင့် နှင့်ထောင်ဒဏ် တသက် အဖြစ်ပေး ခံရသော (၀ဲမှယာ) ဦးစိန်တိုး ၊ ဦးထွန်းရင်နှင့် ဦးထွန်းဖေ
သို့ပါ၍ ပြည်ထောင်စု ဆိုရှယ်လစ်မြန်မာနိုင်ငံတော်၏ အချိန်အခါအနေအထား အခြေအနေကို သုံးသပ်၍ လိုအပ်သော အချိန်အခါတွင်၎င်း၊ အနေအထား နှင့် အခြအနေများမှာ တိုင်းလိုင် (သျှမ်းနီ) ပြည်နယ် သို့မဟုတ် မြေလပ်သျှမ်းပြည်နယ် ဖွဲ့စည်းတည်ဆောက်နိုင်ရန်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြခံဥပဒေအသစ် ရေးဆွဲရေး ကော်မီရှင်သို့ တင်ပြရန် အချက်များပြုစုခဲ့သော ကျွန်တော်၏ စာတမ်းကို အသးစိတ်ဖတ်ကြား တင်ပြခြင်း မပြုတော့ဘဲ နောင်သောအခါ အထောက်အကူအဖြစ် စဉ်းစားပေးနိုင်ရန် အဆိုပြု တင်ပြချက် များကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီဗဟိုဌာနချုပ် အတွင်းရေးမှူး များအဖွဲ့သို့ ဤစာတမ်းကို ပေးအပ်ပါသည်။ အချိန်အခါခွင့်သင့်သောအခါ ကျွန်တော်၏ တင်ပြတောင်းဆိုချက်များကို ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအသစ် ရေးဆွဲရေး ကော်မီရှင် နှင့်မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဌာနချုပ်မှ စဉ်းစားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
(ထွန်းရင်)
၂၄- ၂- ၇၂
ဤသို့ဖြင့် နိုင်ငံတော်တာဝန်ရှိ အကြီးအကဲများအား တင်ပြခဲ့ရာတွင် ဦးထွန်းရင်အား အကြောင်းမရှိ အကြောင်းရှာကာ နိုင်ငံတော်သစ္စာဖေါက်ကျူးလွန်သည်ဟု၆-၁-၇၆ရက်နေ့တွင်မန္တလေးအရှေ့တောင် တရားသူကြီးရုံးမှစီရင်ဆုံး ဖြတ်၍ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခြင်းခံခဲ့ရပါသည်။
ဖေဖ်ါဝါရီ ၂၆ ရက်နံနက် ၁၁ နာရီမ န္တလေး အရှေ့တောင် မြို့နယ် ပြည်သူ့ တရားရုံးတွင် နိုင်ငံတော် သစ္စာဖောက်မှုဖြင့် တရားစွဲခြင်း ခံရသော ၀ဲမှယာ ကချင်ပြည်နယ် လအက အဖွဲ့ဝင်ဟောင်း ဦးထွန်းရင် (ရပ်နေသူ) ၊ ကျောက်စိန်းကုန်သည် ဦးထွန်းဖေ၊ ပြည်နယ် လအက အဖွဲ့ဝင်ဟောင်း ဦးစိန်တိုးနှင့် ကျောက်စိမ်းကုန်သည် ဦးစိုးမြင့်တို့ကို တရားရုံးတွင် တွေ့ရစဉ်
ထိုစဉ်ကာလတွင်တောတွင်းလက်နက်ကိုင်အဖွဲ့အစည်းများသည်ကချင်ပြည်နယ်အတွင်းသို့သွတ်သွင်းသတ်မှတ်ခြင်းခံခဲ့ရသောသျှမ်းဒေသမှသျှမ်းလူမျိုးများနှင့်အခြားလူမျိုးများအားအစုလိုက်အပြုံလိုက်နှိပ်စက်ညှင်းဆဲသတ်ဖြတ်ချုပ်ချယ်ခြင်းကိုခံခဲ့ရပါသည်။
တောတွင်းအဖွဲ့အစည်းများနှိပ်စက်ညှင်းပမ်းချယ်လှယ်ခြင်းကိုမခံနိုင်၍ဘေးရန်ကိုကာကွယ်ခုခံရန်လက်နက်ရရှိရေးအတွက်လူတစုကပြည်ပြေးသောင်းကျန်းသူအဖွဲ့သို့သွားရောက် ဆက်သွယ်ခဲ့ပါသည်။ယင်းကိစ္စနှင့် ပတ်သက်၍ဦးထွန်းရင်အားနိုင်ငံတော်သစ္စာဖေါက်ကျူးလွန်သည်ဟု၆-၁-၇၆ရက်နေ့တွင်မန္တလေးအရှေ့တောင် တရားသူကြီးရုံးမှစီရင်ဆုံးဖြတ်၍ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခြင်းခံခဲ့ရပါသည်။
ယင်းဆုံးဖြတ်ချက်ကိုမကြေနပ်၍ဗဟိုတရားရုံး (မန္တလေးရုံးတိုင်း) သို့အယူခံခဲ့ရာတွင်ဦးထွန်းရင်သည်ကချင်ပြည်နယ်အတွင်းသို့သွတ်သွင်းသတ်မှတ်ခြင်းခံရသောသျှမ်းနယ်များကိုစုစည်း၍မြေပြန့် (မြေလပ်) သျှမ်းများအတွက်ပြည်နယ်သစ်တခုသတ်မှတ်ပေးရန်တင်ပြတောင်းဆိုခြင်းမှာဥပဒေအတွင်းမှတင်ပြခြင်းသာဖြစ်ကြောင်းဤကဲ့သို့ဆောင်ရွက်ခြင်းကြောင့်နိုင်ငံတော်ကိုသစ္စာဖေါက်ပုန်ကန်သည်ဟုမဆိုနိုင်ကြောင်းဗဟိုတရားရုံးမှသုံးသပ်ခဲ့ပါသည်။
၎င်းအပြင်တောတွင်းလက်နက်ကိုင်အဖွဲ့အစည်းများကိုတိုက်ခိုက်ရန်လက်နက်ဝယ်ယူရေးကိစ္စတွင်ပြည်ပြေးအဖွဲ့နှင့်ဆက်သွယ်သူတို့မှာလည်းဦးထွန်းရင်နှင့်လုံးဝပတ်သက်ခြင်းမရှိသည့်အတွက်ဦးထွန်းရင်အပါဝင်ဦးစိန်တိုး၊ဦးထွန်းဖေတို့အား၁-၄-၇၇ရက်နေ့တွင်ဗဟိုတရားရုံးမှအပြီးအပြတ် လွှတ်ခဲ့ပါသည်။ ၁-၄-၇၇ရက်နေ့စွဲပါ၁၉၇၆ခုနှစ်ပြစ်မှု ဆိုင်ရာအယူခံမှုအမှတ်-၁ဗဟိုတရားရုံး (မန္တလေးရုံးထိုင်)
မတရား သင်းများ အက်ဥပဒေအရ တရားစွဲဆိုခြင်း ခံရသော ရှေ့နေ ဦးလျှံအုပ်နှင့် ဦးဆွန်ဇာခုတ် တို့ကိုတွေ့ ရစဉ်
အစီရင်ခံချက်မိတ္တူမှကောက်နှုတ်ချက်
အစီရင်ခံချက်မိတ္တူမှကောက်နှုတ်ချက်
**တိမ်မြုပ်နေသော လူမျိုးစုများ**
၁၉၆၄ ခုနှစ် ( ၁၇ ) ကြိမ်မြောက်ကျင်းပခဲ့သော မန္တလေး ပြည်ထောင်စုနေ့ အခမ်းအအနားတွင် ဗိုလ်ချုပ်ကြီးနေ၀င်းသည် လူမျိုးစုဓလေ့ထုံးစံဖေါ်ထုတ်ရေးနှင့် ပတ်သက်၍ (၁) လူလူချင်း ခေါင်းပုံမဖြတ်ရေး (၂) လူမျိုးစုအချင်းချင်း ခေါင်းပုံမဖြတ်ရ (၃) မွေးရာပါအခွင့်ရေး မဆုံးရှုံးရေး၊ စသည့်အချက်သုံးချက်ကို အလေးအနက်ဦးတည်ပြုလျှက် မိန့်မြွတ်ခဲ့ပါသည်။
ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေမှုကြမ်း ရေးဆွဲရေးအခြေံမှုတွင်လည်း (၁) ရည်မှန်းချက်မှာ ဆိုရှယ်လစ်စနစ် (၂) အနှစ်သာရ အားဖြင့် မြန်မာ့ဆိုရှယ်လစ် စီပွားရေး (၃) ဖွဲ့စည်းမှုသည် ဆိုရှယ်လစ် ဒီမိုကရေစီ (၄) ခေါင်းဆောင်မှုမှာ လုပ်သားပြည်သူတို့၏ အာဏာ (၅) အင်အားစုစည်းမှုကာ တိုင်းရင်းသားလူမျိုးများ၏ လူမျိုးရေး တန်းတူမှုဖြင် ဥမကွဲသိုက်မပျက် မရှိအတူရှိအတူ စည်းရုံးညီညွတ်မှု စသော မှုငါးချက်ချမှတ် ထားပါသည်။
ယင်းကြောင့် ဗိုလ်ချုပ်ကြီး နေ၀င်း၏ ၁၉၆၄ ခုနှစ် (၁၇)ကြိမ်မြောက် ပြည်ထောင်စုနေ့ မိန့်ခွန်း၊ လူမျိုးစုဓလေ့ ထုံးစံဖေါ်ထုတ်ရေးအပိုင်း၊ အချက် (၂ ) (၃) နှင့်ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအသစ်မှုကြမ်း ရေးဆွဲရေး အေခြံမှု ပဉ္စမ အချက် အင်အားစုစည်းမှုအခဏ်း၊ တိုင်းရင်းသားလူမျိုးများ၏ လူမျိုးရေးတန်းတူမှုဖြင့် ဥမကွဲသိုက်မပျက် မရှိအတူရှိအတူ စည်းရုံးညီညွတ်မှုအရ ယနေ့တိမ်မြုပ်နေသော လူမျိုးစုတရပ်အား တင်ပြအပ်ပါသည်။
ယင်းတိမ်မြုပ်နေခဲ့သော လူမျိုးစုတရပ်မှာ ၁၉၅၆ ခုနှစ် သန်းခေါင်းစားရင်းအရ အကျယ်အ၀န်း စတုရန်းမိုင် (၃၃၉၀၃) လူဦးရေ (၅၇၇၈၃၀)ရှိ၊ ကချင်ပြည်နယ်ဟု သတ်မှတ်ထားရာ ဒေသနှင့်အကျယ်အ၀န်း စတုရမ်းမိုင် (၁၃၉၀၂)
၁၉၆၇ ခုနှစ် သန်းခေါင်းစာရင်းလူဦးရေ (၃၃၉၀၀) ရှိသည့် ချင်းဝိဒေသတိုင်းအတွင်း ချင်းတွင်းမြစ်ဖျား ၀ဲယာ၌ ရှေးဘဝေသဏီးထဲမှ အခြေစိုက် နေထိုင်လျက်ရှိကြသော မြေပြန့်သျှမ်းလူမျိုးစုများပင်ဖြစ်သည်။
စသည့်ဖြင့် သျှမ်းနီလူမျိုးစုများ ဆင်းသက်လာပုံကို သမိုင်းကြောင်းနှင့်တကွ အချက်လက်စုံလင်စွာ နိုင်ငံတော် အကြီးအကဲ များထံသို့ရာ..
ယနေ့ ကချင်ပြည်နယ်ဟု သတ်မှတ်ရာ ဒေသအတွင်း ကျယ်ပြန့်စွာ နေထိုင်လျက်ရှိသော ယင်းသျှမ်း လူမျိုးစုသည်၊ ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားခဲ့သော တိုင်းရင်းသား သွေးစည်း ညီညွတ်ရေး လမ်းစဉ်အတိုင်း တသွေမတိမ်း လိုက်နာခဲ့ကြပါသည်။ ယနေ့ထိ မည်သည့် မြေပြန်မြစ်ရိုး သျှမ်း တဦးတယောက်မျှ ပြည်ထာင်စု ကို သစ္စာဖေါက်၍ သောင်းကျန်းမှူ အဖျက်လမ်းစဉ်နောက်သို့ လိုက်ပါခြင်း မရှိကြသည်မှာ သမိုင်းသက်သေခံ အထင်အရှားပင်ဖြစ်သည်။
ယင်းကြောင့် မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေံခံဥပဒေရေးဆွဲရာ၌ တပြည်ထောင်စနှစ် ( UNITARY) မှုဆိုက ပြဿနာပေါ်ရန်မရှိပါ၊ သို့မဟုတ် ပြည်နယ်များပြန်လည်ထားရှိမည့် ပြည်ထောင်စု စနစ် (FEDRAL) မှု ဖြစ်လျင် အထူးသဖြင့် ကချင်ပြည်နယ် အတွင်း နေထိုင်ကြသော သျှမ်းအမျိုးသား လူမျိုးစုများနှင့် ပတ်သက်၍ တော်လှန်ရေး ကောင်စီအစိုးရ၏ (၁၉၆၄) ခုနှစ် ပြည်ထောင်စုနေ့တွင် တိုင်းရင်းသား လူမျိုးစုများနှင့် စပ်ဆိုင်သော မှုဝါဒ အတိုင်း ပြည်ထောင်စု ခိုင်မာ တည်မြဲရေး၊ အဓွန့်ရှည်ကြသာယာ တိုးတက်ဖွံ့ဖြိုးရေး အတွက် တာဝန်ရှိသူတိုင်း အလေးအနက် သတိပြုနိုင်ရန် တိမ်မြုပ်နေသည့် လူမျိုးစုများ၏ သမိုင်း စဉ်တရပ်ကို တင်ပြရခြင်းဖြစ်ပါသည်။
ရွှေသွေး
၁၉၆၄
ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ( ဒုတိယ မှုကြမ်း ) ရေးဆွဲသောအခါ၊ မြန်မာတိုင်းရင်းသား စစ်စစ်ဖြစ်လျက် - နယ်မြေမဲ့ဖြစ်နေသော တိုင်းလိုင် (သို့) တိုင်းနိုင်း ခေါ် သျှမ်းနီလူမျိုးများသည် သမိုင်းစဉ်ဆက်ကစ၍ နေထိုင်ခဲ့သော ဗန်းမော်ခရိုင်၊ ကသာခရိုင်၊ မြစ်ကြီးနားခရိုင်၊ ခန္တီးခရိုင်နှင့် မော်လိုက်ခရိုင်အတွင်း ရှိ သျှမ်းနီလူမျိုးစုများ၏ နေထိုင်ရာ နယ်မြေဒေသ များကို နယ်နမိတ်ပြန်လည် သတ်မှတ်ပြီး၊ မြေလပ်သျှမ်းနီပြည်နယ်ဟု အသိအမှတ်ပြုပါရန် အလေးအနက် တင်ပြတောင်းခံပါသည်၊ ဤကဲ့သို့ပြည်နယ်တနယ် သတ်မှတ်ပေးမှသာလျင်၊ အတိတ်မှ နှစ်နာချက်များကို၊ ပျောက်ကင်းအောင် ကုစားနိုင်မည်ဖြစ်ကြောင်း ယုံကြည့်မှုအပြည့်အ၀ဖြင့် ထပ်လောင်းတင်ပြအပ်ပါသည်။
တိုင်းလိုင်(၀ါ)တိုင်းနှိင်း (၀ါ) သျှမ်းနီလူမျိုးများ
မောင်းခမ်းတိုက်နယ်
ဟုမ္မလင်းမြို့နယ်
ခန္တီးခရိုင်
၁၅ - ၆ - ၁၉၇၂ ခုနှစ်
အထက်ပါနည်းတူ သျှမ်းနီ အမျိုးသားရေးအတွက် သက်ဆိုင်ရာနိုင်ငံတော် အကြီးအကဲများထံသို့ ခေတ်အဆက်ဆက် စွမ်းစွမ်းတမံ တင်ပြ လုပ်ဆောင်ခဲ့သူများမှာ..
ဦးကျော်ဟိန်း
ရ လ က
အိုးတန်းရပ် မိုးကောင်းမြို့
၎ - ၆ - ၁၉၇၂ ခုနှစ်။
ဦးကုဋေမြတ်ကျော်
MGG - ၀၂၂၈၁၅
အရှေ့ရပ်မိုးကောင်းမြို့။
စိုင်းထိန်လင်း
နမ့်ခမ်းလမ်းခွဲ ဗန်းမော်မြို့။
၁၉၉၂ ခုနှစ်
စသည့်ပုဂ္ဂိုလ်ကြီးများသည် နိုင်ငံတော်အစိုးရထံသို့ သျှမ်းနီလူမျိုးတို့၏ ရပိုင်ခွင့်များကို ဆောင်းဆို လုပ်ရှားပေးခဲ့သူများ ဖြစ်သောကြောင့် သျှမ်းနီအမျိုးသား အတုယူလေးစား စံထားအပ်သော မျိုးချစ်ပုဂ္ဂိုလ်ကြီးများပင်ဖြစ်သည်။
မြန်မာပြည်လွတ်လပ်ရေးကို ရရှိဖို့ကြိုးစားခဲ့တဲ့အထဲမှာကျွန်တော်တို့ သျှမ်းနီလူမျိုးတွေ အများကြီး ပါဝင်ခဲ့ပါသည်။ အဲ့ဒီအထဲကမှလွတ်လပ်ရေး မော်ကွန်းဝင်ပထမအဆင့် (၇)ဦး၊ဒုတိယအဆင့် (၃၅)ဦးနဲ့တတိယအဆင့် (၂၆) ဦးရှိကြောင်း တင်ပြလိုက်ရပါသည်။
ဦးကျော်ဟိန်း
ရ လ က
အိုးတန်းရပ် မိုးကောင်းမြို့
၎ - ၆ - ၁၉၇၂ ခုနှစ်။
ဦးကုဋေမြတ်ကျော်
MGG - ၀၂၂၈၁၅
အရှေ့ရပ်မိုးကောင်းမြို့။
စိုင်းထိန်လင်း
နမ့်ခမ်းလမ်းခွဲ ဗန်းမော်မြို့။
၁၉၉၂ ခုနှစ်
စသည့်ပုဂ္ဂိုလ်ကြီးများသည် နိုင်ငံတော်အစိုးရထံသို့ သျှမ်းနီလူမျိုးတို့၏ ရပိုင်ခွင့်များကို ဆောင်းဆို လုပ်ရှားပေးခဲ့သူများ ဖြစ်သောကြောင့် သျှမ်းနီအမျိုးသား အတုယူလေးစား စံထားအပ်သော မျိုးချစ်ပုဂ္ဂိုလ်ကြီးများပင်ဖြစ်သည်။
မြန်မာပြည်လွတ်လပ်ရေးကို ရရှိဖို့ကြိုးစားခဲ့တဲ့အထဲမှာကျွန်တော်တို့ သျှမ်းနီလူမျိုးတွေ အများကြီး ပါဝင်ခဲ့ပါသည်။ အဲ့ဒီအထဲကမှလွတ်လပ်ရေး မော်ကွန်းဝင်ပထမအဆင့် (၇)ဦး၊ဒုတိယအဆင့် (၃၅)ဦးနဲ့တတိယအဆင့် (၂၆) ဦးရှိကြောင်း တင်ပြလိုက်ရပါသည်။
သျှမ်းနီလူငယ်တိုင်း မျိုးချစ်စိတ်ရှင်သန်ထက်မြက်ပြီး အနာဂါတ် သျှမ်းနီအမျိုးသားရေးတာဝန်များ ထမ်းဆောင်နိုင်သူများဖြစ်ကြပါစေ….. လေးစားလျှက် ကျားပေါက်