ဥတ္တရစောဖြူ၏ ပျောက်ဆုံးသွားသော ရွှေမြို့တော်ကြီးဟာ ဒဏ္ဍာရီဆန်ဆန် ဇာတ်လမ်းတပုဒ်ဟုဆိုပေမဲ့ အမှန်တကယ် ဖြစ်ရပ်မှန်များသည် တခါတခါ ဒဏ္ဍာရီများထက် ထူးဆန်းအံ့အော ဖွယ်ရာများနှင့် ပြည့်နက် နေသည်ကိုလည်းတွေ့ရသည်။ အိမ်ခြေကိုးသောင်းရှိသော ဥတ္တစောဖြူ၏ ရွှေမြို့တော်ကြီးဟာ သျှမ်းနီလူမျိုးတို့၏ သမိုင်းဦးအစ လို့လည်းပြောလို့ရပေသည်။ မည်သို့ပင်ရှိစေကာမှု စ၀်ဆေဖိခေါ် ကျားဖြူမင်းသာ၏ သားတော်များ တည်ထောင်ခဲ့သော မိန်းကောင်(၀်)၊ မိန်းယမ်း၊ မိန်းမိတ် (စ်) ၀မ်းဆေ၊ လို့ခေါ်တဲ့ မြန်မာလို မိုးကောင်း၊ မိုးညှင်း၊ မိုးမိတ်၊ ၀န်းသို စတဲ့ သျှမ်းမြို့ တို့သည် မြန်မာ့သမိုင်းတွင် နေရာယူလျှက်ရှိနေသည်။
ရှေးလွန်လေပြီးသောအတိတ်နှစ်ပေါင်း (၂၅၀၀)ကျော်၊ဘီစီ(၅၄၄-၅၈၉)ခန့်တွင်ဂေါတမမြတ်စွာဘုရားသခင်သည်အနာဂတ်သာသနာတော်တွင် ဖြစ်ပေါ်တွေ့ကြုံမည့်အရေးမျှော်တွေး သိမြင်တော်မှု သဖြင့်အခါတစ်ပါးသောမဇ္ဈိမဒေသမှညီတော်အာနန္ဒာနှင့်တကွကောင်းကင်ခရီးဖြင့်ဒေသစာရီ ကြွချီတော်မှုရာယခုအင်းတော်ကြီးဖြစ်တည်သည့် ဒေသနှင့်ရွှေမဉ္စူဘုရား တည်ရှိသည့်နေရာ၌ခေတ္တရပ်တန့်ပြီးနာဌာဂီရိတောင် (ဆင်ခေါင်းတောင်) ထိပ်တွင်ရပ်တန့်တော်မှု၏။နောင်အခါအနာဂတ်ကာလ၌အင်းကြီးဖြစ်တည်လတ္တံသောကြောင်းချင်းရာနှင့် ဗုဒ္ဓသာသနာတော်ထွန်းလင်းတောက်ပသည့် ၏ဓါတ်တော်မွေတော်များကိန်းအောင်းတော်မှုရာစေတီတော်ဘုရားတည်ရှိလတ္တံ့သောဗျာဒိတ်စကားမိန့်ကြားတော်မှုခဲ့လေသည်ဆိုသည်။
ရှေးလွန်လေပြီးသောအတိတ်နှစ်ပေါင်း (၂၅၀၀)ကျော်၊ဘီစီ(၅၄၄-၅၈၉)ခန့်တွင်ဂေါတမမြတ်စွာဘုရားသခင်သည်အနာဂတ်သာသနာတော်တွင် ဖြစ်ပေါ်တွေ့ကြုံမည့်အရေးမျှော်တွေး သိမြင်တော်မှု သဖြင့်အခါတစ်ပါးသောမဇ္ဈိမဒေသမှညီတော်အာနန္ဒာနှင့်တကွကောင်းကင်ခရီးဖြင့်ဒေသစာရီ ကြွချီတော်မှုရာယခုအင်းတော်ကြီးဖြစ်တည်သည့် ဒေသနှင့်ရွှေမဉ္စူဘုရား တည်ရှိသည့်နေရာ၌ခေတ္တရပ်တန့်ပြီးနာဌာဂီရိတောင် (ဆင်ခေါင်းတောင်) ထိပ်တွင်ရပ်တန့်တော်မှု၏။နောင်အခါအနာဂတ်ကာလ၌အင်းကြီးဖြစ်တည်လတ္တံသောကြောင်းချင်းရာနှင့် ဗုဒ္ဓသာသနာတော်ထွန်းလင်းတောက်ပသည့် ၏ဓါတ်တော်မွေတော်များကိန်းအောင်းတော်မှုရာစေတီတော်ဘုရားတည်ရှိလတ္တံ့သောဗျာဒိတ်စကားမိန့်ကြားတော်မှုခဲ့လေသည်ဆိုသည်။
မှတ်ချက်။။ဗျာဒိတ်တော်ပေးတော်မှုစဉ်ရပ်တန့်တော်မှုရာ တောင်၏အမည်ကို ရှေးသျှမ်းသမိုင်းမှုများအရအမည်ကွဲများရှိသော်လည်းနာဌာဂီရိ(ဆင်ခေါင်း) တောင်ဟူ၍သာအစဉ်အဆက် မှတ်သားရပေသည်။ (အင်းတော်ကြီးအင်းစပ်မှ ခရီး ၂မိုင်ခန့် မိုင်းနောင်ရွာ ထိုရွာမှခရီး တမိုင်ခွဲခန့်တွင် ဆင်ခေါင်းတောင်ရှိသည်။)
သာသနာတော်သက္ကရာဇ်၂၃၀-ခုနှစ်တွင်နဂါးအမျိုး(၄)မျိုးအကျယ်(၁၁၂၄) မျိုးအနက်ဧရာပတ္တနဂါးမျိုးသားအဖ(၃)ဦးနှင့်နဂါးပေါင်း(၃၈၀၁၂)တို့သည်ဘောဂ၀တီနဂါးပြည်မှ (အိုးသစ်၊အိမ်သစ်၊အင်းသစ်) ရှာရန်ထွက်ခွာခဲ့လေသည်။
သက္ကရာဇ်(၂၆၄)ခုနှစ်တွင်လူဦးရေကိုးသန်းရှိသော(ပစ္စန္တရဂန္မာ) ဂုရုရာဇ်တိုင်းတွင်ထမံသီဟူသော သျှမ်းမျိုးနွယ်များ အိမ်ခြေတစ်သောင်း၊ကျောင်းပေါင်း တစ်ထောင်ရှိသည်ဟုဆိုသည်။ ( ဗုဒ္ဓ အယူဝါဒကျောင်းချင်းမျိုးဟုတ်ဝါဒဘာသာစုံကျောင်းပေါင်းစုံဖြစ်ဖွယ်ရှိသည်။ ဥတ္တရဌာနီ စည်းခမ်းမြို့ ကိုတည်ထောင်တော်မူ၍ ဥတ္တရစောဖြူဆိုသောမင်းတပါး ဆိုးစံလျှက်ရှိသည်။
ဂုရုရာဇ်တိုင်း စည်းခမ်းပြည့်ရှင် ဥတ္တရစောဖြူမင်း၏ သားတော် သမီးတော်များအနက် သားကြီး ဥပရာဇာ သည်။ ( မော်လခေါင် ခေါ် ထမံသီအတတ် Will- Power ” ကိုထူးခြားစွာ တတ်မြောက်သူဖြစ်သည်။ မော်လခေါင် ထမံသီအတတ်ဆိုသည်မှာ လူဆင်စစ်က ကျားဘ၀အဖြစ်သို့ ကူးပြောင်းသွားသော အတတ်ပညာ တမျိုးဖြစ်သည်။ သာမန် ထမံသီလူမျိုးများသည် ကျားဘ၀ဖြစ်သွားပါက ရိုးရိုးကျား အသွင်ဖြစ်ပြီး သားကြီးဥပရာဇာသည် သာမန်တို့ထက် ထူးခြားစွာ ကျားဘ၀တွင် ရိုးရိုးကျားဘ၀မဟုတ်ပဲ ၀ါဂွမ်းကဲ့သို့ စွတ်စွတ်ဖြူသော ကျားဖြူဘ၀ကို ရရှိလေသည်။
ထို့ကြောင့် ထိုမင်းသားကို စ၀်ဆေဖိတ်ဟု သျှမ်းတို့ ခေါ်ဆိုသည်။ စ၀်သည် - အရှင်သခင်၊ ဆေသည် - ကျား၊ ဖိတ်သည် - အဖြူရောင် စ၀်ဆေဖိတ် - အရှင်ကျားဖြူမင်းသား ဟုအဓိပ္ဗါယ်ရရှိသည်။
တနေ့၌ တောဝက်တွေ အုပ်ဖွဲ့တောင်းကျန်း၊ တောင်ယာ၊ လယ်စပါးများကို လာရောက် ဖျက်ဆီးနေပါတယ် ဆိုတဲ့သတင်းကို ရွှေနန်းတော်သို့ ပေါက်ကြား လာလေရာ။ ဒီတောဝက်တွေကို သားတော်ကြီး နှိမ်နှင်းပါ့မယ် ဆိုကာ နောက်လိုက်နောက်လိုက်နောက်ပါး တို့ဖြင့် တောဝက်ရှိရာသွားရောက်ခါ ဥပရာဇာသည် ကျားဖြူဘ၀ဖြင့် တောဝက်များကို လိုက်လံရှာဖွေ သုတ်သင် နှိမ်နှင်းတော့သည်။ ဒီလိုနှင့် တတောင်ဝင် တတောထွက်နဲ့ နယ်ကျွံလာပြီး မှန်ကင်းတောင် သို့ရောက်လာခဲ့လေသည်။ ( ယခုဝန်းသို့မြို့အနီး) မှန်ကင်းတောင်ကနေ ခရီးဆက်ခဲ့ရာ မိန်းသုံ တောင်ထိပ်သို့ ရောက်ရှိလာခဲ့ပေသည်။
မိန်းသုံတောင်ဝန်းကျင်သည် အင်မတန်မှ သာယာလှပပြီး တောင်ထိပ်ပေါ်မှ မျှော်ကြည့်လျှင် အရှေ့ဆီမှ ဧရာဝတီ(နမ့်ကျို)၊ အနောက်ဘက်မှာချင်းတွင်း (နမ့်တာလုံး) မြစ်တို့ တသွင်သွင်တငြိမ့်ငြိမ့် စီးဆင်းနေလေတော့သည်။ ရာသီဥတု အစာအဟာရ အစစအရာရာ သပ္ဗာယ်မျှတနေလေတော့ ဥပရာဇာ စ၀်ဆေဖိတ်ဟာ စည်းခမ်းမြို့တော်သို့ ပြန်ရန်မချင့်မရဲဖြစ်နေလေခိုက်..
မိန်းသုံတောင်ပေါ်မှ ဧရာဝတီမြစ်ကမ်းပါးမှာ လည့်လည်ကျက်စားနေတုန်း မြစ်ကမ်းမှာ ဖောင်တခု ထိုးဆိုက်လာတာ တွေ့လိုက်ရတယ်။ အသေချာ ကြည့်လိုက်တော့.... ဖေါင်ပေါ်မှာ အင်မတန်ချောမော လှပတဲမိန်းကလေး တယောက်...
....“ အို… “နှမငယ်” .....“ တယောက်တည်းပါလား ဖေါင်ပေါ်မှာလည်း မသိုးထမင်း မသိုးဟင်း စားမြိန်ထုပ်တွေလဲ ပါလာလေရဲ့ နှမငယ်”...
မိန်းကလေးသည် အသံလာရာဘက်သို့ စူးစိုက်ကြည့်ပြီး “ဟိုစမ်းဒီစမ်း ဟိုကိုင်ဒီကိုင်” လုပ်နေပုံကိုကြည့်ပြီး စ၀်ဆေဖိတ်က မျက်မမြင်မိန်းကလေးပဲကို.....
ရုပ်ဆင်းကြန်အင် လက္ခဏာ အရတော့ မိန်းကလေးသည် သာမန်လူတန်းစားထဲက မဖြစ်နိုင်၊ အကျိုးအကြောင်း မေးမြန်းစုံစမ်းကြည့်လိုက်တော့...
“ဟုတ်ပါတယ် ဒီလိုမျက်မမြင် အကန်းမလေးမို့ ခမည်းတော်က ရှက်ရွံ့လှတာနဲ့ နန်းတော်မှာ မထားပဲအခုလို ဖောင်နဲ့ မျောလာရတာပါ။ ခမည်းတော်က သတ်ပစ်ဖို့တောင် အမိန့်တော်ပေးထားပြီး မယ်တော် တောင်းပန်လို့ အသက်ချမ်းသာခွင့် ရပြီး အခုလိုဖောင်နဲ့ မျောလာရတာပါ။ ”
...“ ဘ၀၀ဋ်ကြွေးပါပဲ မောင်ကြီးရယ်.... လို့ သနားစဖွယ် ပြန်ပြောပြတယ်။
ထိုခါ စ၀်ဆေဖိတ် မင်းသားက ..... “ ဘ၀၀ဋ်ကြွေး ဒီမှာပဲ အဆုံးသတ်လို့ ဘ၀ဖူးစာ ဒီမှာစတင်ပြီပေါ့..... နှမငယ်ရယ်”….
ဟုဆိုကာ စ၀်ဆေဖိတ်မင်းသားလေးဟာ အကန်းမလေး နန်းမွန်ကို မြင်မြင်ချင်းချစ်ခင် စုံမက်သွားပြီး မိုင်းသုံတောင်ပေါ် ခေါ်လာခဲ့တော့တယ်။ မိုးသုံတောင်ပေါ်က ရတဲ့ နတ်ဆေးမြစ်နဲ့ ချစ်လှစွာသော နန်းမွန်လေးကို ကုသလေတယ်။ ရက်များမကြာမှီ မျက်စိနှစ်ကွင်း လင်းရလို့….
...“ အိုး.. မောင်တော်ရယ် ဒီလောက်လှတဲ့လောကကြီးကို အခုမှပဲ တွေ့မြင်ခွင့်ရတယ်၊.”....
.....“ မောင်တော်ဟာလဲ အင်မတန်ခံ့ညားပြီး ကျက်သရေရှိလိုက်တာ”..
ဒီလိုနဲ့ စ၀်ဆေဖိတ်နဲ့ နန်းမွန်တို့ ပေါင်းသင်းနေထိုင်ရာခဲ့ရာ ရက်လနှစ်တွေကြာလာတာနဲ့ အမျှ သားတော်သုံးပါးတောင် မွေးဖွားကြီးပြင်း လာခဲ့တော့သည်။
ထိုသားတော်သုံးပါး အရွယ်ရောက်လာသောအခါ မိခင်ဘက်မှ ဘိုတော်ထံ အမွေးသွားရောက် တောင်းခံကြရာ ဘိုးတော်မှ ထီးသစ်နန်းသစ်တည်ဖို့ မြေးတော်များကို အတိတ်ကောင်းနိမိတ်ကောင်း အဆောင်ကောင်းများ ပေးသနားတော်မူလိုက်လေသည်။
မြေးကြီးဆုံး ဆေဟုံဖှ(ခွန်ရံ)ကို ဓါးမြှောင်တလက် ချီးမြှင့်ပြီး ဓါးကို လေထဲမြှောက်လိုက်ပါ ဓါးပြန်ကျလာပြီး စိုက်တဲ့နေရာမှာ မြို့တည်ပါ။
မြေအလတ် ဆေကော်ဖှ (ခွန်ကံ) ကို စည်တော်ကြီးတစ်လုံး ချီးမြှင့်လေးသည်။ စည်ကြီး အလိုလိုမြည်တဲ့ နေရာမှာ မြို့တည်ပါ။
မြေးအငယ် ဆေကျန်ဖှ (ခွန်အွမ်)ကိုတော့ ဆင်ကြီးတစ်ကောင်ပေးသနားတော်မှုသည်။ ဆင်ဦးကင်းပေါ် ဗျိုင်းလာနားတဲ့နေရာမှာ မြို့တည်ပါ။
သျှမ်းညီနှောင်သုံးဦးတို့၏ ဘိုးတော်ဖြစ်သည့် ဂနာလရာဇ်တိုင်း- ရွှီရွှမ်ဘုရင်မင်းမြတ်သည် မြေးတော်တို့အား အတိတ်နိမိတ်ကောင်း လက်ဆောင်များနှင့်အတူ နောက်လိုက်နောက်ပါများကိုပါ ထဲ့ပေးလိုက်ပြီး မြို့ရွာများတည်ထောင်ကာ မင်းလုပ်အုပ်ချုပ်စေလေသည်။
ထိုအခါ သျှမ်းညီနောင် သုံးဦးတို့သည် မြို့ရွာများကို အသီးသီး စတင်တည်ထောင် ကြလေတော့သည်။
အကိုအကြီးဆုံးဖြစ်သော် ခွန်ရံက မိန်းမိစ်ခေါ် ဓါးမြောင်မြို့ ၎င်း၊ ညီအလတ်ဖြစ်သော ခွန်ကံက မိန်းကောင်(င်) ခေါ် စည်မြို့တော်ကို၎င်း၊ ညီအငယ်ဆုံး ဖြစ်သော ခွန်အွန်က ဆင်းဦးကင်း ဗျိုင်းနားလို့ မိန်းယန်းခေါ် ဗျိုင်းမြို့တို့၎င်း အသီးသီး တည်ထောင် အုပ်ချုပ်စိုးစံလေရာ မိန်းမိစ်၊ မိန်းကာင်(င်)၊ မိန်းယမ်း၊ ဟု သျှမ်းအဆိုမှ ယနေ့တိုင် မိုးမိတ်၊ မိုးကောင်း၊ မိုးညှင်းဟု မြန်မာ့သမိုင်းတွင် နေရာယူ ထင်ပေါ် ကြော်စော လေတော့သည်။
ထိုသျှမ်းညီနောင် သုံးဦးတည်ခဲ့သော မြို့သုံးမြို့ထက် အစောဆုံးမြို့မှာ ဖခင်ကျားဖြူကြီးနှင့် မိခင်နန်းမွန်တို့ဆုံစည်းရာ သျှမ်းလို့ ၀မ်းဆေ ( ၀မ်းသည်- ကွင်း၊ ဆေသည် - ကျား ။ ၀မ်းဆေ ကျားကွင်မှ ယနေ့တိုင် ၀န်းသိုမြို့ဟုကြော်စောလေသည်။
သက္ကရာဇ်၃၆၀-ခုနှစ်၊ဘီစီ (၁၈၄)တွင် ကျယ်ဝန်းသောအင်းကြီးကိုရေနတ်နဂါးတို့၏ဘုန်းတန်ခိုးဖြင့်ဖွဲ့တည်ခဲ့လေသည်ဟူ၏။
(တောင်မြောက်အလျား(၈)တိုင်၊အရှေ့အနောက်အနံ (၄)တိုင် (ယခုအခေါ်တစ်တိုင်လျှင်နှစ်မိုင်)
ထို့နောက်တဖန် ကျားဖြူးမင်း၏ မွေးရပ်ဇာတိဖြစ်သော ဂုရုရာဇ်တိုင်း ဥတ္တရဌာနီ စည်းခမ်းမြို့ကြီးကို ဘောဂ၀တီ နဂါးပြည်မှနတ်နဂါးများလာရောက်ပြီး (အိုးသစ်အိမ်သစ်) အင်းအိုင်ဖွဲ့တည်ခဲ့ကြသည်ဆိုသောအချက်သည်ရှေးအဆက်ဆက်သောအင်းတော်ကြီးသမိုင်းအရခိုင်လုံစွာရေးဆိုတင်ပြမှတ်တမ်းတင်ခဲ့သည်။
ဂေါတမဘုရားရှင်လက်ထက်တွင်သုနာပရန္တတိုင်းဟူ၍ခေါ်တွင်သောတိုင်းနိုင်ငံ၏မြောက်ဘက်နောင်တွင်ဂုရုရာဇ်တိုင်းဥတ္တရဌာနီ(စိမ့်) တိုင်းဟူ၍အသီးသီးခေါ်တွင်ခဲ့လေသည်။
သာသနာသက္ကရာဇ်၃၆၀-ခု(ဘီစီ-၁၈၄)တွင်ဂုရုရာဇ်တိုင်းဥတ္တရဌာနီစည်းခမ်းမြို့ကြီးကို (ထမံသီ) သျှမ်းလူမျိုးဥတ္တရစောဖြူမင်းတည်ထောင်ပြီးသည်မှနှစ်ပေါင်း ၉၆နှစ်ပြည့်မြောက်သောနှစ်ပေတည်း။
လေးမျိုးသောနဂါးတို့တွင်ဧရာပတ္တနဂါးမျိုးဖြစ်သောနဂါးမင်းသားသည်ဥတ္တရစောဖြူမင်းစိုးစံသောဂုရုရာဇ်တိုင်းဥတ္တဌာနီစည်းခမ်းမြို့ကြီးကို အင်းဖွဲ့ရန်ရွှေတာင်နတ်မင်းကြီး၏ အမိန့်ကိုရရှိသောအခါရေနတ်နဂါးမင်းသားကစဉ်းစားတော်မှုသည်မှာဤထမံသီလူမျိုးများနေထိုင်ပျော်ပါးသောမြို့ကိုငါအင်းဖွဲ့လိုက်သော်တိုင်းနေပြည်သူလူတို့သေကြေပျက်စီးကြတော့မည်၊ထိုသူတို့သေကြေလျင်ငါ၌ပါဏာတိပါတကံထိုက်၍အပါယ်ငရဲ၌ဆင်းရဲကြီးစွာခံစားရလိမ့်မည်။
ဤနေရာကလွဲလျှင်လဲအခြားနေရာကိုငါသဘောမကျမနှစ်သက်ခဲ့၊ဟယ်သို့သော်လည်းဤတိုင်းသူပြည်သားလူအများတို့သည်တရားလည်းမကပ်ကြ၊ကိုယ်ကျင့်သီလမရှိကြငါးပါးသီလကိုတစ်ပါးမျှမတည်အောင်ကိုယ်ကျင့်တရားများအလွန်ပျက်ပြားကြသည်၊နေ့စဉ်ညတိုင်းထိုင်းမှိုင်းတွေဝေ၍ငါးပါးအာရုံကာမဂုဏ်ကိုစုံစုံမက်မက်နှစ်သက်ပျော်ပါးသူသာများလေသည်၊သို့ဖြစ်သည်ကြောင့်အလီလီတွေးဆ၍ညသန်းခေါင်ရံအခါအာကာသကောင်းကင်ယံတွင်နတ်မြင်းပျံစီးပြီးကြီးစွာသောအသံဖြင့်ကြွေးကြော်လေသည်မှာ ( ဤတိုင်းပြည်၌ နေထိုင်ကြကုန်သောအသင်မနုဿ လူသားတို့သည်ရှေ့ခုနှစ်ရက်တိုင်လျှင်သင်တို့တိုင်းပြည်ရေပြင်အတိအင်းကြီးဖြစ်လိမ့်မည်၊ခုနှစ်ရက်မတိုင်ခင်အကြားခရီးဝေးစွာထွက်ခွာ သွားကြကုန်လော့အကယ်၍ မသွားဘဲနေကြလျှင်ရေမွန်းနှစ်၍သေကြကုန်လတ္တံ့ဟုတစ်တိုင်းပြည်လုံးကြားလောက်အောင်သုံးကြိမ်သုံးခါတိုင်တိုင်ကြွေးကြော်လေ၏)
ဤသို့တစ်ပြည်လုံးကြားလောက်အောင်ကြွေးကြော်ပါသော်လည်းတိုင်းသားပြည်သူများဗိုလ်လူတို့၏မကောင်းမှုကံစီမံဖန်တီးသဖြင့်အသက်ကြီးသောမုဆိုးမအဒေါ်အိုတစ်ယောက်အပြင်မည်သူမျှမကြားမသိကြချေ၊နံနက်မိုးလင်းသောအခါအဒေါ်အိုမုဆိုးမကတအိမ်တက်တအိမ်ဆင်းသွားရောက်ပြောကြားသော်လည်းအယုံတရားမရှိကြဘဲအီမုဆိုးမသည်မလှသောမျက်နှာမသာယာသောမျက်ခွက်ဖြင့်ငါတို့အားလိမ်လည်လှည့်ဖြားမဟုတ်မမှန်သောစကားကိုပြောကြားလေသည်။
ငါတို့ဘိုးဘွားမိဘကစ၍ငါတို့လက်ထက်ကျအောင်ဤတိုင်းပြည်နဂရတွင်ထာဝရကြာရှည်စွာနေထိုင်ခဲ့ကြသည်၊ဘယ်အခါဘယ်ကာလမှမကြားစဘူးထူးဆန်းသောအီစကားကိုအဒေါ်အိုမုဆိုးမပြောကြားသည်။ရူးချင်သလားမသိဟုလူစုပြီးပြန်ပြောဆဲရေးဆိုလိုက်ကြကုန်သတည်း၊အဒေါ်အိုကထိုထိုအိမ်ထက်သို့တက်၍တဖန်ဝေးရာသို့ရွေ့ပြောင်းထွက်ခွါသွားကြရန်သည်းခံ၍ ပြောသော်လည်းမိမိအားအရူးအနှမ်းဖြစ်အောင်မာန်ထောင်ဒေါသငေါငေါထ၍အိမ်ထက်မှမောင်းနှင်းခြင်းခံရသောခုနှစ်ရက်မြောက်သော နေ့၌အဒေါ်အိုသည်ဤမြို့ရွာရှိ မိမိဆွေမျိုးညာတိမြေး၊မြစ်များကိုအပါခေါ်ငင်၍ဝေးစွာသောမြို့အနောက်ဘက်တို့ဘထွက်ပြေးကြလေသော်ရေနတ်နဂါးရာဇာကတေဇာကွန့်ဖြိုးနတ်တို့၏တန်ခိုးအားဖြင့်အမျိုးမျိုးသောမိုးလ်းကြီးလေကြီးမြည်ဟီးပြင်းချက်လျပ်တထိန်ထိန်အရှိန်ရဲရဲနှင့်ဝင်းနဲလျှပ်ကနဲမိုးကလည်းသဲသဲမဲမဲရွာချလေသည်။
ထိုအခါမုဆိုးမသည်ကုန်းမောက်သေလာယခုလွဲမွန်ကျေးရွာ၏ဒက္ခိဏာတောင်ဘက်ယခုအဘယဂီရိခေါ်တောင်ကုန်းပေါ်ထက်သို့တက်ပြေး၍လာရင်းမိမိနောက်ကြော (အရှေ့)ဘက်သို့မျှော်ကြည့်လိုက်လျှင်ထမံသီလူမျိုးဥတ္တရစောဖြူမင်း၏ဥတ္တရဌာနီစည်းခမ်းမြို့ကြီးသည်ရေပြင်အတိအင်းကြီးဖြစ်၍ပျောက်ဆုံးနေလေပြီကိုတွေ့မြင်ရလေတော့သည်။
ယနေ့တိုင်ထိုမဆိုမနောက်ကြောဘက်သို့လှည့်မျော်ကြည့်ခဲ့သောနေရာကိုလွိုင်မုင့်တောင်ဟုခေါ်သည်။လွိုင်သည်သျှမ်းလိုတောင်ဟုအဓိပ္ပါယ်၍မှုင့် သည်မျော်သည်ဟုအဓိပ္ပါယ်ရပါသည်။
မုဆိုးမသည်ဥတ္တရဋ္ဌာနီစည်ခမ်းမြို့တွင်မွေးဖွား၍အရွယ်ရောက်သောအခါသျှမ်းကလိမ်းခနီး္တ (ထမံသီ) လူမျိုးတစ်ယောက်နှင့်အိမ်ထောင်ကျလေသည်။လင်ယောက်ျားနောက်သို့လိုက်ပါသွားပြီးနောက်သမီး (မင်းအ ကိုမွေးဖွားပြီးလင်ယောက်ျားသေဆုံးလေသည်၊သမီးမင်းအပ်လည်းအရွယ်ရောက်လျင်အိမ်ထောက်ကျ၍သားကလေး (မောင်သာယ) ကိုမွေဖွားပြီးလင်ယောက်ျားသေဆုံးလေသည်၊မုဆိုးမသည်ထိုမြို့ထိုရွာတွင်ဆွေမျိုးရင်းချာမရှိသဖြင့်သမီးမြေးနှစ်ယောက်နှင့်အတူဥတ္တရဋ္ဌာနီ စည်ခမ်းမြို့သို့ပြန်ရောက်ပြီးနှစ်နှစ်အကြာတွင်ဥတ္တရဋ္ဌာနီစည်ခမ်းမြို့ကြီးအင်းဖြစ်လေတော့သည်။
ယင်း ထမံသီမျိုးဆက်မှဆင်းသက်ပေါက်ဖွားလာပြီး အင်းတော်ကြီး အင်းပြင်ပတွင်သို့ ရောက်ရှိ လွတ်မြောက်သွားသော ထမံသီ လူမျိုးများနေထိုင်သည့်ထမံသီရွာ ဆိုသောနေရာလေးသည်ယနေ့တိုင်ရှိနေပါသေးသည်။
သက္ကရာဇ်၃၆၀-ခုနှစ်၊ဘီစီ (၁၈၄)တွင် ဥတ္တရစောဖြူ၏ ရေဖုံးလွမ်းသွားသော ဧရိယာမှာတောင်မြောက် အလျား(၈)တိုင်၊အရှေ့အနောက်အနံ (၄)တိုင် (ယခုအခေါ်တစ်တိုင်လျှင်နှစ်မိုင်) ကျယ်ဝန်းသော အင်းကြီးကိုရေနတ်နဂါးတို့၏ဘုန်းတန်ခိုးဖြင့်ဖွဲ့တည်ခဲ့လေသည်ဟု ဒေသခံသျှမ်းတို့က ယုံကြလေသည်။
ဤသို့ဖြင့် ဥတ္တရစောဖြူမင်း၏ ပျောက်ဆုံးသွားသော စည်းခမ်း ရွှေမြို့တော်ကြီးသည် ဒေသခံသျှမ်းတို့က လောင်လုံစည်းခမ်းခေါ် အင်တော်ကြီးအိုင်ကြီး၏ ရေအောင်သို့ ရောက်ရှိလေတော့သည်။
ဒေသခံ သျှမ်းနီလူမျိုးတို့သည် ရေအောက်ရောက် စည်းခမ်းမြို့ကြီး အမှန်တကယ်ရှိခဲ့သည်ဟု ယနေတိုင်ယုံကြည်ဆဲ လက်ခံနေဆဲဖြစ်သည်။ သို့ပါ၍ နိုင်ငံတော်မှ နည်းပညာသစ်များဖြင့် ရှာဖွေ သုတေသန မှတ်တမ်းတင်ယူပေး နိုင်ပါက သျှမ်းလူမျိုးတို့၏ သမိုင်းသည်၎င်း မြန်မာ့သမိုင်းသည်၎င်း ကမ္ဘာပေါ်ဝယ် အထင်ရှားမည်ဖြစ်သည်ဟု ယုံကြည်ပါသည်။ ချစ်သောစာဖတ် ပရိသတ်များအား လေးစားလျှက် .... ကျားပေါက်
***အင်းတော်ကြီး၏အံ့ဘွယ်ကိုးပါး***
ဒေသခံ သျှမ်းနီလူမျိုးတို့သည် ရေအောက်ရောက် စည်းခမ်းမြို့ကြီး အမှန်တကယ်ရှိခဲ့သည်ဟု ယနေတိုင်ယုံကြည်ဆဲ လက်ခံနေဆဲဖြစ်သည်။ သို့ပါ၍ နိုင်ငံတော်မှ နည်းပညာသစ်များဖြင့် ရှာဖွေ သုတေသန မှတ်တမ်းတင်ယူပေး နိုင်ပါက သျှမ်းလူမျိုးတို့၏ သမိုင်းသည်၎င်း မြန်မာ့သမိုင်းသည်၎င်း ကမ္ဘာပေါ်ဝယ် အထင်ရှားမည်ဖြစ်သည်ဟု ယုံကြည်ပါသည်။ ချစ်သောစာဖတ် ပရိသတ်များအား လေးစားလျှက် .... ကျားပေါက်
***အင်းတော်ကြီး၏အံ့ဘွယ်ကိုးပါး***
အင်းတော်ကြီးသည်မြန်မာပြည်တွင်အကြီးဆုံးအင်းဖြစ်သည်၊
(၁) အလျား၈-တိုင်၊အနံ၎-တိုင်၊ကျယ်ဝန်းသောကြောင့်တပါး၊
(၂) အနောဒတ္ထအိုင်ကဲ့သို့အလွန်ရေသန့်ရှင်းသောကြောင့်တပါး၊
(၃) အလွန်ကျယ်ဝန်းသောအင်းဖြစ်သော်လည်းအင်းထဲတွင်ဆိုးဝါးသောမိကျောင်းစသောငါးကြီးတို့ကိုမဆိုးဝါးရအောင်အင်းတော်ကြီးအရှင်ထိန်းသိမ်းခြင်းကြောင့်အံ့ဘွယ်တပါး၊
(၄)-အင်းကြီးထဲတွင်မတော်တဆလူတို့ကျသေဆုံးရသော
လည်းအနာအဆာမရှိငါးကြီးများလည်းအစားဘဲကမ်းစပ်ရောက်အောင်လိုင်းပိုတ်ခတ်တင်ပေးခြင်း၊
(၅- အင်းနားတွင်ရွှေကျင်သော်ရွှေများရရှိခြင်း၊
(၆)-အမိုက်သရိုက်များကိုအင်းထဲတွင်မရှိရအောင်နေ့စဉ်ညတိုင်းကမ်းသို့အရောက်လှိုင်းပုတ်ခတ်တင်ပေးခြင်း၊
(ရ)-တစ်နှစ်သုံးကြိမ်ကျသားမက်တော်နန့်တိန်းအရှင်ကြီးကယောက္ခမတော်အရှင်ကြီးထံသို့ရေပြောင်းပြန်ဆန်တက်ကန်တော့ခြင်း၊
(၈) -စစ်တိုက်ရာပါချောင်းများကိုအင်းကြီးထဲသို့သန့်ရှင်းစွာဝင်ခွင့်ပြုခြင်း၊
(၉) -နှစ်စဉ်နှစ်တိုင်းတန်ဆောင်မုန်းလကစ၍ပြာသိုလအထိအင်းထဲရှိငါးများကိုအင်းတော်ကြီးတောင်ပိုင်းအခြားအကွာ (၈)မိုင်ဘုရားကြီးအထိလွဲအိမ်တောင်အရှင်ကြီးကအင်းထဲရှိငါးများကိုဆေးခပ်ခြင်း၊တို့ဖြစ်သည်း
ဌာနေသျှမ်းတို့သည် ရေအလယ်တွင်ရွှေမဉ္စူ ခေါ် စေတီတော် ကို တည်ထားကိုးကွယ်ကြသည်။ဤရွှေမဉ္စူစေတီတော် (ရေလယ်ဘုရား) သည်။ဥတ္တရစောဖြူမင်း၏ပျောက်ဆုံးနေသော ရွှေမြို့တော်၏တည်နေရာဖြစ်သလို မိုးကောင်း၊ မိုးကောင်း၊ မိုးညှင်း၊ မိုးမိတ် မြို့တည် သျှမ်းညီနောင်သုံးဦးတို့၏ ဖခင် စ၀်ဆေဖိတ်ခေါ် ကျားဖြူမင်းသား မွေးဖွားကြီးပြင် ဒေသလည်းဖြစ်သည်။ ထိုဒေသရှိ သျှမ်းမျိုးနွယ်များကို သျှမ်းနီဟုခေါ်ဆိုကြရာ ယင်းသျှမ်းနီတို့၏ ညီရင်းအကို ဆွေးရင်းမျိုးခြာများမှာ ထမံသီသျှမ်းနှင့် “ ခန္တီးသျှမ်း ” တို့ပင်ဖြစ်ပါတော့သည်။
**တပေါင်းလပွဲတော်ခါရွှမဉ္စူသို့**
အင်းရေညိုရစ်ဝိုင်းလို့
တံတိုင်းကအပြာခံ
မားမတ်ပျော်စံ
ရွှေပေါင်းငယ်ရံကြယ်ခြံတဲ့လ၀န်း
ပုထိုးစေတီဂူတို့
ရွှေမဉ္စူကာရံကာညွတ်တယ်
လူလွတ်နတ်ကျွန်း။
မြူမင်းလွင်ကြွေလောင်းတဲ့
တပေါင်းလပွဲတော်ခါ
ကြွေးကြော်ခြိမ့်ညာ
သဲခုံကသာရေပြာကအေး
အမောပြေတထောက်နားလို့
ဘုရားဆီရင်ပြင်ဆိုက်အောင်
လိုက်ခဲ့ပါ့လေး
ကျွန်းလယ်ခေါင်သောင်ဦးက
ကြာဖူးထွဋ်သဲသောင်ခုံခြည်းမီပြန်တုံ
လူမျိုးကစုံခိုလူံသည့်ပြည့်ကြမ်း
မောင်လဲသဒ္ဒါဝေ၍မယ်လဲသဒ္ဒါဝေ၍
သည်အင်းမြေငွေသောင်ပြန့်မှာဖူးအံ့မခန်း
ရေး(ဗန်းမော်ညိုနွဲ့)
မြန်မာ့စွယ်စုံကျမ်း၌အကြီးဆုံးသောအင်းသည်အလျား-၁၄မိုင်၊အနံ-ရမိုင်ရှိသောအင်းသည်မိုးကောင်းချောင်းဖျားခံရာ၌ရှိပေသည်ဟုဆိုလေသည်မျက်မှောက်ကာလအတွေးခေါ်မြော်မြင်ရေး(သမိုင်းဗေဒကိုဆန့်ကျင်၍) ယုတ္တိဗေဒညာရှင်တချို့ကဆိုလေသည်။
သမိုင်းဆိုသည်အငြင်းပွားမူလမ်းကြောင်းကိုဖြတ်သန်းလာစမြဲဖြစ်သည်။မြေဆီလွာပြတ်ရွှေ့ခြင်းကြောင့်သော်လည်းကောင်း၊သဘာဝတောတောင်ရေမြေတို့၏ဖြစ်ပျက်ပြောင်းလည်းခြင်းဖြင့်သော်လည်းကောင်းမည်တို့ပင်ဖြစ်စေကာမူထူးဆန်းအံ့သြဖွယ်ရာများဖြင့်ပြည့်စုံနေသောအင်းကြီးထိုအင်းကြီး၏ အလယ်တွင်ရွှေမဉ္စူစေတီတော် (ရေလယ်ဘုရား) တည်ထားကိုးကွယ်ကြသည်။ ထင်ပေါ်ကျော်စောတန်းခိုးကြီးသောစေတီတော်ဘုရားတဆူလည်းဖြစ်လေသည်။
အင်းတော်ကြီးအိုင်သည်၊ မိုးကောင်းချောင်းဖျားခံရာ၌ရှိပေသည်၊အင်း(အိုင်) ရေပြင်သည်စတုရန်းမိုင် (၁၀၀)ခန့်မျှရှိလေသည်အင်၏ဘေးပတ်လည်အရှေ့ဖက်တွင်မိုးကောင်းမြို့နယ်အထိ၊အရှေ့တောင် ဘက်တွင်ဟိုပင်- မိုးညှင်းကကျော်တောင်ကြားအထိ တောင်ဘက်တွင်စစ်ကိုင်းတိုင်း (ဟုမ္မလင်းမြို့နယ်) မံစီကြီးအထိအနောက်ဘက်မြောက်ဘက်တွင်ကာမိုင်းမြို့နယ်ထိအကျယ်ဝန်းစတုရန်းမိုင် (*** ) ခန့်အ၀န်းတခုလုံးကိုအင်းတော်ကြီးဒေသဟူ၍လည်းကောင်းယခုအခါ မိုးညှင်းမြို့နယ်၏နယ်မြေအမှတ် (၅) ဒေသဟူ၍လည်းကောင်းအသိအမှတ်ပြုခေါ်တွင်သည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်အထက်ပိုင်း (ကချင်ပြည်နယ်တောင်ပိုင်း) အလယ်ရိုးမတောင်တန်းတွင်ပါဝင်သောတောင်ကုန်းတောင်တန်းတို့ဖြင့်အင်းတောကြီးဒေသကိုဝန်းရံပတ်ဝိုင်းထားလေသည်၊မြင်မားမတ်စောက်သောတောင်ကုန်းတောင်တန်းများတည်ရှိသည်အလယ်ရိုးမတစ်ကြောတွင်အမြင့်ဆုံးဒေသဟုဆိုဘွယ်ဖြစ်သည်။
တောင်ပေါ်ပင်လယ်လေးဟုပင် တင်စားခေါ်ဝေါ်ခဲ့ကြလေသည်။ရေချောင်းစီးဆင်းရာရေလဲတို့သည်၊မြောက်ဖက်သို့ (ပြောင်းပြန်)စီးဆင်းသည်၊အင်းတောင်ဖက်ရှိသော၊ဆင်ခေါင်းတောင်၊ကန့်လန့်ကာ (လောခွန်း) တောင်တို့မှစီးဆင်းသောချောင်းရေသည်၊တောင်ဖက်မော်ဟန်၊မိုးညှင်း(နန့်ရင်းချောင်း)သို့စီးဆင်း၍မြောက်ဖက်၌အင်တော်ကြီး (အင်း)သို့စီးဆင်းသည်၊အင်းအနောက်ဖက်ရှိသောနန့်စတုံး (၁၂၂၆)တောင်နှင့်ဒုတိယကမ္ဘာစစ်ကာလမှယနေ့တိုင်မှန်ပြတောင်ဟူ၍အမည်တွင်ခဲ့သော (၁၇၇၈)တောင်တို့မှစီးဆင်းသောချောင်းရေသည်အနောက်ဖက်၌အင်းတော်ကြီး (အင်း) သို့စီးဆင်း၏အင်းတော်ကြီး (အိုင်)မှလည်းလောင်း(ခေါ်) စည်ခမ်းချောင်းသည်မြောက်ဖက်ပြောင်ပြန်) စီးဆင်း၍မိုးကောင်းမြို့အနီးမိုးကောင်းချောင်း (နန့်ကောင်း)နှင့်ဆုံသည်၊မိုးကောင်း(နန့်ကောင်း)ချောင်းသည်ဧရာဝတီမြစ်သို့စီးဆင်းသည်။
အင်းတော်ကြီးအင်းဘေးပတ်လည်၌“ရှေးနှစ်” ရာစုများစွာကတည်းကလူနေ (မြို့ရွာ) များတည်ရှိခြင်းထင်ရှားသည်၊သာဓကအားဖြင့်ယခုမမုံကိုင်ရွာတောင်ဘက်ရှိမြို့ဟောင်းကုန်းဆိုသောအရပ်၌အရေတွက်မခန့်မှန်းနိုင်သောမြို့ဟောင်းတံတိုင်းယနေ့တိုင်တည်ရှိနေသည်။
မမုံကိုင်၊မိုင်းနောင်ကြားမော်တော်ကားလမ်းဘေးရှိရှေးဟောင်းဘုရာစေတီပျက်တစ်စဆူသည်သီရိဓမ္မာသောကမင်းတည်သောစေတီပျက်တော်ပေါင်း (၈၄၀၀) အနက်တစ်ဆူအပါဝင်( ခိုင်လုံသောသမိုင်းအထောက်အထားမရှိသော) ဖြစ်သည်ဟုရှေးဘိုးဘေးဘီဘင်များအဆိုအရသိရ၏၊ဤကဲ့သို့သမိုင်းအထောက်ထားကင်းမဲ့နေသောစေတီတော်ပျက်များအင်းဘေးပတ်လည်၌၀မ်းနည်းဖွယ်ရာအများအပြားတွေ့နိုင်သည်။ အာသောကမင်းသည်အဘိသိတ်မခံမီ (၄) နှစ်ဘိသိတ်ခံပြီး (၄) နှစ်သာသနာသက္ကရာဇ် (၂၁၈)၊ဘီစီ (၃၂၆) တွင်၈၄၀၀၀သောမြို့နိုင်ငံတို့၌၉၆-ကုဋေသောအဿပြာတို့ဖြင့်စေတီတောကျောင်းတော်များတည်ခဲ့သည်၊။
ဤသည်ကားမြို့ဟောင်းနှင့်ဆက်စပ်တွေးခေါ်နိုင်ဖွယ်ရှိသေားသာဓကတစ်ရပ်တင်ပြခြင်းသာဖြစ်သည်၊သို့ရာ၌ အင်းအိုင်ဖြစ်ပေါ်လာသည်ထက်စောနေသည်ကိုလည်း သိရှိရသည်။
အေဒီ၁၉ - ရာစုကုန်းဘောင် (မြန်မာ) မင်းများလက်ထက်လူနေမှုမှတ်တမ်းတင်ရချိန်၌သျှမ်းနီ (တိုင်းလျဲန်) ကချင်နှင့်မြန်မာသွေးရင်းသားရင်များ(မြောက်များစွာ) တို့နေထိုင်ခဲ့လေသည်၊အချင်းချင်းယုံကြည်လေးစားရင်းနှီးခဲ့ကြ၏၊ထိုစဉ်၌အင်းတော်ကြီးဒေသသည်မိုးကောင်းမြို့စီရင်စု (စော်ဘွား) လက်အောက်ခံတွင်ပေါမိုင်းနယ် (၄)နယ်နှင့် (၂)ဋ္ဌာနဟုနယ်နမိတ်သတ်မှတ်ထားခဲ့လေသည်။
ဤသို့တွင်
၁။မိုင်းပင်း (ကုမမုံ) ပေါမိုင်း
၂။စည်းခမ်း (လွဲမွန်) ပေါမိုင်း
၃။ငွန်းဇင်း (နမ့်ဖေါင်းဇင်) ပေါမိုင်း
၎။မောက်တောင်း (ဟဲပန်) ပေါမိုင်းနှင့် (၁)မပြင်တဋ္ဌာန (၂)လောဆွန်တစ်ဋ္ဌာဖြစ်သည်၊အချုပ်အားဖြင့် (၄) ခရိုင် (၆)ဋ္ဌာနဟူ၍နယ်အားဖြင့်ခွဲခြားသတ်မှတ်ခေါ်ဆိုခဲ့သည်။
ပေါမိုင်း သို့မဟုတ် ပေါ်မိန်း ဟူသည်ရှမ်းဘာသာအခေါ်ဖြစ်၏မြန်မာလို ပြန်သောပေါ် - ဖေ၊ မိန်း- မြို့ ၊ မြို့အရှင်သခင် (သူကြီး) ဟူ၍အဓိပ္ပါယ်ရသည်။
အင်းတော်ကြီးဒေသလူနေမှုအစဉ်အလာနှင့်အုပ်ချုပ်မှုသမိုင်းမှတ်တမ်းများတင်ရချိန်၌အေဒီ(၂၀) ရာစုနှစ်မတိုင်မှီ ရှေးရာစုနုစ်အတန်ကြာကာလတွင်သျှမ်းနီ (တိုင်းလျဲန်) တို့သည်မြေပြန့် (အင်းဘေး ) ဒေသတွင် လည်းကောင်း၊ကချင်(ဂျိမ်းဖေါ) တို့သည်တောင်ပေါ်(တောင်တန်း) ဒေသတွင်လည်းကောင်း၊အခြေချနေထိုင်ခဲ့လေသည်။ သာဓကအားဖြင့်ရှေးနှစ်ပေါင်းရာစုများစွာမှအင်းလေး၌ နေလာခဲ့သည်ဆိုသောတံငါအဖိုးကြီးတစ်ဦး၏အမည်ကိုသျှမ်းတို့က“ပူတွတ်လား” ဖိုးတွတ်လားဟူ၍၎င်း၊အင်းတော်ကြီးမြောက်ဖက်တွင်မြင့်မားမတ်စောက်သော တောင်တစ်လုံး၏အမည်ကိုကချင်တို့က“က၀ါပွန်” အဖေတောင်ဟူ၍၎င်းယနေ့တိုင်အမည်တွင်ခေါ်ဝေါ်လျက်ရှိလေသည်။
ရှေးယခင်ကသျှမ်းနီ(တိုင်းလျဲန်) တို့၏အခြေချနေထိုင်ရာဤအင်းတော်ကြီးဒေသ၌သျှမ်းနီစာပေကျမ်းဂန်များထွန်းကား ပေါက်မြောက်ခဲ့ရာတွင် (ပုရပိုက်၊ပေရွက်) ပေထက်အက္ခရာသျှမ်းနီစာများကိုယနေ့တိုင်တွေ့မြင်နိုင်သေးသည်။
သို့ရာတွင်ယနေ့အခါ၌သျှမ်းနီ (တိုင်းလျဲန်)စာပေသင်ကြားလေ့လာတတ်မြောက်သူမရှိသလောက်ရှားပါးလှသည်ကိုသျှမ်းနီလောက၌အထင်အရှားပင်ဖြစ်လေသည်။
အင်းတော်ကြီးအင်း (အိုင်) သည်ယေဘူယျအားဖြင့်အလျား (၁၆-မိုင်) အနံ(၈-မိုင်) မိုးကောင်းချောင်း (နန့်ကောင်းချောင်း)ဖျားခံရာဒေသလည်းဖြစ်သည်။
စတုရန်းမိုင်-၁၀၀ခန့်ရှိသည်မိုးညှင်းမြို့နယ်၏အမှတ်(၅)ဒေသဟူ၍လည်းကောင်းအသိမှတ်ပြုခေါ်တွင်လေသည်။
နေလင်း အင်းတော်ကြီး-
- အင်းတော်ကြီးသမိုင်းမှတ်တိုင်များမှထုတ်နုတ်သင်ပြလိုက်ရပါသည်။
ရွှေမဥူစေတီတော်(ရေလယ်ဘုရား) တည်တော်မှုခြင်း။သဘာဝအလျှောက်ဖြစ်တည်ဖန်တီးထားသောသဲသောင်ခုံသောင်ပြင်ဖြစ်သည်။မြောက်ဘက်သောင်ပြင်ခုံသည်အင်းစပ်မှရွှမဥူစေတီတော်တည်ရှိရာထိရှည်လျားစွာတည်ရှိလေသည်။
ကမ္ဘာ့အကြီးဆုံးရေကန်ကတော့ကက်စ်ပီယန်ပင်လယ်ပဲဖြစ်ပါတယ်။အီရန်နဲ့ရုရှဓနသဟာယနိုင်ငံနှစ်နိုင်ငံကြားမှာရှိပါတယ်။ပင်လယ်လို့ခေါ်ပေမယ်သူကသမုဒ္ဒရာနဲ့ဆက်စပ်မနေဘူး။ဒါပေမယ့်ကုန်းတွင်းမှာတည်ရှိနေတဲ့ဧရာမရေကန်ကြီးဖြစ်ပါတယ်။
အနာဂတ်သျှမ်းလူငယ်များမိမိအမျိုး၊ဘာသာ၊သာသနာကိုကာကွယ်ထိမ်းသိမ်းစောင့်ရှောက်ရင်အချင်းချင်းရိုင်းပင်ကူညီလက်တွဲလုပ်ကိုင်နိုင်ကြပါစေ။
အင်းတော်ကြီးအလှနှင့် (လေါင်လုံစည်ခမ်း) (သို့မဟုတ်) ရွှေမဉ္စူရေလယ်ဘုရား တည်ဆောက်ခြင်း ဆက်ရန်….